တရားရုံးတွေရဲ့စီရင်ချက်မှန်ဖို့၊ကောင်းဖို့ကရှေ့နေအပေါ်မှာလည်းအဓိကကျတယ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အာသာဖယ်ရာရဲ့စီရင်ချက်တွေဖတ်ဖူးတယ် ။ 

အာသာဖယ်ရာရေးထားတဲ့စီရင်ထုံးတခုမှာမြန်မာလူမျိုးတွေသေတမ်းစာလုပ်ခွင့်ရှိ - မရှိ ရေးထားတဲ့ စီရင်ထုံးကောင်းပါတယ်။

သူဘယ်မှာရုံးထိုင်တယ်ထင်သလဲ ။  Camp ထောက်ကြန့်လို့ ရေးထားတယ်။

အဲဒီပုဂ္ဂိုလ်ကစစ်ဗိုလ်ဖြစ်ပါတယ် ။ရေးတဲ့စီရင်ချက်ကအဆင့်မြင့်ပါတယ်။


တရားရုံးတွေရဲ့စီရင်ချက်မှန်ဖို့ ၊ကောင်းဖို့ကရှေ့နေအပေါ်မှာလည်းအဓိကကျတယ်။

ရှေ့နေကဥပဒေတွေ၊စီရင်ထုံးတွေရှာဖွေစုဆောင်းတင်ပြနိုင်မှစီရင်ချက်ကောင်းတွေထွက်လာတယ်။


အောက်မြန်မာပြည်မှာ  Judicial Commissioner ကို ၁၈၇၂ ခုနှစ်က စတည်ထောင်တယ် ။ 

အနှစ် ( ၅၀ ) ကြာမှ High Court လို့ ပေါ်ပေါက်လာတယ် ။ ၁၉၂၂ ခုနှစ်ဖြစ်တယ် ။ 

 Judicial Commissioner နဲ့  High Court ဘာကွာလဲ ။ 

 Judicial Commissioner က အတောင်အလက်မစုံသေးဘူး ။ High Court ကျမှ အတောင်အလက်စုံတာ ။ 

Judicial Commissioner ကို ဘုရင်ခံချုပ်က ခန့်တာဖြစ်တယ် ။ 

High Court Judge ကိုတော့ ဘုရင်ကိုယ်တိုင် တိုက်ရိုက်ခန့်တယ် ။ 

လွှတ်တော်ပေါ်လာတော့ High Court Judge တွေ ခန့်လို့ရပြီ ။ 

ဘုရင်က စာချွန် ( Letters Patent ) နဲ့ ခန့်ရတယ် ။ 

Letters Patent ကို ဖတ်ချင်ရင် High Court Office Manual မှာ ရှာဖတ်ပါ ။ 

၁၈၇၂ ခုနှစ်ကနေ ၁၉၂၂ ခုနှစ်ထိ အနှစ် ( ၅၀ ) ကြာမှ High Court Judge တွေ ခန့်ရတာလဲ လေ့လာကြည့်တော့ ရှေ့နေတွေ အဆင့်အတန်းမမီသေးလို့ စောင့်နေတာလို့ပြောတယ် ။ 

ဒါကြောင့် ရှေ့နေတွေ အဆင့်အတန်းမီဖို့ အရေးကြီးတာပေါ့ ။ 

ဒေါက်တာအေးမောင်လို ရှေ့နေတွေ အမှုတိုင်းလိုက်ရင် စီရင်ချက်တိုင်း စီရင်ထုံးတွေဖြစ်မှာပေါ့ ။ 

စပ်မိလို့ပြောရဦးမယ် ။


ဦးချန်ထွန်းက Leading Cases on Buddhist Law စာအုပ်တအုပ်ထွက်တယ်။

 အင်္ဂလန်သွားပြီး Barrister at Law သွားဖြေတော့အင်္ဂလိပ်တွေကတောင်လိုက်မမီဘူးဆိုပဲ။

 တော်လွန်းအားကြီးလို့ ဝိတိုရိယဘုရင်မကြီးကိုယ်တိုင်ခေါ်တွေ့ပြီး congratulate လုပ်ရတယ်ဆိုပဲ။

ဦးသိန်းမောင်သေတော့ဒေါက်တာထင်အောင်က Nation သတင်းစာမှာဦးသိန်းမောင်လဲအတော် တော်တဲ့လူလို့ ရေးခဲ့တယ်ပြောတယ်။ 

ဦးသိန်းမောင်က Barrister at Law နဲ့  L L.  B.  နှစ်ခုလုံးဖြေလိုက်လို့အာရုံနှစ်ခုဖြစ်သွားပြီးနည်းနည်းအမှတ်နည်းသွားတယ်လို့ဒေါက်တာထင်အောင်ကပြောဖူးတယ်။

 အားကျကြစမ်းပါ ။ မြန်မာလူမျိုးတွေ မညံ့ပါဘူး။

Bar က တော်မှစီရင်ချက်ကောင်းတွေထွက်မယ်။


ဦးမေအောင်ဟာအင်မတန်တော်တဲ့လူ။

အင်္ဂလိပ်တရားသူကြီးတွေအားလုံးကသူ့ရဲ့ မြန်မာ့ဓလေ့ထုံးဥပဒေစာအုပ်ကိုမလွတ်တမ်းဖတ်ရတယ်။

ဦးမေအောင်လဲ High Court Judge ဖြစ်ခဲ့တာပဲ။

သူက အဲဒီကနေထွက်ပြီးတော့ ကျပ် ၅၀၀၀ စား Home Minister သွားလုပ်တယ် ။


K.  C  Lawyer ( King 's Council Lawyer ) လို့ ခေါ်တယ်ဂဠုန်ဦးစောအမှုတုန်းကသူ့ကိုခေါ်ရတာ။

 K. C Lawyer ဆိုတာ Barrister at Law ရဲ့ အထက်မှာ ရှိတယ်။

အမှုသေးကို လိုက်ခွင့်မရှိဘူး ။ ဆရာတို့ မြန်မာပြည်မှာ တယောက်ပဲ ရှိဖူးတယ်။

ဘုရင်မ နန်းတက်ရင်တော့ Q .  C (  Queen ' s Council Lawyer ) လို့ ခေါ်တယ်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ