ဆရာအလုပ်စဝင်တော့

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

ဆရာအလုပ်စဝင်တော့  Burma Judicial Service ( senior branch ) ကနေစပြီး အလုပ်ဝင်တယ် ။

 သိပ်အထင်မကြီးပါနဲ့ ။ တရားမမှုမှာ ကျပ် ၅၀၀၀ အထိပဲ စီရင်ပိုင်ခွင့်ရှိတယ် ။ 

ရာဇဝတ်မှုမှာကျတော့ B. L အောင်လို့ ဒုတိယတန်းအာဏာရတယ် ။ 

Departmental Examination ကို ( ၈ ) ဘာသာဖြေရတယ် ။ 

တဘာသာအနည်းဆုံး ( ၄၀ ) ရပြီး ပျှမ်းမျှအမှတ် ( ၆၀ ) ရမှ အမြဲတမ်းရာထူးကိုရတယ် ။ 

အမြဲတမ်းရာထူးရမှ First Class ရာထူးရတယ်။

အလုပ်ထဲစဝင်ကာစကအမှုတွေဆုံးဖြတ်ရင်နှစ်ဖက်သက်သေခံချက်တွေကိုကြည့်လိုက်ရုံနဲ့ တဖက်ဖက်ကသာရမှာပေါ့လို့အလွယ်တကူထင်မိတယ် ။ 

စာမေးပွဲကို ဂုဏ်ထူးပေါင်းများစွာနဲ့ အောင်ခဲ့သော်လည်း တကယ်လက်တွေ့လုပ်တော့ မလွယ်ဘူးဆိုတာ သိလာတယ်။

တရားမမှုကျတော့ပိုခက်တာပေါ့။

အမိန့်ချအဆင့်ဆိုတိုင်းရှေ့ကလူစစ်သွားတာအမိန့်ချမယ့်အဆင့်ရောက်နေတာပါ။အမှုကလွယ်ကူပြီးရှင်းနေရင်အပြင်မှာပဲပြီးမှာပေါ့လို့အထက်တရားသူကြီးကပြောတယ်။ကော်စရာကပ်စရာတွေရှိလို့တရားရုံးကိုအမှုရောက်တာပေါ့။အမှန်ကိုဆုံးဖြတ်နိုင်ဖို့ကတရားသူကြီးရဲ့အရည်အချင်းပဲလို့အထက်အရာရှိကပြောတယ်။အထက်အရာရှိကရုံးအုပ်ကြီးကိုခေါ်ပြီးဒီဝန်ထောက်မင်းကိုဦးစံမောင်စီရင်ချက်ရေးတဲ့အမှုတွဲ ( ၆ ) ခုလောက်ယူပေးလိုက်ပါလို့ပြောတယ်။

ဦးစံမောင်ဆိုတာအင်မတန်တော်တဲ့လူ။

ICS (  Indian Civil Service )ကနေမြန်မာပြည်လွတ်လပ်ရေးရတော့High Court Judgeဖြစ်သွားတဲ့သူပေါ့။

အမှုတွဲထိန်းကိုရာဇဝတ်မှုတွေလည်းကြည့်ချင်တယ်ပြောတော့၊ရာဇဝတ်မှုဆိုတာ တရားမအမှုတွဲလိုရာသက်ပန်သိမ်းထားလို့မရဘူး။အချိန်စေ့ရင်ဖျက်ဆီးပစ်ရတာမျိုးပါ။သို့သော်လည်းအမှုတွဲထိန်းတော်လို့မဖျက်ဆီးဘဲထားတဲ့ရာဇဝတ်အမှုတွဲ ( ၂၀ )လောက်ရလိုက်တယ်။အဲဒီအမှုတွေထဲမှာဆရာစံသူပုန်နဲ့တခေတ်ထဲပေါ်ခဲ့တဲ့ သူပုန်ကြီးဦးထော့ကျိုးရဲ့အမှုတွဲလည်းတွေ့ရတယ်။အဲဒီအမှုတွဲတွေကိုဖတ်ကြည့်တော့မှသက်သေထွက်ချက်တွေကိုဘယ်လိုသုံးသပ်သလဲဆိုတာစပြီးသိခွင့်ရတယ်။

 I C S ဦးစံမောင်ကစီရင်ချက်ကိုဘယ်လိုရေးသလဲ။တရားလိုရှေ့နေကအောက်ပါစီရင်ထုံးများကိုတင်ပြသည်။တရားပြိုင်ရှေ့နေကအောက်ပါစီရင်ထုံးများကိုတင်ပြသည်။ကျွန်တော်ရှာဖွေတွေ့ရှိသောစီရင်ထုံးများမှာအောက်ပါအတိုင်းဖြစ်သည် ဆိုပြီးရေးပါတယ်။အင်မတန်တော်တဲ့ပုဂ္ဂိုလ်ပါပဲ။

နှစ်ဖက်ရှေ့နေတင်ပြတာမကပဲ၊တရားသူကြီးကိုယ်တိုင်ကလည်းကြိုးပမ်းအားထုတ်မှုပြုတယ်ဆိုတာသိသာထင်ရှားတယ်။သူရေးတဲ့စီရင်ချက်တွေကြည့်ပြီးမှ"ဪ... စီရင်ချက်ဆိုတာဒီလိုရေးရတာပါလား"ဆိုပြီးသိလာတယ်။

စီရင်ချက်ရေးရင်အောက်ပါတို့ကိုလိုက်နာပါ။

( ၁ ) နှစ်ဖက်အငြင်းမပွားသောအချက် ( Common Ground ) ကိုအရင်ရှာပါ 

( ၂ ) probability ကိုကြည့်ရလိမ့်မယ် 

ရာဇဝတ်မှုနဲ့မတူတာကိုပြောပြမယ် ။ ရာဇဝတ်မှုကတော့  beyond the reasonable doubt  အပြစ်ရှိတယ်ဆိုတာ သံသယလုံးဝမရှိသည်အထိ စဉ်းစားပြီးမှ အပြစ်ပေးရတာ ။ 

တရားမကျတော့ ဒီလိုမဟုတ်ပြန်ဘူး ။ ငြင်းချက်တွေ အများကြီး ၊ ငြင်းချက်တချို့ကို တရားလိုကနိုင်လိုက် ၊ ငြင်းချက်တခုတလေ တရားပြိုင်ကနိုင်လိုက် ဖြစ်တတ်တယ် ။ 

တရားမကျတော့ issue ပေါ်မူတည်ပြီး burden of proff က ပြောင်းနေတယ် ။

 တရားမမှုတွေမှာ probability ပေါ်မူတည်ပြီး ဆုံးဖြတ်ရတယ် ။ 

ဦးစံမောင်ကရေးတယ် ။  balance of probability  အလေးသာတဲ့ဖက်က နိုင်စတမ်းလို့ရေးပါတယ် ။

တရားမမှုတွင်သက်သေပြရမည့်တာဝန်နှင့်ပတ်သက်၍တရားလွှတ်တော်ချုပ် တရားသူကြီးဦးသိမ်းမောင်နှင့်တရားဝန်ကြီးဦးစံမောင်တို့ဆုံးဖြတ်ခဲ့သည့်"မတင်တင် နှင့် ဒေါ်ကံရှိ၊၁၉၄၈မတစ၅၈၂"အမှုကိုကြည့်ပါ။ယင်းအမှုတွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-

"နှစ်ဦးနှစ်ဖက်မှပြသောသက်သေများသည်အပြိုင်အဆိုင်ဖြစ်နေကြရာအမှုကိုမှန်ရာရောက်အောင်မည်သည့်နည်းနှင့်ဆုံးဖြတ်ရမည်နည်း။ဤအချက်နှင့်စပ်လျဉ်း၍ပရီဗီကောင်စီ၏လွှတ်တော်က"ရီဒဗလျူဒေဝိစ် နှင့် မောင်ရွှေကို ၊  I.  A ၊ အတွဲ - ၃၈ ၊ စာ - ၁၅၅"တို့အမှုတွင်ဆုံးဖြတ်ထားသောအချက်မှာဆီလျော်ပေသည်။ယင်းသို့သောအမှုများတွင်ဝန်ခံထားသောအချက်များနှင့်ဖြစ်ဟန်လက္ခဏာရှိသောအချက်များ  ( Admitted Circumstances and resulting probabilities )တို့ကိုထောက်ရှုပြီး မည်သည့်ဘက်ကမှန်လိမ့်မည်ဟုဆုံးဖြတ်သင့်ကြောင်းထုံးဖွဲ့သည်။"

ရှေ့နေအနေနဲ့လျှောက်လဲရင် balance of probability ကကျွန်တော့်ဘက်မှာရှိတယ် ဆိုတာကိုထုတ်ပြနိုင်အောင်ကြိုးစားပါ။ဒီအယူအဆကဦးဘိုကြီးတို့ဦးစံမောင်တို့ အယူအဆမဟုတ်ဘူး။ပရီဗီကောင်စီကအယူအဆကိုထုတ်နုတ်ပြီးရေးထားတာ

ဦးကျော်ဇံဦးရေးတဲ့တားဝရမ်းထုတ်ပေးတဲ့အမှုမှာကျတော့ balance of convenieance ကိုကြည့်ပါလို့ရေးတယ်။တားဝရမ်းထုတ်ပေး၊မပေးဆိုတာဘယ်ဘက်ကအဆင်ပြေမလဲဆိုတာကြည့်တာပါ။အခုစီရင်ချက်တွေဘယ်လိုရေးနေလဲ။တရားလိုနဲ့သက်သေတွေကဘယ်လိုထွက်တယ်။တရားပြိုင်နဲ့သက်သေတွေက ဘယ်လိုထွက်တယ်ခြုံ၍ကြည့်သော်ဘယ်သူနိုင်မယ်စသည်ဖြင့်ရေးပါတယ်။ဟုတ်မှမဟုတ်ဘဲ။အထက်ဖော်ပြပါစီရင်ထုံးကမူကိုလိုက်နာဖို့ကောင်းတာပေါ့။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ