မြန်မာထဲက High Court Judge ဖြစ်သူများ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြန်မာထဲက High Court Judge ဖြစ်တာပြောရရင်ပထမဆုံးဆာမောင်ခင်ဖြစ်ပါတယ်။
၁၉၁၇ ခုနှစ်ကစတင်ဖြစ်တာပါ။
ဒုတိယက ဦးမေအောင် ၊ တတိယက ဦးဘိုးဟန် ဖြစ်ပါတယ် ။
ဦးဘိုးဟန်က Session Judge ကနေ High Court Judge ဖြစ်တာပါ ။ High Court မှာ သေဒဏ်အတည်ပြုတဲ့ အာဏာရရှိပါတယ် ။ သေဒဏ်အတည်မပြုချင်လို့ ဦးဘိုးဟန်က တရားသူကြီးချုပ်ထံ တင်ပြပါတယ် ။ တရားသူကြီးချုပ်က ခွင့်မပြုလို့ အလုပ်ကနုတ်ထွက်ပြီး ရှေ့နေလိုက်ပါတယ် ။ ရွှေတကျပ်သား ငွေတဆယ်ကျပ် ပေးရတဲ့ကာလဖြစ်တဲ့ ၁၉၂၃ ခုနှစ်မှာ သူ့လစာ ကျပ်လေးထောင်ရပါတယ် ။ အဲ့ဒီအလုပ်ကထွက်ပြီး ရှေ့နေလိုက်ပါတယ် ။ သေဒဏ်အတည်ပြုတဲ့ အမိန့်မချချင်လို့ပါ ။
စတုတ္ထက ဆာဂျေအေမောင်ကြီး ဖြစ်ပါတယ်။ သူက ရှေ့နေကနေ High Court Judge ဖြစ်တာပါ ။
ပဉ္စမက ဦးဘ ၊ ဥပဒေဘွဲ့ မရပါ ။ B. A. ပဲအောင်ပါတယ် ။
ဆဌမက ဦးမြဘူး ။ လက်ထောက်ရှေ့နေချုပ်ကနေ High Court Judge ဖြစ်ပါတယ် ။
ဆရာတို့နိုင်ငံလွတ်လပ်ရေးရတော့ Supreme Court ( တရားလွှတ်တော်ချုပ် ) တရားသူကြီး ( ၃ ) ဦးပဲရှိတယ် ။ ဆာဘဦး ၊ ဒေါက်တာအေးမောင် ၊ ဦးကျော်မြင့် တို့ဖြစ်ပါတယ် ။
High Court ( တရားလွှတ်တော် ) ကိုကြည့်ရင် တရားသူကြီးချုပ်က ဦးသိန်းမောင်ပါ။ Session Judge ကနေ တရားလွှတ်တော်တရားသူကြီးဖြစ်တာ ( ၄ ) ယောက် ၊ ဥပဒေရုံးနဲ့ အပြင်ရှေ့နေက ( ၃ ) ယောက် ၊ စုစုပေါင်း ( ၈ ) ယောက်နဲ့ ဖွဲ့စည်းခဲ့ပါတယ် ။
၁၉၄၈ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်အထိစီရင်ထုံးတွေဖတ်ကြည့်ပါ။
ဒီပုဂ္ဂိုလ်တွေတိုင်းပြည်အတွက်ဘယ်လောက်အလုပ်လုပ်သွားတယ်ဆိုတာသိသာထင်ရှားပါတယ်။
အဲ့ဒီကြားကာလမှာဥပဒေပြဿနာတော်တော်များများကိုဖြေရှင်းပေးခဲ့ပါတယ်။
ဆရာ့ရဲ့သားရှိရာအင်္ဂလန်ကိုသွားလည်တုန်းကအခုလိုလေယာဉ်တွေတိုက်ရိုက်မရှိဘဲ ဒက်ကာ ( ဘင်္ဂလားဒေ့ရှ် ) ကနေတဆင့်သွားရပါတယ် ။ ဘင်္ဂလားဒေ့ရ်ှမှာသုံးရက်နားရပါတယ်။အဲ့ဒီမှာဥပဒေစာအုပ်တွေငှားဖတ်တော့စီရင်ချက်တွေကအတော်အဆင့်မြင့်တာပဲ။India ကိုတော့အထူးပြောစရာမလိုတော့ဘူး။အင်မတန်တိုးတက်သွားပြီ။
အင်္ဂလန်မှာကျတော့ ဆရာ့သားအလုပ်လုပ်တဲ့ဆေးရုံကဥပဒေစာအုပ်တွေရှိတယ် House of Lord က အမြင့်ဆုံးတရားရုံးဖြစ်ပြီး High Court က အဲ့ဒီအောက်ကဖြစ်တယ်။စီရင်ချက်တွေအင်မတန်အဆင့်မြင့်တာတွေ့ရတယ်။အခုကျတော့ Union European Court ပေါ်လာတော့ House of Lord က subordinate ဖြစ်သွားတယ်။အဲ့ဒီမှာထုတ်ထားတဲ့သတင်းစာတွေမှာစီရင်ချက်တွေထည့်ရေးထားတယ်။ဆရာ cutting လုပ်ပြီး စုဆောင်းထားပါတယ်။
၁၉၅၂ ခုနှစ်ရောက်တော့ ခရိုင်တရားမနဲ့ စက်ရှင်တရားသူကြီး ခန့်ဖို့အတွက် လူရွေးဖို့ အတော်ခက်သွားတယ် ။ အဲဒီလိုအချိန်မှာ ၁၉၄၁ ခုနှစ်က B. J. S ( Burma Judicial Service ) seinor branch နဲ့ ဝင်လာတဲ့ ပုဂ္ဂိုလ်သုံးဦး ၊ ဦးသက်ဖေ ၊ မစ္စတာဂို့ရှ် ၊ ဦးအုန်းခင် ( တရားရုံးချုပ်အတွင်းဝန် ) တို့ သုံးဦးနဲ့ Public Prosecutor ( ၁၀ ) ဦးကို Distric Judge ခန့်လိုက်ရတယ်။
P. P ( ၁၀ ) ဦးထဲမှာဦးကျော်ဇံဦးဆိုတဲ့ပုဂ္ဂိုလ်ပါလာတယ်။ဦးကျော်ဇံဦး ရေးတဲ့ အင်္ဂလိပ်လို စီရင်ချက်တွေ ဖတ်ကြည့်ပါ။အံ့မခန်းတော်ပါတယ်။သူ အင်္ဂလန်မှာ Barrister at Law တက်စဉ်ကသုံးနှစ်သင်တန်းကိုတနှစ်နဲ့ အောင်ပါတယ်။ဝတ်လုံ certificate မရပါဘူး။Barrister at Law သုံးနှစ်တက်သူတွေက ည dinner စားရတယ်။dinner တက်တဲ့အကြိမ်အရေအတွက်ကိုကြည့်ပြီးမှဘွဲ့ပေးတာပါ။dinner တက်တဲ့အကြိမ် မပြည့်လို့ဘွဲ့မရပါဘူး။နောက်ထပ်တနှစ်ခွဲတိတိ dinner မှန်မှန်တက်ရပါတယ်။အဲဒီတော့မှဘွဲ့ရသွားပါတယ်။
Comments
Post a Comment