ride out ( ခါးစည်းခံရင်းလွန်မြောက်သည် )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

ဆရာတကယ်လို့ကျန်းမာရေးကောင်းရင်နောက်တခေါက်လောက်ပြန်လာချင်သေးတယ်။

တခါထပ်ပြီးဒူးတိုက်ဆွေးနွေးချင်သေးတယ်။ ခင်ဗျားတို့အားလုံးမှာ ကိုယ်ပိုင်  Capacity ရှိတယ် ။ အဲဒါကို နှိုးဆွအသုံးချနိုင်ဖို့လိုတယ် ။ 

အင်္ဂလိပ်စာကိုလေ့လာပါ ။ 

ကိုယ်ပိုင်မရေးနိုင်ရင်တောင်မှ နားလည်တဲ့အဆင့်ရောက်အောင် ဖတ်နိုင်အောင် ကြိုးစားလိုက်ပါ ။ 

အစိုးရထုတ်တဲ့ အင်္ဂလိပ် - မြန်မာ အဘိဓာန်စာအုပ်ကို ဆောင်ထားပါ။

ခင်ဗျားတို့အတွက် အများကြီးအကျိုးရှိပါလိမ့်မယ်။

ဆရာကတော့ကမ္ဘာ့သတင်းကအစ၊စလောင်းမှာအင်္ဂလိပ်စာအသုံးအနှုန်းကိုလေ့လာတယ်။

တကမ္ဘာလုံးစီးပွားပျက်ကပ်ဆိုက်တော့  ride out  ဆိုတဲ့စကားလုံးကိုသုံးပါတယ်။

  ride the economic crisis out  ဆိုတဲ့စကားကိုကြည့်ရင်စီးပွားရေးခါးစည်းခံနေရင်းလွန်မြောက်လာတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ride out ဟာခါးစည်းခံရင်းလွန်မြောက်သည်ဟုဘာသာပြန်ပါတယ်။

ဥပဒေမှာတွေ့တွေ့နေတဲ့  common sense ဆိုတဲ့ စကားလုံးကိုကြည့်ရအောင်။

 common sense ကို The Court Manual စာပိုဒ် - ၂၉၅ ၊ စာမျက်နှာ - ၁၅၃ အောက်ဆုံးဝါကျရဲ့ အဓိပ္ပါယ်ကို ပကတိဆင်ခြင်တုံဉာဏ်လို့ ဘာသာပြန်ပါတယ် ။ 

အစိုးရက ထုတ်ဝေတဲ့ အင်္ဂလိပ် - မြန်မာ အဘိဓာန်မှာ လူပြိန်းသိလို့ ဘာသာပြန်ပါတယ်။

ဆရာကတော့ သူသူငါငါသိသောအသိလို့ ဘာသာပြန်ချင်ပါတယ်။

Considerationဆိုတဲ့စကားလုံးကိုကြည့်ရအောင်။

 Consideration ဆိုတဲ့စကားလုံးကို၁၉၄၈ ခုနှစ်စီရင်ထုံးမှာဆရာဦးစံမောင်က ကတိနှင့်ညီညွတ်ချက်လို့ ဘာသာပြန်တယ်။

ဆရာကတော့ဦးဘိုကြီးဘာသာပြန်တဲ့စကားလုံးကိုယူလိုက်တယ်အပေးအယူလို့ဘာသာပြန်လိုက်တယ်။ 

ပဋိညာဉ်ဆိုတာ နှစ်လမ်းသွား (  two way traffic ) ပါပဲ ။ 

အဖိုးစားနားလို့ ဘာသာပြန်ရင်လဲ နားလည်တယ် ။ 

ဒါပေမဲ့ အရောင်းအဝယ်ထက် ကျော်သွားလို့ သုံးစွဲရန် မသင့်တော်ပါဘူး ။ 

ပဋိညာဉ်ဥပဒေက အရောင်းအဝယ်ထက် " ကျော် " နေလို့ အဖိုးစားနားဆိုတဲ့ စကားလုံး သုံးဖို့ မသင့်တော်တာပါ ။

အင်္ဂလိပ်စာအသုံးအနှုန်းကိုဆက်ပြောချင်ပါတယ်။

ဒေါက်တာအေးမောင်ကစီရင်ထုံးတခုမှာ It is idle to say that.  လို့ရေးပါတယ်။

  idle ဆိုတာပျင်းရိသောဖြစ်ပါတယ်။

သို့သော်ဒေါက်တာအေးမောင်ရဲ့ စာသားကိုဆီလျော်အောင်ဘာသာပြန်ရင် ဒီလိုပြောနေလို့အပိုပါပဲလို့ ဆိုလိုတာပါ။

ကြော်ငြာတခုရဲ့အင်္ဂလိပ်စာမှာ Everybody is invited လို့ရေးပါတယ်။ It is invited. လို့ရေးမှမှန်ပါတယ်။

 ဒေါက်တာအေးမောင်ရဲ့အင်္ဂလိပ်စာက  King's English  ဖြစ်ပါတယ်။

ဆရာဦးကျော်ဇံဦးရဲ့အင်္ဂလိပ်စာကလည်း King's English ပါပဲ။

အင်္ဂလိပ်ဝေါဟာရကိုမြန်မာလိုဘာသာပြန်တဲ့အဘိဓာန်တခုတော့လိုနေပြီ။

Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]