ရှေ့နေတွေလျှောက်လဲတာအရေးကြီးပုံ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ရှေ့နေတွေလျှောက်လဲတာအရေးကြီးပုံကိုပြောမယ်။
ဒေါက်တာဧမောင်ရဲ့သင်္ခနုပတ္တိဉာဏ်ကိုပြောပြမယ်။
တဖက်ရှေ့နေက"ဆရာကြီး.... ဆရာကြီးကျမ်းပြုစုတုန်းကတမျိုးအဖြေထုတ်ပြီးအခုလျှောက်လဲတော့ဆန့်ကျင်ဘက်လျှောက်လဲနေပါလား"လို့ပြောတယ်။
ဒေါက်တာဧမောင်ကဘယ်လိုပြန်လျှောက်လဲတယ်ထင်သလဲ။
"အဲဒီစာအုပ်ပြုစုတုန်းကဒီလောက်ဉာဏ်ပညာမပြည့်စုံသေးဘူး။အခုလျှောက်လဲတဲ့အချိန်အတွေ့အကြုံတွေပိုရင့်ကျက်ပြီးပညာဉာဏ်ပိုကြီးလာလို့ဒီလိုလျှောက်လဲတာလို့"ပြန်ချေပတယ်။
ဒါကြောင့်မို့လို့သူရေးတဲ့မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ
အသက်ကြီးလာတာနှင့်အမျှ ပညာဉာဏ်ကြီးလာကြောင်း-
( I'm entitled to grow wiser with the passage of time. )
ဆိုလိုတာကရှေ့နေပညာဆိုတာအခြေအနေပေါ်မူတည်ပြီးအလိုက်သင့်ပြောတတ်ဖို့တော့လိုလိမ့်မယ်။
တချို့လျှောက်လဲချက်ကြားနာတဲ့တရားသူကြီးတွေကပြန်ရှင်းကိုရှင်းခွင့်မပေးတာတွေ ရှိတယ်။
ရှင်းဖို့ မလိုအပ်လို့ပါ။
The appellant was not called to reply.ဒီလိုတားတာမျိုးရှိခဲ့ဖူးတယ်။
တရားသူကြီးဦးစံမောင်ကျတော့တမျိုးဗျ။အယူခံအကြောင်းပြချက်(ဒုတိယအယူခံလိုဟာမျိုး)လေးခုပါရင်သုံးခုကိုမပြောနဲ့တော့၊ကျန်တဲ့တခုပဲပြောတော့ဆိုပြီးခိုင်းတာမျိုးရှိတတ်တယ်။အယူခံတရားလိုရှေ့နေကအဲဒီအကြောင်းပြချက်သုံးခုသူနိုင်မယ်ဆိုတာကြိုပြီးမှန်းလို့ရတယ်။
စီရင်ထုံးသမိုင်းကိုပြန်ကြည့်ရင်ရှေ့နေတွေအားထုတ်လို့တရားစီရင်ရေးစနစ်တိုးတက် ပြောင်းလဲလာတာတွေ့ရမယ်။
တရားသူကြီးဦးဘိုကြီးက"ဦးစောဟန် နှင့် ဦးအုန်းခင် ပါ -၄ ၊ ၁၉၅၉ ၊ မတစ ( တရားလွှတ်တော်ချုပ် ) ၊ စာ -၂၄"အမှုမှာတရားရုံးတွေသည်အမှုများဆုံးဖြတ်ရာတွင်အတ္တနောမတိနှင့်မဆုံးဖြတ်ရဟုစီရင်ချက်ရေးသားဖူးသည်။
အတ္တနောမတိဆိုသည်မှာမိမိသဘောထင်မြင်ချက်နှင့်မိမိရေးသားသော personal opinion ကိုဆိုလိုသည်။
အမှုမှာဗမာ့ခေတ်သတင်းစာကိုအသရေဖျက်မှုဖြင့်တရားစွဲဆိုသောအမှုဖြစ်သည်။
ဒီစကားလုံးကိုထွင်ခဲ့တာဦးသိမ်းမောင်ဖြစ်ပါတယ်။ဦးသိမ်းမောင်ဆီကကူးချထားတာ။
ဦးသိမ်းမောင်ဆိုတာမြန်မာလူမျိုးထဲက အိန္ဒိယနဲ့မြန်မာခွဲထုတ်တဲ့၁၉၃၇ခုနှစ်မှာ ပထမဆုံးရှေ့နေချုပ်ဖြစ်တဲ့လူပေါ့။ဒေါက်တာထင်အောင်ကိုယ်တိုင်ကအင်မတန်တော်တဲ့ပုဂ္ဂိုလ်ကြီးလို့ချီးကျုးခဲ့တာ။
ဦးသိမ်းမောင်ဆုံးဖြတ်တဲ့အမှုမှာအတ္တနောမတိနဲ့မဆုံးဖြတ်သင့်ကြောင်း၊ကျမ်းအကိုးအကား၊ဥပဒေအကိုးအကားနဲ့ ဆုံးဖြတ်ရန်လိုကြောင်းစီရင်ချက်ရေးသားခဲ့ဖူးတယ်။
Comments
Post a Comment