Daw Thoung vs. Daw Ma Ma Gyi 1961 BLR ( SC ) 36 ( 42 )

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


Daw Thoung vs. Daw Ma Ma Gyi  1961 BLR ( SC ) 36 ( 42 )

Daw Thoung vs. Daw Ma Ma Gyi 1961 BLR  ( SC ) 77 (83 )

စီရင်ထုံးမှာအယူခံတရားလိုရှေ့နေဦးလှအောင်ကရေဆန်ကိုလှော်ပြီးတက်သွားတယ်။

ဦးလှအောင်ဘယ်လောက်အပြောကောင်းလဲဆိုတာစဉ်းစားသာကြည့်တော့။

သူအမှုနိုင်အောင်လျှောက်လဲသွားတာသိပ်တော်တာပဲ။

တရားလွှတ်တော်ချုပ်က အထူးအယူခံကိုခွင့်ပြုလိုက်တယ်။

ရှေ့နေတွေကိုပြောချင်တာ။အရင်စီရင်ထုံးက Full Bench ကချတာမို့အားမလျှော့ပါနဲ့။

ရှေ့နေတွေကြိုးစားရင်ရပါတယ်။ဆုံးဖြတ်တဲ့တရားသူကြီးကဦးဘိုကြီးဖြစ်ပါတယ်။

ဦးဘိုကြီးက  B. J. S ( Senior Branch )နဲ့ဝင်ပြီး Supreme Court Judge ဖြစ်သွားတဲ့ပုဂ္ဂိုလ်ပါ။

ဆရာသာယာဝတီရောက်သွားတော့ဦးဘိုကြီးကိုမှီလိုက်တယ်။

စာရေးကြီးရှိတယ်။စာရေးကြီးပြန်ပြောလို့သိရတာ။

ဦးဘိုကြီးအင်္ဂလိပ်လိုရေးတဲ့စီရင်ချက်တွေသိပ်ကောင်းတယ်။စာရေးကြီးပြောလို့ သိရတာ။

ဦးဘိုကြီးကအင်္ဂလိပ်လိုစီရင်ချက်ရေးရင် P.  C.  WREN and H.  MARTIN ရဲ့ High School English Grammer and Composition စာအုပ်ကိုရှေ့ချပြီးရေးတာလို့သိရတယ်။

ဆရာပြောခဲ့တဲ့ Daw Thoung  vs.  Daw Ma Ma Gyi စီရင်ထုံးကိုဦးဘိုကြီးရေးတာ ဖတ်ကြည့်ပါ။

သိပ်ကောင်းပါတယ်။

စစ်ကြိုခေတ်ကသာယာဝတီမှာဦးဘိုကြီး  Additional Session Judgeတာဝန်ထမ်းဆောင်တော့သူ့အထက်က I .  C .  S ဦးတင်ထွန်းက Session Judgeဖြစ်ပါတယ်။

ဦးချမ်းသာရေးတဲ့ကျွန်တော်အိုင်စီအက်စ်စာအုပ်ကိုဖတ်ကြည့်ပါ။

ဦးစံမောင်က Law Degree မရလို့တရားသူကြီးချုပ်မဖြစ်ခဲ့ဘူး။

ဦးဘိုကြီးကကျော်တက်သွားခဲ့တယ်။

ဦးဘိုကြီးရေးတဲ့အင်္ဂလိပ်စာလှလွန်းလို့နားလည်ဖို့တောင်ခက်တယ်။

Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]