မောင်ကြွက် နှင့် မောင်ခင်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ယခင်အောက်မြန်မာပြည်တရားရုံးချုပ်က၊မောင်ကြွက် နှင့် မောင်ခင် ၊ အောက်မြန်မာပြည် အတွဲ ၁ ၊ စာ ၁၄၂ တွင် Amir Hassam Khan vs. Sheo Baksh Singh ( 1885 ) 11 Cal 6 ( PC )စီရင်ထုံးကိုကိုးကား၍ဥပဒေအရမှားယွင်းခြင်းသည် တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅( ဂ )ပါပြဌာန်းချက်များ၏အဓိပ္ပာယ်အရတရားဥပဒေနှင့်မညီညွတ်မှုသို့မဟုတ်အရေးပါသောထုံးနည်းမကျမှုမဟုတ်ဟုအောက်ပါအတိုင်းထုံးဖွဲ့ပါသည်။ " Error in law does not amount to acting in the exercise of jurisdiction illegally or without material irregularity " ( ဥပဒေအရမှားယွင်းခြင်းသည်စီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးရာတွင်တရားဥပဒေနှင့်အညီမဟုတ်ဘဲဖြစ်စေ၊အရေးပါသောနည်းလမ်းမကျဘဲဖြစ်စေဆောင်ရွက်ရာမရောက်။ ) အလားတူ၊မဘီဘီး နှင့် ဆရာဟတ္ထီး ၊ အေ အိုင် အာ ၊ ၁၉၃၇ ၊ ရန်ကုန် ၊ ၅၃၇ အမှုတွင်လည်း အောက်မြန်မာပြည်တရားရုံးချုပ်က ကိုးကားသော Amir Hassam Khan စီရင်ထုံးကိုပင်ကိုးကားကာဥပဒေအရာတွင်မှားယွင်းကြောင်းပြင်ဆင်မှုတင်သွင်းခွင့်မရှိဟုအောက်ပါအတိုင်းဆ...