မြန်မာနိုင်ငံတွင်စွဲကပ်လျက်ရှိသောရောဂါ​၏အဖြေ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

မြန်မာနိုင်ငံတွင်စွဲကပ်လျက်ရှိသောရောဂါ၏အဖြေကို၂၀၁၀ပြည့်နှစ်ဇွန်လတွင် ထုတ်ဝေသောတရားမကျင့်ထုံးဥပဒေ( ပ + ဒု )တွဲစာအုပ်ပါစာမျက်နှာ၂၁၀၌အောက်ပါအတိုင်းဖော်ပြထားသည်။

ဥပဒေပြဿနာနှင့်စပ်လျဉ်း၍မှားယွင်းဆုံးဖြတ်သောအမိန့်ကို

ပြင်ဆင်မှုတွင်စွက်ဖက်ပြင်ဆင်နိုင်သလော ? ။

( 1885 ) 11 Cal 6 ( P C )အမှုကိုကိုးကားသော၊၁၉၀၁ခုနှစ်တွင်ဆုံးဖြတ်သော 1  LBR  142 အမှုတွင်၊အမှုတွင်ဥပဒေအရာ၌မှားယွင်းခြင်းသည်စီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲရာ၌ဥပဒေနှင့်အညီမဟုတ်ဘဲဖြစ်စေ၊အရေးပါသောထုံးနည်းမကျမှုဖြစ်စေ၊ဆောင်ရွက်ခြင်းမဟုတ်ဟုဆုံးဖြတ်သည်။

အမှန်ဆိုသော်1LBR142စီရင်ထုံးကို၊၁၉၀၁ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ချမှတ်ခဲ့ရာအနှစ်တရာကျော်ပါပြီ။

အလားတူထုံးဖွဲ့သော1953 BLR(H C)364 စီရင်ထုံးပင်လျှင်အနှစ်ခြောက်ဆယ်ကျော်ခဲ့ပါပြီ။

ပုဒ်မ ၁၁၅ ( ဂ ) ပါ  illegally  သည်  to have acted in the exercise of its jurisdiction(စီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးရာတွင်)ဟူသောစကားရပ်လာ to have acted ( ရုံး၏ဆောင်ရွက်ခဲ့သည်)ဟူသောစကားရပ်၏ကြိယာဝိသေသန ဖြစ်သည်။

တဖန် to have acted illegally ဟူသောစကားရပ်ကို in the exercise of its jurisdiction ဟူသောပြဌာန်းချက်များနှင့်တွဲဖက်ဖတ်ရှုရန်ဖြစ်သည်။

ထိုသို့နည်းလမ်းတကျဖတ်ရှုပါလျှင်"စီရင်ပိုင်ခွင့်အာဏာသက်ဝင်သောဥပဒေပြဿနာကိုဆုံးဖြတ်ရာ၌မှားယွင်းမှသာလျှင်"ထိုအမှားကိုပုဒ်မ၁၁၅( ဂ )အရပြင်ဆင်မှုတရားရုံးကပြင်ဆင်ခွင့်ရှိမည်ဖြစ်သည်။ဥပဒေပြဿနာအမှားတိုင်းကိုပြင်ဆင်ခွင့်ရှိသည်မဟုတ်။

(  1885 )11 Cal 6 ( PC )အမှုတွင်ပြဿနာတရပ်၊ဥပဒေပြဿနာသို့မဟုတ်အကြောင်းခြင်းရာပြဿနာအပေါ်အမှန်စီရင်ခွင့်ရှိသည်၊အမှားစီရင်ခွင့်ရှိသည်ဟုမြွက်ဆိုခြင်းကို"မမှားသောတရားသူကြီးဟူ၍မရှိနိုင်"ဟူသောနိယာမသဘောတရားနှင့်ယှဉ်၍ ဆင်ခြင်လျှင်သဘောပေါက်ပါလိမ့်မည်။

တရားမကျင့်ထုံးကအောက်ရုံး၏အမှားကိုပြင်နိုင်ရန်အယူခံမှုလမ်းဖွင့်ပေးထားသည်။သို့ရာတွင်မူလတရားရုံး၏ကြားဖြတ်အမိန့်များကိုပြင်ဆင်ပေးနိုင်ရန် ပြင်ဆင်မှု၌လမ်းဖွင့်ပေးထားပြန်သည်။သို့သော်အယူခံမှုကဲ့သို့ကျယ်ကျယ်ပြန့်ပြန့် လမ်းဖွင့်ပေးသည်မဟုတ်။

၁၉၅၁ ခုနှစ်စီရင်ထုံး စာမျက်နှာ ၁၇၄ ၌ 

 "  We respectfully agree that the scope of section 115 of the Code of Civil Procedure is narrow and restricted"  

ဟုပြဆိုထားချက်ကိုသတိမူပါ။

တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅၏ပုဒ်မခွဲ (က)(ခ)နှင့်( ဂ )ဟူသောပြဌာန်းချက် ( ၃ )ရပ်တိုင်းတွင် jurisdiction(စီရင်ပိုင်ခွင့်အာဏာ)ဟူသောပြဌာန်းချက်များပါရှိသည်ကိုဥပဒေပညာရှင်တိုင်းသတိမူရန်လိုသည်။

သို့ဖြစ်၍  1937  I A 261 ( 267 ) အမှုတွင်

  " The section is not directed against conclusions of law or fact in which the question of jurisdiction is not involved . " 

(အချင်းဖြစ်ပုဒ်မသည်စီရင်ပိုင်ခွင့်အာဏာသက်ဝင်ခြင်းမရှိသောပြဿနာအပေါ် ဥပဒေကြောင်းဆိုင်ရာသို့မဟုတ်အကြောင်းခြင်းရာဆိုင်ရာကောက်ယူဆုံးဖြတ်ချက်တို့ကိုဦးတည်သည်မဟုတ်)ဟုထုံးဖွဲ့ခြင်းကိုသဘောမပေါက်စရာအကြောင်းမရှိနိုင်။

လက်တွေ့တွင်ထိုထုံးဖွဲ့ချက်များကိုမဆင်ခြင်မိသဖြင့်တိုင်းတရားရုံးမှသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိပြင်ဆင်မှုများဖောင်းပွလျှက်ရှိသည်။

ခရိုင်တရားရုံးတွင်တရားရေးဝန်ထမ်းအဆင့်( ၂ )များကတရားမပြင်ဆင်မှုများကို စီရင်နေကြခြင်းသည်ဖြစ်သင့်သည်မဟုတ်။

မြန်မာနိုင်ငံတွင်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅(ဂ )ပါပြဌာန်းချက်များကိုဂဃနဏ သဘောပေါက်သူပညာရှင်အနည်းငယ်သာရှိပါသည်။ဥပဒေမှားလျှင်ပြင်နိုင်သည်ဟု လွယ်လွယ်သဘောပိုက်ကြသည်။

ပုဒ်မခွဲတိုင်းလာ jurisdiction ဟူသောပြဌာန်းချက်များကိုဆင်ခြင်ကပြင်ခွင့်ရှိသောအမှားသည်စီရင်ပိုင်ခွင့်အာဏာသက်ဝင်ရမည်ဟုတဆင့်တက်၍ဆင်ခြင်မိဖို့လိုသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ