မောင်ကြွက် နှင့် မောင်ခင်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ယခင်အောက်မြန်မာပြည်တရားရုံးချုပ်က၊မောင်ကြွက် နှင့် မောင်ခင် ၊ အောက်မြန်မာပြည် အတွဲ ၁ ၊ စာ ၁၄၂ တွင် Amir Hassam Khan vs. Sheo Baksh Singh ( 1885 ) 11 Cal 6 ( PC )စီရင်ထုံးကိုကိုးကား၍ဥပဒေအရမှားယွင်းခြင်းသည် တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅( ဂ )ပါပြဌာန်းချက်များ၏အဓိပ္ပာယ်အရတရားဥပဒေနှင့်မညီညွတ်မှုသို့မဟုတ်အရေးပါသောထုံးနည်းမကျမှုမဟုတ်ဟုအောက်ပါအတိုင်းထုံးဖွဲ့ပါသည်။
" Error in law does not amount to acting in the exercise of jurisdiction illegally or without material irregularity "
( ဥပဒေအရမှားယွင်းခြင်းသည်စီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးရာတွင်တရားဥပဒေနှင့်အညီမဟုတ်ဘဲဖြစ်စေ၊အရေးပါသောနည်းလမ်းမကျဘဲဖြစ်စေဆောင်ရွက်ရာမရောက်။ )
အလားတူ၊မဘီဘီး နှင့် ဆရာဟတ္ထီး ၊ အေ အိုင် အာ ၊ ၁၉၃၇ ၊ ရန်ကုန် ၊ ၅၃၇ အမှုတွင်လည်း အောက်မြန်မာပြည်တရားရုံးချုပ်က ကိုးကားသော Amir Hassam Khan စီရင်ထုံးကိုပင်ကိုးကားကာဥပဒေအရာတွင်မှားယွင်းကြောင်းပြင်ဆင်မှုတင်သွင်းခွင့်မရှိဟုအောက်ပါအတိုင်းဆုံးဖြတ်ပါသည်။
" Held : no revision lay The Court had jurisdiction to decide whether State land was saleable property and it did not extend limitation but merely pointed out that the period of limitation did not apply to such a case . The Court may have decided these questions wrongly . But that did not amount to exercising jurisdiction illegally or with material irregularity "
မသန်းရင်နှင့်တန်ကီခိုင်( ခ )တန်ကိတ်စိန် ၊ ၁၉၅၁ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ ( တရားလွှတ်တော် ) ၊ စာ - ၁၆၁ ( စုံညီ )အမှုတွင်ယခင်တရားလွှတ်တော်စုံညီခုံရုံးကတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅ ပါပြဌာန်းချက်များကိုစိစစ်ဆုံးဖြတ်ရာ၌ပုဒ်မ ၁၁၅( ဂ )သည်စီရင်ပိုင်ခွင့်အာဏာသက်ဝင်ခြင်းမရှိသောကိစ္စ၌ဥပဒေအရာတွင်ဖြစ်စေ၊အကြောင်းခြင်းရာအရာတွင်ဖြစ်စေ၊မှားယွင်းဆုံးဖြတ်ချက်နှင့်မသက်ဆိုင်ဟု စီရင်ထုံးစာမျက်နှာ၁၇၁တွင်ပြဆိုထားသည်ကိုတွေ့မြင်နိုင်ပါသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅( ဂ )နှင့်စပ်လျဉ်း၍အဆုံးအဖြတ်ပြုခဲ့သော အထက်ပါစီရင်ထုံး( ၃ )ရပ်နှင့်ဆန့်ကျင်ဘက်စီရင်ထုံးဟူ၍မရှိသေးပါ။
Comments
Post a Comment