ဒေါ်မြမြ နှင့် ဦးဟန်ရွှေပါ၂ စီရင်ထုံးအဆုံးအဖြတ်ကိစ္စ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဒေါ်မြမြနှင့်ဦးဟန်ရွှေပါ၂
(၂၀၁၄ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ၁၄၀ )စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။
အမှုတွင်အယူခံတရားလိုအယူခံတရားပြိုင်တို့ကိုကြားနာခြင်းပြုရန်လိုမလို၊ပြဌာန်းချက်မည်သို့မည်ပုံရှိကြောင်းလေ့လာခြင်းရှိဟန်မတူပါ။
တရားမကျင့်ထုံးဥပဒေအမိန့် ၄၁၊နည်း၁၆ ( ၁ ) တွင်-
" On the day fixed , or on any other day to which the hearing may be adjourned , the appellant shall be heard in support of the appeal "
ဟူသောပြဌာန်းချက်၌ shall ဟူ၍သုံးထားသဖြင့်အယူခံတရားလိုကိုကြားနာရမည်ဆိုသည်ကိုသိထားဖို့လိုပါသည်။
အယူခံတရားလိုမလာလျှင်ဆောင်ရွက်ရမည့်ဥပဒေကို
တရားမကျင့်ထုံးဥပဒေအမိန့် ၄၁၊နည်း ၁၇ ( ၁ ) တွင်-
" Where on the day fixed , or on any other day to which the hearing may be adjourned , the appeallant does not appear when the appeal is called on for hearing , the Court may make an order that the appeal be dismissed "
ဟုပြဌာန်းထားရာမှာ may ဟုသုံးထားသဖြင့် shall ကဲ့သို့လုပ်ကိုလုပ်ရမည့်ပြဌာန်းချက်မျိုးမဟုတ်ပါ။
တရားမကြီးမှုနှင့်သက်ဆိုင်တဲ့၊တရားမကျင့်ထုံးဥပဒေအမိန့် ၉၊နည်း၈မှာတော့ တရားလိုမလာလျှင် " the Court shall make or order that the suit dismissed " ဟုပြဌာန်းထားရာတွင် shall ဟုသုံးထားတာကိုလည်းသိထားဖို့လိုပါတယ်။
အယူခံမှုတွေနဲ့ပတ်သက်တဲ့စီရင်ထုံးတွေကိုလေ့လာလျှင်၊တရားမကျင့်ထုံးဥပဒေကို မပြင်ခင်၁၈၈၂စီရင်ထုံးတွေကာလကအယူခံတရားလိုမလာလျှင် shall dismissed ဟုသုံးထားပြီး၊တရားမကျင့်ထုံးဥပဒေတွင်အချို့ပုဒ်မများကိုအမိန့်တွေအဖြစ်ပြောင်းလဲပြဌာန်းလိုက်သည့်အချိန်တွင်မှ may အဖြစ်ပြဌာန်းထားတာတွေ့ရှိနိုင်ပါသည်။
နည်း ၁၆ ( ၂ ) ကိုဆက်ဖတ်ရင်-
" The Court shall then , if it does not dismiss the appeal at once , hear the respondent against the appeal . "
ဟုပြဌာန်းခဲ့ပါသည်။
သို့ဖြစ်၍အယူခံတရားလိုမလာလျှင် against the appeal ဆိုတဲ့ကိစ္စမရှိနိုင်ပါ။
အထက်ကပြဿနာမှာ၊နည်း ၁၇ ( ၁ )မှာအယူခံတရားလိုမလာလျှင် may make လို့ ပြဌာန်းထားတာကိုအဓီပ္ပာယ်မသိဘူးဖြစ်နေတယ်။
ဆက်ဖတ်ရင်၊နည်း၁၇( ၂ ) မှာတော့အယူခံတရားပြိုင်မလာရင် shall be heard ex parte လို့ရေးထားတာ တွေ့နိုင်ပါတယ်။
ဒါကြောင့်အယူခံတရားလိုမလာတဲ့ကိစ္စနှင့်၊အယူခံတရားပြိုင်မလာတဲ့ကိစ္စ၊လုပ်ထုံးလုပ်နည်းခြင်းမတူဘူးဆိုတာစဉ်းစားကြရမယ်။
အခုပြဿနာကအယူခံမှုကိုမပယ်ရင်ဘာလုပ်မလဲ ?
၂၀၁၄မတစ၁၄၀စီရင်ထုံးမှာ6Ran612ကိုကိုးကားထားပေမဲ့၊စီရင်ထုံးမှာရေးထားတဲ့ it enables the Court to adjourn a case it thinks fit သင့်သည်ထင်ရင်ရွှေ့ဆိုင်းရမယ်လို့ဆုံးဖြတ်ရာမှာ it ဆိုတာအမိန့် ၄၁၊နည်း ၁၇ ( ၂ ) ကိုဆိုလိုရင်းဖြစ်တယ်ဆိုတာ မှတ်ထားပါ။
အမိန့် ၄၁ ၊ နည်း ၁၇ ( ၁ ) မှာအယူခံကိုမပယ်ရန်မည်သို့ဆောင်ရွက်ရမည်ဆိုတာကို ပြဌာန်းထားခြင်းမရှိလို့မြန်မာနိုင်ငံတရားဥပဒေများ ပုဒ်မ ၁၃ ( ၁ ) အရ ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ပါသည်။
အတွဲ၉အောက်မြန်မာပြည်စီရင်ထုံးများစာ၁၁၄( ၁၃၆ )မှာ-
" The principles of equity which are universal . "
equity ဟူသောမူသဘောတရားကိုကမ္ဘာအနှံ့( တလွှား )သုံးကြပါတယ်လို့ပြဆိုထားပါတယ်။
အခုပြဿနာမှာequityဆိုတာဘာလဲသိဖို့လိုပါလိမ့်မယ်။
မြန်မာပြည်မှာသုံးနေတဲ့အင်္ဂလိပ်မြန်မာအဘိဓာန်တွေမှာအဓိပ္ပာယ်ဖွင့်ထားတာမတွေ့ရဘူး။
ဦးမြစိန်ကတော့သူ့ရဲ့မြန်မာဓလေ့ထုံးတမ်းဥပဒေမှာသာနာညီမျှမှုဟုဘာသာပြန်ထားတာတွေ့တယ်။
မြန်မာအဘိဓာန်ကိုလှန်ကြည့်ပြန်တော့လည်းသာနာညီမျှမှုဆိုတဲ့စကားမရှိပြန်ဘူး။
Black's Law Dictionary စာမျက်နှာ ၃၀၀တွင် equity ကို fairness , impartiality ( တရားမျှတရမယ်၊ဘက်မလိုက်ရဘူးလို့ဆိုတာသွားတွေ့တယ်။ )
သို့ဖြစ်၍အထက်ပါအမှုကိုအယူခံတရားလိုမလာလျှင် equity အရ စဉ်းစားကြည့်မယ်ဆိုလျှင်အယူခံမှုကိုရွှေ့ဆိုင်းရန်သာရှိပါသည်။
ဥပဒေကအယူခံတရားလိုကိုကြားနာပြီးမှအယူခံတရားပြိုင်ကိုကြားနာရမယ်လို့ဆိုထားတာဘဲ။ဘယ်လိုစဉ်းစားစဉ်းစားအယူခံတရားလိုမလာလျှင်အယူခံတရားပြိုင်ကို မကြားနာနိုင်ဘူးဆိုတာလောက်တော့သိထားဖို့လိုပါတယ်။
စီရင်ထုံးစာမျက်နှာ၁၅၀တွင်6Ran612စီရင်ထုံးကိုညွှန်ပြပြီးတဲ့နောက်မှာ " သို့ဖြစ်၍ အယူခံတရားလိုမလာရောက်၊ပျက်ကွက်ခြင်းကြောင့်အယူခံမှုကိုအမှုသွားအမှုလာအရပလပ်ခြင်းမပြုနိုင်သော်လည်းအယူခံမှုကိုအမှုသွားအမှုလာအရခွင့်ပြုခြင်းမပြုနိုင်ဟုဆိုလိုချင်းမဟုတ်ပေ " လို့ဆုံးဖြတ်ချက်ဟာ၊ဘယ်လောက်ထိမှားသွားလဲဆိုတာတွေးကြည့်ပါ။
Comments
Post a Comment