ဒေါ်လွန်းပါ၅ နှင့် ဒေါ်သိန်းရင်အမှုအဆုံးအဖြတ်ကိစ္စ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဒေါ်လွန်းပါ၅ နှင့် ဒေါ်သိန်းရင် 


၁၉၉၁ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ၊ စာ - ၁၄၁ 


အမှုအဆုံးအဖြတ်ကိစ္စ။


ဒေါ်လွန်းစီရင်ထုံးတွင်၊ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ကိုအကြောင်းပြု၍ဆန့်ကျင်လက်ရှိထားသောပစ္စည်းအပေါ် ပိုင်ဆိုင်ခွင့်ရှိစေရမည်ဟု ဆုံးဖြတ်ခြင်းမရှိသည်မှာမှန်သော်လည်း၊တရားလိုဒေါ်လွန်းပါ - ၅ တို့ကအမွေရှင်ထံမှအချင်းဖြစ်ပစ္စည်းများကိုမှတ်ပုံတင်အပေးစာချုပ်အရအပိုင်ရသွားသောဒေါ်သိန်းရင်အပေါ်အမွေမှုစွဲဆိုခြင်းဖြစ်ပါသည်။


စုံညီခုံရုံးက " ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈အရအချင်းဖြစ်မြေမှာ အမွေရှင်ဒေါ်မကျန်ရစ်သည့်အမွေပစ္စည်းမဟုတ်တော့သဖြင့်အမွေခွဲဝေရန်ပြဿနာပေါ်ပေါက်မည်မဟုတ်တော့ချေ  " ဟုစီရင်ထုံးနောက်ဆုံးအပိုဒ်တွင်ဆုံးဖြတ်သည်။


အမွေရလိုကြောင်းစွဲဆိုသည့်ဒေါ်လွန်းပါ၅ဦးတို့သည်၊အမွေရရန်အကြောင်းမရှိသဖြင့် ၎င်းတို့စွဲဆိုသောအမှုကိုပလပ်ရန်မှတပါးအခြားနည်းမရှိတော့ပါ။


ဤအခြေအနေတွင်မြန်မာဓလေ့ထုံးတမ်းဥပဒေအရပျက်ပြယ်သောစာချုပ်ကိုအကြောင်းပြုပြီးအပိုင်ရသည်ဆိုသောအယူခံတရားပြိုင်ဒေါ်သိန်းရင်သည်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈အရပိုင်ရှင်ဖြစ်သွားသည်ဟုဆုံးဖြတ်ရန်အကြောင်းမရှိ၍မဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။


ဒေါ်လွန်းစီရင်ထုံးစာမျက်နှာ၁၄၆နှင့်၁၄၇တွင်၊အယူခံတရားပြိုင်ဒေါ်သိန်းရင်၏ရှေ့နေက၊မိုဟာမက်အီဘရာဟင်အရဇ်( ဖ် )နှင့်အရှာဘီဘီ၊၁၉၅၃ ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ ( လွှတ်တော် )၊စာ၃၇၃အမှုကို ကိုးကားတင်ပြလျှောက်လဲပါသည်။


မိုဟာမက်အီဘရာဟင်အရဇ်(ဖ် )အမှုတွင်ဆုံးဖြတ်ရန်ပြဿနာမှာကွယ်လွန်သူအသက်ထင်ရှားရှိစဉ်ကရှယ်ယာများကိုလွှဲပြောင်းပေးခြင်း၏တရားဝင်မှုကိုတရားလိုက အမွေမှုတွင်အရေးဆိုခွင့်ရှိ၊မရှိပြဿနာဖြစ်သည်။အယူခံတရားလို၏ရှေ့နေက ရှယ်ယာများလွှဲပြောင်းပေးမှုမှာအမည်ငှားသဘောဖြစ်ကြောင်းအဆိုလွှာတွင်စွပ်စွဲထားသည်ဖြစ်၍ကွယ်လွန်သူ၏အမွေပုံပစ္စည်းဖြစ်သည်ဟုသဘောထားရမည့်ရှယ်ယာများကိုလွှဲပြောင်းပေးခြင်းသည်အမည်ငှားသဘောဟုတ်၊မဟုတ်အမွေမှုတွင်ဆုံးဖြတ်နိုင်သည်ဟုလျှောက်လဲတင်ပြသည်။


အယူခံရုံးက၊ပစ္စည်းတရပ်ကိုသူတပါးအားဥပဒေနှင့်အညီလွှဲပြောင်းပေးထားပြီးပါကယင်းသို့လွှဲပြောင်းပေးမှုမှာတရားမဝင်ကြောင်းမြွက်ဟကြေငြာပေးရန်အရေးယူဆောင်ရွက်ခြင်းမရှိခဲ့လျှင်တရားမဝင်ဟုမမှတ်ယူသင့်ကြောင်း၊ရှယ်ယာတွင်အမည်ပေါက်သူသည်ဥပဒေအရရှယ်ယာပိုင်ရှင်ဖြစ်သည်ဟုမှတ်ယူရမည်ဖြစ်ကြောင်း၊ ဤတရားဝင်အခြေအနေများကိုပြောင်းလဲရန်တနည်းနည်းဖြင့်ကနဦးအရေးယူဆောင်ရွက်သင့်ကြောင်း၊ယေဘုယျအားဖြင့်ဆိုလျှင်မှတ်ပုံတင်ကုမ္ပဏီတခုတွင်ရှယ်ယာဝယ်လိုသူသည်ကုမ္ပဏီမှတ်ပုံတင်တွင်ဖော်ပြချက်တို့မှန်ကန်သည်ဟုဥပဒေအရမှတ်ယူနိုင်ကြောင်း၊ရှယ်ယာများကိုအယူခံတရားပြိုင်များအားလွှဲပြောင်းပေးထားခြင်းကိုပျက်ပြယ်စေရန်တနည်းနည်းဖြင့်အရေးယူခဲ့ခြင်းမရှိလျှင်ထိုရှယ်ယာများသည်ကွယ်လွန်သူကွယ်လွန်စဉ်အမွေပုံတွင်ပါသည်ဟုမှတ်ယူရန်ခဲယဉ်းကြောင်း၊လွှဲပြောင်းပေးမှုများမှာအမည်ငှားဖြစ်သည်ဆိုရုံမျှဖြင့်ထိုရှယ်ယာများ တရားဝင်တည်ရှိနေသည့်အခြေအနေကိုပြောင်းလဲနိုင်မည်မဟုတ်ကြောင်း၊အကြောင်းမူထိုရှယ်ယာများအားလွှဲပြောင်းပေးမှုကိုမပယ်ဖျက်သေးသရွေ့သို့မဟုတ်တရားမဝင်ဟုမကြေညာသေးသရွေ့ဥပဒေအရဆိုလျှင်အယူခံတရားပြိုင်တို့သည်ထိုရှယ်ယာများကိုပိုင်သည်ဟုကနဦးတွင်မှတ်ယူရမည်ဖြစ်ကြောင်း၊ကွယ်လွန်သူသေဆုံးချိန်တွင် မျက်မြင်အားဖြင့်အခြားသူပိုင်ကြောင်းပေါ်ပေါက်သည့်ပစ္စည်းများ၏ပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍တရားမကျင့်ထုံးဥပဒေအမိန့် ၂၀၊နည်း၁၃( ၁ )အရစုံစမ်းမှုမပြုနိုင်ကြောင်းသုံးသပ်သည်။


တဖက်တွင် ဒေါ်သိုင်း နှင့် ဒေါ်ငွတ်ပါ ၂၊၁၉၄၉ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ ( တရားလွှတ်တော် )၊စာ - ၄၇၁ကိုကိုးကားဆုံးဖြတ်သော ဒေါ်လွန်းပါ ၅ နှင့် ဒေါ်သိန်းရင်၊၁၉၉၁ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ၁၄၁စီရင်ထုံးတွင်အမွေပုံစီမံခန့်ခွဲပေးစေလိုမှု၌အမွေပုံပစ္စည်းနှင့်ပတ်သက်သောစာချုပ်စာတမ်းကို ပျက်ပြယ်ကြောင်းအဆုံးအဖြတ်ပြုထားသည့်သာဓကရှိသည်ဟုစောဒကတက်စရာရှိပါသည်။


ဒေါ်လွန်းအမှုတွင်ရည်ညွှန်းသောစာချုပ်သည်၊မိဘများပိုင်သောအမွေပစ္စည်းအားလုံးကိုပေးကမ်းသည့်စာချုပ်သည်မူလကပင်ပျက်ပြယ်နေသဖြင့်ထိုသို့အမွေမှုတွင် ပျက်ပြယ်ကြောင်းအဆုံးအဖြတ်ပေးခြင်းဖြစ်ပါသည်။


ဒေါ်လွန်းအမှုကိုလေ့လာပါလျှင်၊အချင်းဖြစ်မြေမှာမိခင်ကွယ်လွန်သောအခါအမွေဆိုင်ပစ္စည်းအဖြစ်ကျန်ရစ်ကြောင်းကြေညာပြဌာန်းပေးရန်နှင့်အမွေစီမံခန့်ခွဲပေးစေလိုကြောင်းတရားစွဲဆိုခြင်းဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ