သတ်မှတ်ကာလကျော်လွန်ကာဆန့်ကျင်လက်ရှိထားရာမှပိုင်ရှင်ဖြစ်လာခြင်း

ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း

စာမျက်နှာ၅၅


သတ်မှတ်ကာလကျော်လွန်ကာဆန့်ကျင်လက်ရှိထားရာမှပိုင်ရှင်ဖြစ်လာခြင်း


အထက်ပါထုံးဖွဲ့ချက် 


"  a person in possesion of land in the assumed character of owner and exercising peaceably the ordinary rights of ownership has a perfectly good title against all the world but the rightful owner . " 


သည်အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်၏ထုံးဖွဲ့ချက်ဖြစ်လာသည်။


ထုံးဖွဲ့ချက်၏ 


" And if the rightful owner does not come forward and asert his title by the process of law within the period prescribed by the provisions of the Statue of Limitation applicable to the case , his right is forever extinguished , " 


သည်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ပါပြဌာန်းချက်ကိုအခြားတနည်း ဖော်ပြခြင်းဖြစ်သည်။


လက်ရှိထားခြင်းဖြင့်ပိုင်သူသည်အကြွင်းမဲ့ပိုင်ဆိုင်ခွင့်ရရှိသည် 


( possessory owner acquires an absolute title . ) 


ဟူသောဥပဒေကိုကာလစည်းကမ်းသတ်အက်ဥပဒေတွင်အတိအလင်းပြဌာန်းခြင်းမပြု။


သို့သော်ပိုင်ဆိုင်ခွင့်ကုန်ဆုံးပြတ်စဲသွားသဖြင့် လက်ရှိထားသူကအကြွင်းမဲ့ပိုင်ရှင်ဖြစ်သွားသည်။


ပုဒ်မ၂၈တွင်ထိုသို့အတိအလင်းပြဌာန်းထားခြင်းမရှိသည်မှာမလို၍ဖြစ်သည်။


သတ်မှတ်ထားသောကာလအကြာတရားလိုလက်ရှိထားမှုသည်ပိုင်ရှင်ဖြစ်သွားသည်ဟုပုဒ်မ ၂၈ကမပြောမဆိုရုံတမယ်သာရှိသည်။


ပိုင်ရှင်၏ပစ္စည်းပိုင်ဆိုင်ခွင့်ပျက်သုဉ်းသွားလျှင်လက်ရှိထားသူသည်ပစ္စည်းပိုင်ရှင်ဖြစ်သွားသည်ဟုသဘာဝကျကျဆင်ခြင်ယူ၍ရနိုင်သည်။


1983 BLR 92 အမှုတွင်အချင်းဖြစ်အိမ်နှင့်စပ်လျဉ်း၍ဗဟိုတရားရုံးကချမှတ်သောအဆုံးအဖြတ်သည် 1961 BLR ( HC ) 119 ( DB ) အမှုတွင်ခုံရုံးကစီရင်ထုံးစာမျက်နှာ ၁၃၀၌ချမှတ်သောအဆုံးအဖြတ်နှင့်ညီညွတ်ခြင်းမရှိသည်ကိုဥပဒေပညာရှင်များ သတိချပ်သင့်သည်။


အခြားနည်းဆုံးဖြတ်ပုံပေါ်သော 1994  BLR  88 နှင့် 1983  BLR  92 အမှုများတွင် အချင်းဖြစ်မြေမှာဘိုးဘပိုင်မြေ၊မြေပိုင်မြေမဟုတ်သောအစိုးရမြေဖြစ်ခဲ့ပါလျှင်ချမှတ်သောအဆုံးအဖြတ်အသီးသီးမှန်ပေလိမ့်မည်။


အကြောင်းမူအစိုးရမြေများကိုအနည်းဆုံးအနှစ်၆၀ဆန့်ကျင်လက်ရှိထားပါမှပိုင်ရှင်ဖြစ်သွားနိုင်သည်။ 


1961  BLR  ( HC ) 119 ( DB ) 


1959  BLR ( HC ) 314 နှင့် 


1972  BLR  112 ( SB ) စီရင်ထုံးနှင့်စာမျက်နှာ၁၂၅တို့ကိုဖတ်ပါ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ