လက်ရှိထားပိုင်ခွင့် ( possessory title )
ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာ၅၂နှင့်၅၃
ဦးစံမောင်က 1963 BLR 708 အမှုတွင်လက်ရှိထားပိုင်ခွင့်အရလက်ရောက်ရလိုမှုစွဲဆိုနိုင်သည်ဟုပြဆိုရာ၌လက်ရှိထားသည့်ကာလသည်၁၂နှစ်ပြည့်ရန်မလိုဟုဆုံးဖြတ်လိုက်ရာမြန်မာနိုင်ငံစီရင်ထုံးသမိုင်းတွင်ပထမဆုံးစီရင်ထုံးဖြစ်လာသည်။
သူတပါးပစ္စည်းအတွင်းသို့ကျူးကျော်ဝင်ရောက်လက်ရှိဖြစ်ခြင်းမျိုးနှင့်ကွဲပြားသော ဥပဒေနှင့်အညီလက်ရှိဖြစ်ခြင်းအရလက်ရှိဖြစ်ခဲ့ဖူးသူကကျူးကျော်သူ၊လက်လွတ်ဆုံးရှုံးစေသူအပေါ်လက်ရောက်ရလိုမှုစွဲဆိုခွင့်ရှိကြောင်းပြဆိုသောဥပဒေသမှာ မြန်မာနိုင်ငံစီရင်ထုံးသမိုင်း၌အကွေ့အကောက်မရှိ၊တစိုက်မတ်မတ်လိုက်နာခဲ့သော ဥပဒေဖြစ်ကြောင်းစီရင်ထုံးများကအထင်အရှားညွှန်ပြပါသည်။
တရားရုံးချုပ်စုံညီခုံရုံးက 1997 BLR 85 စီရင်ထုံးစာမျက်နှာ ၈၈ နှင့် ၈၉ တွင် စီရင်ထုံးသမိုင်းကိုအောက်ပါအတိုင်းတစေ့တစောင်းဖော်ပြပါသည်။
"မြန်မာနိုင်ငံရှိတရားရုံးများသည်လက်ရှိထားပိုင်ခွင့် ( possessory title )ကိုတညီတညွတ်တည်းအသိအမှတ်ပြုခဲ့ကြောင်း၊၁၉၂၂ ခုနှစ်တွင်ဆုံးဖြတ်ခဲ့သည့် မစော နှင့် မောင်ရွှေဂန်အမှု ( အောက်မြန်မာနိုင်ငံစီရင်ထုံး အတွဲ ၁၁ ၊ စာ ၄၁၅ )၌ဖော်ပြခဲ့ပြီး၊ယင်းမူကိုအစဉ်တစိုက်လ်ုက်နာခဲ့ကြသည်။အဒမ်မီးယားရား နှင့် အီဆွတ်အမှု ( ၁၉၄၈ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ ၊ စာ ၄၁၁ )၊မောင်မြသန်း နှင့် ဦးထွန်းတင် ( ၁၉၆၃ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ ၊ စာ ၇၀၈ )၊ဒေါ်တင်ကြည်ပါ ၆ နှင့် ဦးစိုးဝင်းအမှု ( ၁၉၉၀ ပြည့်နှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ ၊ စာ ၂၈) တို့ကိုကြည့်ပါ။"
ထို့နောက်အောက်ပါအတိုင်းထုံးဖွဲ့သည် -
"ပိုင်ဆိုင်ခွင့်တစုံတရာမရှိဘဲပစ္စည်းလက်ရှိဖြစ်သူသည်ထိုပစ္စည်းတွင်ဆိုင်ရေးဆိုင်ခွင့် ( interest ) ရှိ၍ထိုပိုင်ဆိုင်ခွင့်ကိုအမွေဆက်ခံရရှိသည်။ထိုဆိုင်ရေးဆိုင်ခွင့်မှာပိုင်ရှင်အစစ်မှတပါးခပ်သိမ်းကုန်သောသူတို့အပေါ် ခိုင်မာသည်။မစော နှင့် မောင်ရွှေဂန်အမှုကိုရည်ညွှန်းသည်။"
8LBR227(FB) စီရင်ထုံး စာမျက်နှာ ၂၃၂ ၌လည်းကောင်း ၊ 11 LBR 415 စီရင်ထုံး စာမျက်နှာ ၄၁၆ တွင်လည်းကောင်း ကိုးကားလိုက်နာထားသည့် ( 1901 ) ILR 24 All 257 အမှု၌ ပြဆိုထားသော
Comments
Post a Comment