Video Conferenceing စနစ်ကိုအသုံးပြု၍တရားစီရင်ပိုင်ခွင့်ရှိပါ​၏လော

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


Video  Conferencing စနစ်ကိုအသုံးပြု၍တရားစီရင်ပိုင်ခွင့်ရှိပါ၏လော ?


တရားရုံးလုပ်ငန်းများတွင်၊တရားရုံးစီမံခန့်ခွဲရေးလုပ်ငန်းများ၊တရားစီရင်သည့်လုပ်ငန်းများစသည်ဖြင့်ရှိရာ၊တရားစီရင်သည့်လုပ်ငန်းများသည်ဥပဒေအရအာဏာအပ်နှင်းထားပါမှ၊တနည်းအားဖြင့်ဥပဒေပြဌာန်းချက်ရှိပါမှ၊ထိုအာဏာအတိုင်းဆောင်ရွက်နိုင်သည့်အာဏာရှိပါသည်။


ယခုမြန်မာနိုင်ငံရှိ၊ရာဇဝတ်ကျင့်ထုံး၊တရားမကျင့်ထုံးများတွင်စီရင်ချက်ချမှတ်ခြင်း၊ကြားနာခြင်းတို့နှင့်စပ်လျဉ်း၍ Video  Conferencing ကဲ့သို့သောနည်းများဖြင့်ဆောင်ရွက်နိုင်သောအာဏာရှိသည်ဟုပြဌာန်းချက်မရှိသေးပါ။


ထိုသို့ဆောင်ရွက်နိုင်ရန်လက်ရှိဥပဒေများကိုပြင်ဆင်ပါမှထိုသို့ Video  Conferencing ဖြင့်ဆောင်ရွက်ခွင့်ရှိမည်ဟုဖော်ပြလိုပါသည်။


ဤအယူအဆကိုသက်သေခံအက်ဥပဒေပုဒ်မ ၆၀ ၏နောက်တွင်၊ပုဒ်မ ၆၀-ကအဖြစ်ဖြည့်စွက်၍ဗီဒီယိုသို့မဟုတ်ရုပ်မြင်သံကြားဆက်သွယ်မှုဖြင့်တိုက်ရိုက်သက်သေခံချက်ယူနိုင်ရန်ဥပဒေကိုဖြည့်စွက်၍တရားရုံးအားအာဏာအပ်နှင်းခဲ့သည့်သာဓကကို တွေ့မြင်နိုင်ပါသည်။


သို့ပါ၍စီရင်ချက်ချခြင်း၊ကြားနာခြင်းကိစ္စများကို Video  Conferencing ဖြင့်ပြုလုပ်ရန်တရားရုံးတွင်အာဏာရှိမရှိစိစစ်သင့်ပါကြောင်း။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ