ဒေါ်စဝ်ချစ်ဦးပါ၉ နှင့် ဦးစိုင်းရီ ( ၂၀၀၂ မတစ ၂၆၀ )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဒေါ်စဝ်ချစ်ဦး(ကွယ်လွန်သူဒေါ်စဝ်လိပ်လုံ၏တရားဝင်ကိုယ်စားလှယ် )ပါ-၉ နှင့် ဦးစိုင်းရီ
( ၂၀၀၂ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ၂၆၀)
စီရင်ထုံးပါအမှုဖြစ်စဉ်ကိုလေ့လာကြည့်လျှင်ပဋိညာဉ်စာချုပ်ဖြင့်အရောင်းအဝယ်ပြုထားသော အရောင်းပဋိညာဉ်ပါမြေနှင့်အဆောက်အအုံကိုမှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးစေလိုမှုစွဲဆိုရာတွင်ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုသောစာချုပ်မှာ တန်ဖိုးလျော့နည်း၍ချုပ်ဆိုထားခြင်းဖြစ်သောကြောင့်ထိုပဋိညာဉ်( ရောင်းရန်ပဋိညာဉ်ဖြစ်ပါသည်။)သည်တရားဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့်သဘောတူညီချက်ဖြစ်၍ထိုပဋိညာဉ်မှာပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃နှင့်ဆန့်ကျင်သဖြင့်အတည်မပြုလုပ်နိုင်ကြောင်းညွှန်ပြပြီးနောက်အရောင်းအဝယ်ပဋိညာဉ်အတိုင်းဆောင်ရွက်စေရန်(မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးရန်)ချမှတ်ထားသောစီရင်ချက်နှင့်ဒီကရီတို့ကိုပယ်ဖျက်ရာ၌ထုံးပြုထားသောစီရင်ထုံးတရပ်ဖြစ်ကြောင်းတွေ့မြင်နိုင်ပါသည်။
တနည်းအားဖြင့်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃နှင့်ငြိစွန်းသောပဋိညာဉ်ကိုပဋိညာဉ်အတိုင်းဆောင်ရွက်ပေးရန်( မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးရန် )ငြင်းဆိုခဲ့သောထုံးသာဓကတရပ်သာဖြစ်ပါသည်။
ဒေါ်စဝ်ချစ်ဦးအမှုတွင်အဆုံးအဖြတ်ပြုခဲ့သောထုံးသာဓကသည်ပဋိညာဉ်စာချုပ်အဆင့်ကိုကျော်ပြီးဖြစ်သောမှတ်ပုံတင်စာချုပ်များနှင့်သက်ဆိုင်ခြင်းမရှိပါ။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃၏ဥပမာ( က )တွင်အောက်ပါအတိုင်းပြဆိုထားသည်။
" ( a ) A agree to sell his house to B for 10,000 rupees . Here B's promise to pay the sum of 10,000 rupees is the consideration for A's promise to sell the house , and A's promise to sell the house is the consideration for B's promise to pay the 10,000 rupees . These are lawful consideration . "
" ( က ) ဦးဖြူသည်မိမိအိမ်ကိုဦးမဲအား ကျပ်၁၀၀၀၀ဖြင့်ရောင်းချရန်သဘောတူညီရာ၌ဦးမဲကကျပ်၁၀၀၀၀ပေးရန်ပြုသောကတိသည်ဦးဖြူကမိမိအိမ်ကိုရောင်းချရန် ကတိအတွက်အဖိုးစားနားဖြစ်၍ဦးဖြူကအိမ်ရောင်းချရန်ကတိသည်ဦးမဲက ကျပ်၁၀၀၀၀ပေးရန်ပြုသောကတိ၏အဖိုးစားနားဖြစ်သည်။ဤအဖိုးစားနားများသည်ဥပဒေနှင့်ညီသည်။"
မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုရောင်းချရန်သဘောတူညီချက်၏ရည်ရွယ်ချက်သည်တရားဥပဒေနှင့်မညီဟုထိုဥပမာကမဆို။ဥပဒေနှင့်မညီသောရည်ရွယ်ချက်တို့ကို ပုဒ်မ၂၃၏ဥပမာ( င )နှင့်( ဇ )တို့တွင်ဖော်ပြထားသည်။
စရန်ပေးစာချုပ်၏ရည်ရွယ်ချက်သည်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအရောင်းအဝယ်ပြုရန်ဖြစ်သည်။
ထိုသို့အရောင်းအဝယ်မပြုရန်ပိတ်ပင်သောဥပဒေမရှိ။
ထိုအရောင်းအဝယ်မျိုးသည်မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့်ဥပဒေပါပိတ်ပင်ချက်တွင်အကျုံးမဝင်။
သို့ဖြစ်ရာအရောင်းအဝယ်သဘောတူညီချက်၏ရည်ရွယ်ချက်သည်ပုဒ်မ၂၃၏ဥပမာ( င )နှင့်( ဇ )တို့တွင်အကျုံးဝင်သည်မဟုတ်။
Comments
Post a Comment