ဟန်ဆောင်မှတ်ပုံတင်ကိုယ်စားလှယ်စာကိုဖျက်သိမ်းပေးစေလိုမှု

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


စာချုပ်စာတမ်းတရပ်သည်စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေအရအပြီးသတ်မှတ်ပုံမတင်ရသေးသဖြင့်ဒေါ်ထွေးသိန်းနှင့်ဦးရွှေကူပါ၂၊၁၉၉၀ပြည့်နှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ၆၀ပါလမ်းညွှန်ချက်နှင့်ချိတ်ဆက်ဆင်ခြင်လျှင်ထိုစာချုပ်မှာ စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ ၄၉ ( က )အရမြွက်ဟဒီကရီစွဲဆိုခွင့်မရှိသောကြောင့်ထိုစာချုပ်ဥပဒေအာနိသင်မရှိကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုခြင်းသည်အမှုပုံစံမှားယွင်းကြောင်းယုံမှားဖွယ်မရှိ။


အထွေထွေကိုယ်စားလှယ်စာရရှိထားသူသည်၎င်းရရှိထားသည့်ကိုယ်စားလှယ်စာအားစာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့လိုက်လံဖျက်သိမ်းပေးရန်ဥပဒေတစုံတရာမရှိ။ သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉မှာစာချုပ်စာတမ်းပယ်ဖျက်ခြင်းနှင့်သက်ဆိုင်သည်။


ထိုပုဒ်မရှိ ဒုတိယအပိုဒ်ပါ 


" If the instrument has been registered under the Registration Act , the Court shall also send a copy of its decree to the officer in whose office the instrument has been so registered ; and such officer shall note on the copy of the instrument contained in his book the fact of its cancellation . "  


( ထိုစာချုပ်ကိုစာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေအရမှတ်ပုံတင်ထားပြီးဖြစ်လျှင်၊တရားရုံးသည်မိမိဒီကရီမိတ္တူကိုလည်းထိုသို့မှတ်ပုံတင်ထားသောရုံး၏အရာရှိထံပေးပို့ရမည်၊ထို့ပြင်ထိုအရာရှိသည်မိမိစာအုပ်များရှိစာချုပ်မိတ္တူပေါ်တွင်ပယ်ဖျက်ပြီးကြောင်းရေးမှတ်ရမည်။)ဟူသောပြဌာန်းချက်အရအထွေထွေကိုယ်စားလှယ်စာရရှိထားသူသည်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့သွားရောက်ရန်လိုအပ်သည်ဟု အကြောင်းပြခြင်းသည်ဥပဒေနှင့်မညီ။


အဆိုပြုချက်များတွင်အချင်းဖြစ်စာချုပ်မှာဟန်ဆောင်ဖြစ်ကြောင်းအဆိုပြုထားခြင်းမရှိ။မှတ်ပုံတင်ရုံးမှဝန်ထမ်း၏လိမ်လည်မှုကြောင့်ကိုယ်စားလှယ်စာကိုချုပ်ဆိုခဲ့ရကြောင်းသာလျှင်အဆိုပြုထားရာထိုအဆိုပြုချက်မှန်ရုံမျှဖြင့်ဟန်ဆောင်စာချုပ်မဖြစ်နိုင်။ဟန်ဆောင်စာချုပ်ဖြစ်ကြောင်းအဆိုပြုပြီးသက်သေထင်ရှားပြနိုင်လျှင် ဟန်ဆောင်စာချုပ်ဖြစ်ကြောင်းမြွက်ဟကြေညာပေးနိုင်သည်။ထိုသို့မြွက်ဟကြေညာသောစာချုပ်သည်ဥပဒေအရအာနိသင်မရှိကြောင်းမြွက်ဟကြေညာပေးရန်မလို။


ဒေါ်သောင်းချစ်ပါ၅နှင့်ဦးထွန်းလှိုင်ပါ၂ ၊ ၁၉၆၅ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ ၊ စာ - ၁၉စီရင်ထုံးတွင်လမ်းညွှန်ချက်အရဟန်ဆောင်စာချုပ်ဆိုသည်မှာအမှန်ကိစ္စ( ဥပမာ - အပေါင် )ကိုဖုံးကွယ်ပြီးချုပ်ဆိုသောစာချုပ်မျိုးဖြစ်သည်။အဆိုလွှာတွင်မည်ကဲ့သို့သောအဖြစ်မှန်ကိစ္စကိုဖုံးကွယ်ချုပ်ဆိုသောစာချုပ်များဖြစ်၍၊ဟန်ဆောင်စာချုပ်ဖြစ်ကြောင်းပေါ်လွင်စေမည့်အဆိုပြုချက်ကိုပင်တလုံးတပါဒမျှအဆိုပြုထားခြင်းမရှိ။တောင်းဆိုသကဲ့သို့ဟန်ဆောင်ယာယီမှတ်ပုံတင်စာချုပ်နှင့် ဟန်ဆောင်မှတ်ပုံတင်ကိုယ်စားလှယ်စာဟူ၍မရှိ။


ဟန်ဆောင်မှတ်ပုံတင်ကိုယ်စားလှယ်စာကိုဖျက်သိမ်းပေးစေလိုမှုသည်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉နှင့်မသက်ဆိုင်။ထိုစာချုပ်မျိုးကိုပယ်ဖျက်ပေးရန် အခြားပြဌာန်းချက်များလည်းမရှိ။ဟန်ဆောင်စာချုပ်သည်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉ တွင်အကျုံးဝင်သောvoidသို့မဟုတ်voidableတွင်အကျုံးမဝင်။


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၃ တွင်


 " All words occuring in this Act , which are defined in the Contract Act , shall be deemed to have the meanings respectively assinged to them by that Act."


( ထို့ပြင်ပဋိညာဉ်အက်ဥပဒေတွင်အဓိပ္ပါယ်ဖွင့်ဆိုထားသောဤအက်ဥပဒေပါစကားအရပ်ရပ်သည်ထိုအက်ဥပဒေအရဖော်ပြထားသည့်အတိုင်းအဓိပ္ပါယ်အသီးသီးဆောင်သည်ဟုမှတ်ယူရမည်။)ဟုပြဌာန်းထားသည်။


ပဋိညာဉ်အက်ဥပဒေတွင်void နှင့် voidable ကိုအဓိပ္ပါယ်ဖွင့်ဆိုထားရာဟန်ဆောင်စာချုပ်အကြောင်းမပါ။မည်သို့ပင်ဖြစ်စေကာမူဟန်ဆောင်စာချုပ်ဟူသည်အာနိသင်မရှိသောစာချုပ်ဖြစ်၍ပယ်ဖျက်ပေးရန်မလိုဟူသောဥပဒေသမှာတီပီပီသာပါမားချစ်တီး နှင့်အာမွန်ရန်ဒီဆာဗိုင်း၊အောက်မြန်မာ၊အတွဲ၄၊စာ - ၂၆၆ ( ပီစီ )အမှုမှစ၍ကျင့်သုံးခဲ့သည်မှာယနေ့တိုင်ဆန့်ကျင်ဘက်စီရင်ထုံးဟူ၍မရှိသေးပါ။


ဟန်ဆောင်ယာယီမှတ်ပုံတင်အရောင်းအဝယ်စာချုပ်ဥပဒေအာနိသင်မရှိကြောင်း၊စွဲဆိုခြင်းနှင့်စပ်လျဉ်း၍ဆင်ခြင်စဉ်းစားလျှင်ဟန်ဆောင်စာချုပ်ဟူသည်ဥပဒေမျက်စီတွင်ရပ်တည်နိုင်စွမ်းမရှိသောကြောင့်ထိုကဲ့သို့ရပ်တည်နိုင်စွမ်းမရှိသောစာချုပ်မျိုးကို ပယ်ဖျက်ပေးရန်အကြောင်းလည်းမပေါ်ပေါက်။ထိုဥပဒေသဘောကိုဒေါ်ညွန့်သီ နှင့် ဦးအောင်ခင် ၊ ၁၉၈၃ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ ၊ စာ - ၂၆ အမှုတွင် လမ်းညွှန်ထားပြီးဖြစ်သည်။


အဆိုလွှာတွင်လိမ်လည်ချုပ်ဆိုသောစာချုပ်များဟုအဆိုပြုသည်။လိမ်လည်၍ချုပ်ဆိုသောစာချုပ်သည်ဟန်ဆောင်စာချုပ်မဟုတ်။ဟန်ဆောင်ကိုယ်စားလှယ်စာအား ဖျက်သိမ်းပေးစေလိုမှုစွဲဆိုခြင်းသည်အမှုပုံစံလွဲမှားလျှက်ရှိသည်။အမှုပုံစံအမှန်မှာ ထိုစာချုပ်သည်ဥပဒေအရပျက်ပြယ်ကြောင်းဖြစ်စေ၊ဖျက်သိမ်းလိုကဖျက်သိမ်းနိုင်ကြောင်းဖြစ်စေအရေးဆိုပါမှအမှုပုံစံမှန်ကောင်းမှန်ပါလိမ့်မည်။


ကိုယ်စားလှယ်စာမှာမှတ်ပုံတင်ရုံးမှဝန်ထမ်း၏လိမ်လည်လှည့်ဖြားခြင်းကြောင့်ချုပ်ဆိုရခြင်းဖြစ်ပါမူပဋိညာဉ်အက်ဥပဒေပုဒ်မ၁၇ပါပြဌာန်းချက်နှင့်ငြိစွန်းမည်ဖြစ်၍ ပုဒ်မ၁၉အရပဋိညာဉ်ကိုဖျက်သိမ်းခွင့်ရှိပါလျှင်၊အရောင်းအဝယ်စာချုပ်ကိုဖျက်သိမ်းပေးရန်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရတရားစွဲဆိုရန်ဖြစ်ရာပုဒ်မ၄၂ အရမြွက်ဟကြေညာပေးရန်တရားစွဲဆိုခွင့်မရှိနိုင်။ယာယီမှတ်ပုံတင်အရောင်းအဝယ်စာချုပ်သည်ဥပဒေအာနိသင်မရှိကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆို၍မြွက်ဟဒီကရီတောင်းဆိုခြင်းသည်အမှုပုံစံမမှန်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ