လင်မယားကွာရှင်းပေးစေလိုမှုနှင့်ပစ္စည်းခွဲဝေပေးစေလိုမှုတွင်၊လင်မယားကွာရှင်းခွင့်ကိုပလပ်လိုက်လျှင်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပရီဗီကောင်စီက၁၉၁၁ခုနှစ်မေလ၉ရက်နေ့တွင်အဆုံးအဖြတ်ပေးထားသည့် မောင်ဖေ နှင့် လုံမကလေး ၊ အတွဲ ၆ ၊ အောက်မြန်မာ ၊ စာ - ၁၈ ( ပီ စီ ) စီရင်ထုံးတွင် လင်မယားကွာရှင်းပေးစေလိုမှုတွင်တရားစွဲဆိုရန်အကြောင်းမှာအိမ်ထောင်ရေးပြစ်မှုဖြစ်ပြီး၊ပစ္စည်းခွဲဝေပေးစေလိုမှုတွင်တရားစွဲဆိုရန်အကြောင်းမှာထိုအိမ်ထောင်ရေးပြစ်မှုအပေါ်အခြေခံသောကွာရှင်းမှုဖြစ်သည်ဟုအောက်ပါအတိုင်းထုံးဖွဲ့ထားသည်။


MAUNG PE vs. LON MA GALE 


( LBR  , Vol 6 , Page - 18 , ( P C ) 


A obtained a decree of divorce only in the Township Court against B under Burmese Buddhist Law . He then sued her in the District Court for a partition of property and obtained a decree . The Chief Court allowed the appeal against this decree and set it aside on the ground that section 43 of the Code of Civil Procedure , 1882 , prevents suits for partition of property in consequence of divorce under Burmese Buddhist Law from being brought after a suit for divorce only unless permission to omit the claim for a partition of property was given by the Court before which the divorce suit was heard .


On appeal to the Privy Council it was held that section 42 and 43 of the Code of Civil Procedure , 1882 . ( Rules 1 and 2 of Order 2 of the Code of Civil Procedure , 1908 ) were not intended to bar an action like the present . The cause of action for the divorce was the misconduct of the wife , but the cause of action for the partition was the divorce of the wife founded on that misconduct .


Aသည်Bအပေါ်မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ၊လင်မယားကွာရှင်းပေးစေလိုမှုဒီကရီကိုမြို့နယ်တရားရုံးတွင်သာရရှိခဲ့သည်။ထို့နောက်Aသည်Bအားခရိုင်တရားမရုံးတွင်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရာဒီကရီရရှိခဲ့သည်။


ကွာရှင်းပေးစေလိုမှုကိုမကြားနာမီပစ္စည်းခွဲဝေပေးရန်တောင်းဆိုချက်ကိုချန်လှပ်ထားရန်တရားရုံးကခွင့်ပြုခဲ့ခြင်းမရှိလျှင်မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရလင်မယားကွာရှင်းမှုအရပစ္စည်းခွဲဝေပေးစေလိုမှုကိုတရားမကျင့်ထုံးဥပဒေအမိန့်၂၊နည်း၂ကပိတ်ပင်သည်ဟူသောအကြောင်းပြချက်ဖြင့်တရားရုံးချုပ်ကဤဒီကရီကိုပယ်ဖျက်လိုက်သည်။


ပရီဗီကောင်စီသို့အယူခံဝင်ရာ-


ဆုံးဖြတ်ချက် ။   ။ အမိန့်၂၊နည်း၂သည်ယခုအမှုမျိုးအတွက်မရည်ရွယ်ချေ။ကွာရှင်းပေးစေလိုမှုအတွက်တရားစွဲဆိုနိုင်ရန်အကြောင်းသည်မယား၏အကျင့်ပျက်ပြားမှုဖြစ်သည်။သို့ရာတွင်ပစ္စည်းခွဲဝေပေးစေလိုမှုအတွက်တရားစွဲဆိုနိုင်ရန်အကြောင်းသည်ထိုအကျင့်ပျက်ပြားမှုအပေါ်အခြေခံ၍မယားအားကွာရှင်းခြင်းဖြစ်သည်။

မောင်ဖေ နှင့် လုံမကလေး ၊ အောက်မြန်မာ ၊ အတွဲ ၆ ၊ စာ - ၁၉ ( ပီစီ )


မောင်ဖေနှင့်လုံမကလေးစီရင်ထုံးကိုအခြေခံပြီး၊၁၉၈၅ ခုနှစ်တွင်ဦးဇော်ဖေ နှင့် ဒေါ်ခင်သန်း ၊ ၁၉၈၅ ၊ မတစ ၊ စာ -၅၉ ( ၆၃ ) အမှု၌အရောင်းအဝယ်ကိစ္စကိုသီးခြားဆောင်ရွက်ပေးစေလိုမှုမှာပစ္စည်းရောင်းချရန်ပဋိညာဉ်အပေါ်အခြေခံ၍စွဲဆိုခြင်းဖြစ်ပြီး၊လက်ရောက်ပေးအပ်စေလိုမှုမှာပစ္စည်းလွှဲပြောင်းစာချုပ်အပေါ်အခြေခံ၍စွဲဆိုခြင်းဖြစ်သည်ဟုညွှန်ပြပြီး၊တရားစွဲဆိုရန်အကြောင်းနှစ်ရပ်ကိုတမှုတည်းတွင်ပူးတွဲစစ်ဆေးနိုင်ကြောင်းမြန်မာမှုပြုထားခဲ့သည်။ 


ဆိုလိုသည်မှာလင်မယားကွာရှင်းပေးစေလိုမှုနှင့်ပစ္စည်းခွဲဝေပေးစေလိုမှုကိုတမှုတည်းတွင်ပူးတွဲစစ်ဆေးနိုင်ကြောင်းမောင်ဖေစီရင်ထုံးကစတင်ခဲ့ခြင်းဖြစ်သည်။


မောင်ဖေစီရင်ထုံးမတိုင်မီကတခုပြီးမှတခုစွဲဆိုခဲ့ခြင်းဖြစ်သည်။


လင်မယားကွာရှင်းပေးစေလိုမှုနှင့်ပစ္စည်းခွဲဝေပေးစေလိုမှုတွင်၊လင်မယားကွာရှင်းခွင့်ကိုပလပ်လိုက်လျှင်ပစ္စည်းခွဲဝေပေးစေလိုမှုအောင်မြင်ရန်အကြောင်းရှိမရှိစဉ်းစားရန်ဖြစ်သည်။


တရားစွဲဆိုရန်အကြောင်းဟူသည်တရားလိုအမှုနိုင်ရန်သက်သေထင်ရှားပြရမည့် အကြောင်းခြင်းရာများဖြစ်သည်။


နှစ်ဘက်တင်ပြသော သက်သေခံချက်များကိုမရယူသေးမီတရားပြိုင်ဘက်မှမငြင်းသောအကြောင်းခြင်းရာများမှအပအဆိုလွှာပါကျန်အကြောင်းခြင်းရာများသည်သက်သေထင်ရှားခြင်းမရှိနိုင်သေးသည့်အလျောက် တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုမည်သို့ဆိုနိုင်ပါမည်နည်း။


တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆိုခြင်းသည်တရားလိုအမှုနိုင်ရန် သက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာများသက်သေထင်ရှားသည်ဟုဆိုရာရောက်သည်ဖြစ်၍သက်သေများကိုမစစ်ဆေးမီတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆိုနိုင်ပါမည်လား?


မောင်ဖိုးသီးပါ၂နှင့်မောင်ကျော်ဆင့် 1952 BLR ( H C ) 410 အမှုတွင်တရားစွဲဆိုရန်အကြောင်းသည်တရားမစွဲဆိုမီပေါ်ပေါက်ရမည်ဟုဆိုခြင်းသည်အလုံးစုံမမှန်နိုင်။


မောင်ဖေအမှု၊ဦးဇော်ဖေအမှုများအရ ဒုတိယသက်သာခွင့်များသည်တရားစွဲဆိုစဉ်က တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်သေးပါ။


ထိုအချက်ကိုကွဲကွဲပြားပြားမှတ်သားရန်လိုပါသည်။


ကြောင်းကျိုးဆက်စပ်ဆင်ခြင်၍တွေးခေါ်စဉ်းစားသည့်ဉာဏ်ဖြင့်စဉ်းစားဆင်ခြင်ကြည့်ပါ။


ကြောင်းကျိုးဆက်စပ်စဉ်းစားဆင်ခြင်သည့်ဉာဏ်တိမ်ကောသွားသည်နှင့်အမျှ၊မြန်မာ့တရားစီရင်ရေးသည်ရင်လေးဖွယ်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ