အမိန့်သည်ပုဒ်မ၄၇၊ပုဒ်မ၂(၂)တွင်အကျုံးဝင်လျှင်ဒုတိယအယူခံဝင်ခွင့်ရှိသည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

အယူခံဆိုသည်မှာမူလအမှုဒီကရီဖြစ်လျှင်ပုဒ်မ၉၆အရပထမအယူခံဝင်ရောက်ခွင့်ရှိသည်။

သို့သော်တရားလွှတ်တော်ကတရားမမူလမှုစီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးချမှတ်ခဲ့သည့်ဒီကရီတရပ်ရပ်သို့မဟုတ်အပြီးသတ်အမိန့်ကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ပုဒ်မ၁၀၉(ခ)အရအယူခံဝင်ရောက်ခွင့်ရှိသည်။

သို့သော်အမိန့်များနှင့်စပ်လျဉ်း၍ပုဒ်မ၁၀၄( ၁ )နှင့်အမိန့်၄၃၊နည်း၁တွင်အကျုံးဝင်လျှင်တရားမအထွေထွေအယူခံဝင်ရောက်ခွင့်ရှိသော်လည်း၊အဆိုပါအထွေထွေအယူခံမှုများသည်တကြိမ်သာအယူခံဝင်ရောက်ခွင့်ရှိသည်။

နောက်ထပ်တက်လျှင် ပြင်ဆင်မှုသာဝင်ရောက်ခွင့်ရှိသည်။

အဓိကပြဿနာမှာဇာရီမှုတွင်ချမှတ်သောအမိန့်များကိုမကျေနပ်၍အထွေထွေအယူခံဝင်ရောက်ပြီးလျှင်ဘာဆက်တက်ရမည်ဆိုသည်ကိုသာမာန်အသိမျှနှင့်မသိနိုင်၊မခွဲခြားနိုင်ပါ၊ပညာသားပါပါသိရသောအသိမျိုးဖြစ်သည်။ 

ဥပမာ-အမိန့်သည်ပုဒ်မ၄၇၊ပုဒ်မ၂( ၂ )တွင်အကျုံးဝင်လျှင်ဒုတိယအယူခံဝင်ခွင့်ရှိသည်။
——————————————

A. I. R. 1924 Rangoon 124.

Ma Pwa—Appellant.

                v.

Md. Tambi and another—Respondents.

LENTAIGNE, J.
——————————————

1 Ran 533

MA PWA  v. MAHOMED TAMBI AND ONE.*

Before Mr. Justice Lentaigne.

အမှုတွင်အောက်ပါအတိုင်းဆုံးဖြတ်ထားသည်။

Practice-Second appeal-Application under section 47, Civil Procedure Code ( V of 1908 )-Application under Order 21, rules 90, 92-Suit to set aside sale wuthout attachment-Limitation Act ( IX of 1908 ), article 166-Sale without attachment, an irregularity. 

Held, that an objection as to the defect or absence of the necessary attachment of the prooerty sold in execution, involves a substantial questiin as to the absence of proper notice to the judgment-debtor as to the property attached, and does not come within Order 21, Rule 90 but comes within the provisions of section 47 of the Code of Civil Procedure.

Held also, that, consequently, in such a case the party aggrived has a right of second appeal.
———————————————-

မပွါး နှင့် မဟာမက်တမ်ဘီပါ၂

ရန်ကုန် အတွဲ၁၊စာ၅၃၃

အမှုတွင်"ဇာရီမှုတွင်ပစ္စည်းရောင်းချရာ၌ချွတ်ယွင်းချက်သို့မဟုတ်လိုအပ်သည့်ဝရမ်းကပ်မှုမရှိခြင်းနှင့်စပ်လျဉ်းသည့်ကန့်ကွက်ချက်တွင်ဝရမ်းကပ်သောပစ္စည်းနှင့်ပတ်သက်၍တရားရှုံးထံဆိုင်ရာနို့တစ်ထုတ်ဆင့်မှုမပြုခြင်းနှင့်စပ်လျဉ်းသည့်အရေးယူလောက်သောပြဿနာပေါ်ပေါက်ပါဝင်နေသဖြင့်အမိန့်၂၁၊နည်း၉၀တွင်အကျုံးမဝင်ဘဲတရားမကျင့်ထုံးဥပဒေ ပုဒ်မ၄၇ တွင်အကျုံးဝင်သည်။သို့ဖြစ်ရာထိုအမှုတွင်နစ်နာသူသည်ဒုတိယအယူခံဝင်နိုင်သည်။"ဟုသုံးသပ်ဆုံးဖြတ်ထားသည်။
————————————————-

A.I.R. 1924 Rangoon 323.

V. T. Arunachellam Chetty-Appellant.

                        v.

Maung San Ngwe—Respondent.

LENTAIGNE AND CARR, JJ.
—————————————————-

2 Ran 168 

V. T. ARUNACHELLAM CHETTY

                       v.

MAUNG SẢN NGWE.*

Before Mr. Justice Lentaigne, and Mr. Justice Carr.

စီရင်ထုံးစာမျက်နှာ၁၇၁တွင်-

“The question arising between him and the decree - holder is , therefore , not one for decision under section 47 of the Civil Procedure Code . The decision of the Subdivisional Court was an " order " and not a " decree " , and a second appeal from an order does not lie.”

ဟူ၍လည်းကောင်း၊

စီရင်ထုံးစာမျက်နှာ၁၇၂တွင်-

“Moreover if the question is one under Order 21 there is no right even of first appeal. The Divisiobal Judge must therefore have regarded the matter as one coming within section 47. In these circumstances I think we must hold that all these appeals lie. But if we find that the question does not fall under section 47 we must set aside all the decisions as without jurisdiction and refer Maung San Ngwe to his proper remedy.”

ဟုထုံးဖွဲ့ထားသည်။
——————————————————-

ဗွီတီအရွန်းနားချယ်လမ်ချစ်တီး နှင့် မောင်စံငွေ

ရန်ကုန် အတွဲ၂၊စာ၁၆၈

အမှုတွင်"ဝရမ်းကပ်သောပစ္စည်းမှာကန့်ကွက်သူပိုင်ဖြစ်သလား၊သို့မဟုတ်တရားရှုံးပိုင်ဖြစ်သလားဟူသောပြဿနာသည်တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇၏အဓိပ္ပာယ်အရတရားမကြီးမှုမှ အမှုသည်များအကြားပေါ်ပေါက်သောပြဿနာဖြစ်၍ဒုတိယအယူခံဝင်နိုင်သည်။"ဟု ထုံးဖွဲ့ထားသည်။
——————————————————-

ဦးဆင် နှင့် ဒေါ်ရင်ရွှေ

၁၉၈၁ မတစ ၄၅

အမှုတွင်”မူလရုံးကချမှတ်သောအမိန့်သည်လည်းကောင်း၊တိုင်းတရားရုံးကချမှတ်သောအမိန့်သည်လည်းကောင်းအပြီးသတ်ဒီကရီကိုအတည်ပြုရာတွင်ပေါ်ပေါက်လာသောပြဿနာနှင့်ပတ်သက်၍ချမှတ်သောအမိန့်ဖြစ်သဖြင့်ယင်းအမိန့်များမှာတရားမကျင့်ထုံးဥပဒေပုဒ်မ၂( ၂ )၊၄၇အရအယူခံဝင်ခွင့်ရှိသောဒီကရီဖြစ်​သောကြောင့်လျှောက်ထားသူသည်ယင်းဒီကရီတို့ကို အဆင့်ဆင့်အယူခံမဝင်ဘဲပြင်ဆင်မှုလျှောက်ထားခွင့်မရှိပေ။"ဟုဆုံးဖြတ်ထားသည်

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ