မလျော်ဩဇာသုံးသည်ဟုစွပ်စွဲရုံမျှနှင့်ပျက်ပြယ်သောစာချုပ်မဟုတ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


စာချုပ်လိမ်လည်ချုပ်ဆိုခြင်းဟူသောကိစ္စကိုစောဒကတက်နိုင်သူမှာ၊စာချုပ်ချုပ်ဆိုသူများအချင်းချင်း၊ထိုစာချုပ်ချုပ်ဆိုသူတဦးတယောက်ကွယ်လွန်သွားလျှင် ၎င်း၏အမွေခံများကသာလိမ်လည်ချုပ်ဆိုထားသောစာချုပ်ဖြစ်သည်ကိုစောဒကတက်ခွင့်ရှိပါသည်။


ယုတ်စွအဆုံးအချင်းဖြစ်စာချုပ်ချုပ်ဆိုရာတွင်ပါဝင်ခြင်းမရှိသူများသည်၊ထိုစာချုပ်ကိုဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်းတင်ပြခွင့်ပင်မရှိပါ။


မှတ်ပုံတင်စာချုပ်စာတမ်းတရပ်ကိုစာချုပ်စာတမ်းပယ်ဖျက်ပေးစေလိုသည့်စွဲဆိုသည့်အမှုမဟုတ်ပဲ၊အမွေပုံစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုသည့်အမှုတွင်မှအပ၊အခြားစွဲဆိုမှုတွင်ပယ်ဖျက်နိုင်ကြောင်းထုံးသာဓကမရှိပါ။


လုပ်ထုံးလုပ်နည်းအမှန်မှာ၊ဥပဒေနှင့်အညီမှတ်ပုံတင်ထားသောစာချုပ်တရပ်ဖြစ်သောကြောင့်၊ဥပဒေတွင်ခွင့်ပြုသည့်အတိုင်းအကျိုးသက်ရောက်မှုမရှိကြောင်းဖြစ်စေ၊ပယ်ဖျက်ပေးရန်ဖြစ်စေ၊စီရင်ပိုင်ခွင့်အာဏာရတရားရုံးတရုံးတွင်တရားစွဲဆိုအောင်မြင်ပြီးမှ၊ထိုစာချုပ်အာနိသင်မရှိကြောင်းတင်ပြနိုင်သည့်အခွင့်အရေးရှိလာမည်ဖြစ်ပါသည်။


မလျော်ဩဇာသုံးပြီးချုပ်ဆိုသောစာချုပ်သည်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၉-က အရ " ပျက်ပြယ်ခွင့်ရသောစာချုပ်"သာဖြစ်သည်။စက္ကူစုတ်စာချုပ်မဟုတ်ဘဲ၊မလျော်ဩဇာသုံးသည်ဟုစွပ်စွဲရုံမျှနှင့်ပျက်ပြယ်သောစာချုပ်မဟုတ်ပါ။ 


မှတ်သားလောက်သော AIR  1939 ( 138 ) P.C စီရင်ထုံးတွင်"အလေးအနက်ထားချုပ်ဆိုပြီးနည်းလမ်းတကျမှတ်ပုံတင်ထားသောစာချုပ်ကိုစီရင်ပိုင်ခွင့်အာဏာရှိသောတရားရုံးကမဖျက်သိမ်းသမျှကာလပတ်လုံးအတည်ဖြစ်သည်"ဟုအောက်ပါအတိုင်းထုံးဖွဲ့ထားသည်။


"  It is no doubt also true that a solemnly executed and duly registered instrument must stand until set aside by a competent court . "

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ