အဆိုပြုချက်များကိုတရားပြိုင်ဘက်မှငြင်းလျှင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆုံးဖြတ်နိုင်သလော

ဆရာကြီးဦးမြရေးသားသောဥပဒေပြဿနာအဖြာဖြာ

စာမျက်နှာ၈၈


အဆိုပြုချက်များကိုတရားပြိုင်ဘက်မှငြင်းလျှင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆုံးဖြတ်နိုင်သလော?


ဦးဖိုးသီးအမှုအပါအဝင်စီရင်ထုံးများပါ"ငြင်းလျှင်"( if traversed )ဟူသောစကားရပ်ကိုအကြောင်းပြုပြီးအဆိုလွှာပါအဆိုပြုချက်များကိုတရားပြိုင်ဘက်မှငြင်းပါက တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုတရားရုံးချုပ်အပါအဝင်တရားရုံးများကဆုံးဖြတ်သည်ကိုဖတ်ရဖူးသည်။


တရားပြိုင်ဘက်မှချေလွှာတင်ရန်ပြဌာန်းထားသောတရားမကျင့်ထုံးဥပဒေအမိန့် ၈မတိုင်မီ၊ပုဒ်မ၂၀( ဂ )၊အမိန့်၂၊နည်း၂( ၃ )၊အမိန့်၇၊နည်း၁( င )နှင့်နည်း၁၁( က )တို့တွင်"တရားစွဲဆိုရန်အကြောင်း"စကားရပ်အားရည်ညွှန်းထားခြင်းကိုထောက်ချင့်ပါကတရားစွဲဆိုရန်အကြောင်းဟူသောစကားရပ်သည်ချေလွှာနှင့်မသက်ဆိုင်ကြောင်း မြင်သာသည်။


နည်း၁(င)ပါ"facts constituting the cause of action "( တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများ )ဟူသောစကားရပ်ကတရားစွဲဆို ရန်အကြောင်း၏အဓိပ္ပာယ်ကိုပေါ်လွင်စေသဖြင့်ထိုစကားရပ်ကိုတရားမကျင့်ထုံးဥပဒေတွင်သီးခြားအဓိပ္ပာယ်ဖွင့်ဆိုခြင်းမပြုဘဲချန်လှပ်ထားခြင်းဖြစ်တန်ရာသည်။


ဦးဆောင်းအမှု ၁၉၅၉ မတစ ( တရားလွှတ်တော် ) ၃၁၄တွင်တရားစွဲဆိုရန်အကြောင်းဟူသည်တရားလိုအမှုတွင်အနိုင်မရမီသက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာစုဟုပြဆိုခြင်းသည်နည်း၁( င )ပါပြဌာန်းချက်အဓိပ္ပာယ်ကိုပိုမိုရှင်းလင်းရာရောက်သည်။ 


စီရင်ထုံးပါအမှုတွင်အနိုင်မရမီဟူသောစကားရပ်သည်အမှုတွင်အနိုင်ရရန်အဓိပ္ပာယ်ရသည်ဟုတနည်းဆိုနိုင်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ