မူလတရားရုံးသည်ပဏာမငြင်းချက်ကိုဖြေဆိုဆုံးဖြတ်ရာ၌တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆုံးဖြတ်ခွင့်ရှိသလော

ဆရာကြီးဦးမြရေးသားသောဥပဒေပြဿနာအဖြာဖြာ

စာမျက်နှာ၈၉


မူလတရားရုံးသည်ပဏာမငြင်းချက်ကိုဖြေဆိုဆုံးဖြတ်ရာ၌တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆုံးဖြတ်ခွင့်ရှိသလော ?


တရားမကျင့်ထုံးဥပဒေအမိန့်၇၊နည်း၁( င )တွင်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုအဆိုလွှာ၌အဆိုပြုရမည်ဟူ၍လည်းကောင်း၊နည်း၁၁( က )တွင်"The plaint shall be rejected where it does not disclose a cause of action "ဟူ၍လည်းကောင်းပြဌာန်းထားရာစာရေးသူရေးသောတရားမကျင့်ထုံးဥပဒေဒုတိယတွဲရှိနည်း၁၁( က )ပါပြဌာန်းချက်များကိုအဆိုလွှာကတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းထင်ရှားသိသာစေခြင်းမရှိလျှင်အဆိုလွှာကိုပယ်ရမည်ဟုဘာသာပြန်ထားခြင်းကမလိုလားအပ်သောပြဿနာကိုပေါ်ပေါက်စေကြောင်းတွေ့ရသည်။


တပ်မတော်နည်းဥပဒေများကိုအင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့်ပြဌာန်းထားရာနည်း၄၈ ပါ"it ( charge ) does not disclose an offence under the Act "ဟူ၍လည်းကောင်း၊"အက်ဥပဒေအရဖြစ်သောပြစ်မှုကိုကျူးလွန်ကြောင်းထင်ရှားသိသာစေသည့်စွဲချက်မဟုတ်"ဟူ၍လည်းကောင်းဖ။ပြဌာန်းထားသည်ကိုမှီး၍ဘာသာပြန်ခြင်းဖြစ်သည်။နည်း၄၈၌"ကျူးလွန်ကြောင်း"ဟူသောစကားရပ်မပါသော်လည်းစကားချောမွေ့စေရန်ဖြည့်၍မြန်မာဘာသာပြန်သည့်နည်းတူတရားမကျင့်ထုံးဥပဒေအမိန့် ၇၊နည်း၁၁( က )ကိုဘာသာပြန်ရာ၌ချောမွေ့ပြေပြစ်စိမ့်သောငှာ"ပေါ်ပေါက်ကြောင်း"ဟူသောစကားရပ်ကိုထည့်၍ဘာသာပြန်ခြင်းသည်တရားခံဖြစ်နေသည်ကိုတွေ့ရသည်။


တရားမကျင့်ထုံးဥပဒေကိုအင်္ဂလိပ်ဘာသာဖြင့်ပြဌာန်းထားခြင်းဖြစ်သည်။

ရာဇသတ်ကြီးသည်"The Penal Code "၏တရားဝင်ပြဌာန်းချက်ဖြစ်သည်။

တရားမကျင့်ထုံးဥပဒေပါမူရင်းပြဌာန်းချက်အရတရားမမှုများကိုစီရင်ရာ၌အထောက်အကူရစေခြင်းငှာစာရေးသူကမြန်မာဘာသာပြန်ဆိုခြင်းဖြစ်သည်။


တရားရုံးများသည်တရားမကျင့်ထုံးဥပဒေပြဌာန်းချက်အရသာလျှင်အမှုများကိုဆုံးဖြတ်ရန်ဖြစ်သည်ကိုသတိချပ်သင့်သည်။


နည်း၁(င )ပါပြဌာန်းချက်များဖြစ်သည့်"facts constituting a cause of action "နှင့် ပူးတွဲဖတ်ရှုလျှင်နည်း၁၁( က )သည်"The plaint shall be rejected where it does not disclose facts constituting a cause of action"ဟုအဓိပ္ပာယ်ရသည်ဖြစ်ရာ အဆိုလွှာကတရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများကို ထင်ရှားသိသာစေခြင်းမရှိလျှင်အဆိုလွှာကိုပယ်ရမည်ဟုအဓိပ္ပာယ်ရသည်မှာယုံမှားဖွယ်မရှိ။စာရေးသူကထိုသို့ဘာသာမပြန်ရခြင်းသည်နည်း၁၁( က )ပါပင်ရင်းပြဌာန်းချက်တွင်မပါသည့်စကားရပ်များကိုဖြည့်စွက်လွန်းရာရောက်သွားခြင်းကိုရှောင်ရှားလိုခြင်းကြောင့်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ