တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကသိသာထင်ရှားစေခြင်းမရှိ၍အဆိုလွှာကိုပယ်ခြင်းနှင့်တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်၍အမှုကိုပလပ်ခြင်းတို့ကွဲပြားခြားနားခြင်း

ဆရာကြီးဦးမြရေးသားသောဥပဒေပြဿနာအဖြာဖြာ

စာမျက်နှာ၈၁


တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကသိသာထင်ရှားစေခြင်းမရှိ၍အဆိုလွှာကိုပယ်ခြင်းနှင့်တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်၍အမှုကိုပလပ်ခြင်းတို့ကွဲပြားခြားနားခြင်း။


တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်၍အမှုပလပ်သည့်ထုံးသာဓကကို ဦးဆောင်း နှင့် ဦးခင်မောင် ပါ၂ ၊ ၁၉၅၉ မတစ ( တရားလွှတ်တော် ) ၃၁၄အမှုတွင်လည်းကောင်း၊လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်လွှာနှင့်ပူးတွဲထားသောအဆိုလွှာသည် တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းသိသာထင်ရှားစေခြင်းမရှိဟုအကြောင်းပြကာလျှောက်လွှာကိုပယ်ခဲ့သည့်အခြားသာဓကကို ဦးဖိုးခ နှင့် မကြီး ၊ အေအိုင်အာ ၊ ၁၉၃၅ ရန်ကုန် ၄၉၇အမှုတွင်လည်းကောင်းတွေ့ရသည်။


တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆိုကာအမှုကိုဆက်လက်စစ်ဆေးရန် အမိန့်ချမှတ်သည့်ထုံးသာဓကဟူ၍မရှိသေး။


အဆိုလွှာပါအဆိုပြုချက်များကတရားစွဲဆိုရန်အကြောင်းသိသာထင်ရှားခြင်းမရှိလျှင်အဆိုလွှာကိုပယ်ရန်၊တရားမကျင့်ထုံးဥပဒေအမိန့် ၇၊နည်း ၁၁ ( က )တွင်ပြဌာန်းထားသည်။


တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကသိသာထင်ရှားစေလျှင်မူအမှုကိုဆက်လက်စစ်ဆေးရန်ဖြစ်သည်။


ဤခြားနားချက်ကိုသတိပြုရန်လိုသည်။


တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆုံးဖြတ်ရာ၌အမှုသွားအမှုလာအပေါ် အခြေခံဆုံးဖြတ်ရသည်။


အမိန့် ၇၊နည်း ၁၁ ( က )မှာကဲ့သို့တရားစွဲဆိုရန်အကြောင်း အဆိုလွှာကသိသာထင်ရှားစေခြင်းရှိမရှိမျှသာဆုံးဖြတ်ရန်မဟုတ်။


နောက်တဆင့်တက်၍တရားစွဲဆိုရန်အကြောင်းအမှန်တကယ်ပေါ်ပေါက်ခြင်း ရှိမရှိ ဦးဆောင်းအမှုနှင့်ဦးဖိုးခအမှုများမှာကဲ့သို့အမှု၏အကျိုးအပြစ်( merits of the case )ကိုသက်ဆိုင်ရာဥပဒေနှင့်ပေါင်းစပ်ပြီးစိစစ်ဆုံးဖြတ်ရန်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ