ဒေါ်ချူးအုံ နှင့် ဒေါ်ခ 1962 BLR ( C C ) 401 အမှုတွင်၊ပစ္စည်းခွဲခြင်းကိုအဓိပ္ပာယ်ဖွင့်ဆိုသည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1962 BLR ( C C ) 401 ( 403 )


တရားရုံးချုပ်


တရားသူကြီးဦးဘိုကြီးရှေ့တွင်


ဒေါ်ချူးအုံ( အယူခံတရားလို )


                   နှင့်


ဒေါ်ခ ( အယူခံတရားခံ )


၁၉၆၂ စက်တင်ဘာလ ၂၅ ရက်


အမှုတွင်၊ပစ္စည်းခွဲခြင်းကို၊အောက်ပါအတိုင်းဖွင့်ဆိုသည် -


[ ပစ္စည်းခွဲဝေခြင်း Partition ဆိုသည်မှာ၊ထိုပစ္စည်းဆိုင်ရာအတူအကျိုးခံစားပိုင်သည့်အခွင့်အရေးအနက်အချို့ကိုမိမိနည်းတူအကျိုးခံစားပိုင်ခွင့်ရှိသူအားစွန့်၍ထိုသူကလည်းဖလှယ်သည့်အနေဖြင့်၊အပြန်အလှန်စွန့်ခြင်းဖြစ်သည်။ ]


အထက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်အရလည်းအနည်းဆုံးပူးတွဲပိုင်ရှင်နှစ်ဦးသည်ပူးတွဲပိုင်သောပစ္စည်းကိုခွဲကြကြောင်းမြင်သာပါသည်။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၄တွင်ဆွေးနွေးလျက်ရှိသောဥပဒေပြဿနာနှင့်သက်ဆိုင်သမျှ အောက်ပါအတိုင်းပြဌာန်းထားသည် -


" Where one of two or more co-owners of immoveable property legally competent in that behalf transfers his share of such property or any interest therein the transferee acquires , as to such share or interest , and so far as is necessary to give effect to the transfer , the transferor's right to joint possession or other common or part enjoyment of the property , and to enforce a partition of the same .xxxxxxxxxxxxxx"


မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုပူးတွဲပိုင်ရှင်တဦးထံမှတရားဝင်လွှဲပြောင်းရရှိသူသည်လည်း လွှဲပြောင်းသူနည်းတူမိမိလွှဲပြောင်းရရှိသောအစုကိုခွဲစေနိုင်သည်။ 


သာဓကကို- 


1963 BLR 961 ( 965 )


တရားမအယူခံမှု


တရားသူကြီးဦးစောဘသိန်းရှေ့တွင်


ဒေါ်စိန်ဖြူ( အယူခံတရားလို )


                      နှင့်


မောင်တင်မြင့်( အယူခံတရားခံ )


၁၉၆၃ ဒီဇင်ဘာလ ၁၄ ရက်


အမှုတွင်ကြည့်ပါ။


ခရစ်ယာန်လင်မယားအိမ်ထောင်တွင် ဗုဒ္ဓဘာသာဝင်များကဲ့သို့လင်မယားဖြစ်သည်ကိုအကြောင်းပြုပြီးလင်ပိုင်ပစ္စည်းတွင်မယားကအကျိုးခံစားပိုင်ခွင့်မရှိသည့်နည်းတူ မယားပိုင်ပစ္စည်း၌လည်းလင်ကအကျိုးခံစားပိုင်ခွင့်ရှိသည်မဟုတ်၍၊ထိုပစ္စည်းမျိုးသည်လင်နှင့်မယားတို့ပူးတွဲပိုင်ကြသည်မဟုတ်။ 


၎င်းတို့နှစ်ဦးလွှဲပြောင်းရရှိသောပစ္စည်း(ဥပမာ-ပူးတွဲဝယ်သောပစ္စည်း)ဖြစ်လျှင်မူ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၄၅ အရတမျိုးဖြစ်ပါလိမ့်မည်။


ယခုအခြေအနေတွင်အထက်ပါအမှု၌တရားပြိုင်လင်ပိုင်ပစ္စည်းမှာ(ပုဒ်မ၂၀( ၁ )အရ )တရားလိုမယားနှင့်တရားပြိုင်လင်တို့ပူးတွဲပိုင်သောပစ္စည်းမဟုတ်သဖြင့်၊ပစ္စည်းခွဲရန်၊တရားရုံးချုပ်ကဒီကရီချမှတ်ခြင်းသည်ဥပဒေအရမှန်ကန်ရန်အကြောင်းမရှိနိုင်။ 


အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၀ ( ၁ )နှင့်မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ၂ ( ၁၅ )ပါပြဌာန်းချက်များ( ထို့ပြင်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၄၄ )တို့ကို၊ချိတ်ဆက်ဆင်ခြင်ရန်ပျက်ကွက်ခြင်းသာဓကတရပ်ဖြစ်သည်။

Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]