ဒေါ်ချူးအုံ နှင့် ဒေါ်ခ 1962 BLR ( C C ) 401 အမှုတွင်၊ပစ္စည်းခွဲခြင်းကိုအဓိပ္ပာယ်ဖွင့်ဆိုသည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဒေါ်ချူးအုံ နှင့် ဒေါ်ခ 1962 BLR ( C C ) 401 အမှုတွင်၊ပစ္စည်းခွဲခြင်းကို၊အောက်ပါအတိုင်းဖွင့်ဆိုသည် -
ပစ္စည်းခွဲဝေခြင်းPartitionဆိုသည်မှာ၊ထိုပစ္စည်းဆိုင်ရာအတူအကျိုးခံစားပိုင်သည့်အခွင့်အရေးအနက်အချို့ကိုမိမိနည်းတူအကျိုးခံစားပိုင်ခွင့်ရှိသူအားစွန့်၍ထိုသူကလည်းဖလှယ်သည့်အနေဖြင့်၊အပြန်အလှန်စွန့်ခြင်းဖြစ်သည်။
အထက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်အရလည်း အနည်းဆုံးပူးတွဲပိုင်ရှင်နှစ်ဦးသည်ပူးတွဲပိုင်သောပစ္စည်းကိုခွဲကြကြောင်းမြင်သာပါသည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၄တွင် ဆွေးနွေးလျက်ရှိသောဥပဒေပြဿနာနှင့်သက်ဆိုင်သမျှ အောက်ပါအတိုင်းပြဌာန်းထားသည် -
" Where one of two or more co-owners of immoveable property legally competent in that behalf transfers his share of such property or any interest therein the transferee acquires , as to such share or interest , and so far as is necessary to give effect to the transfer , the transferor's right to joint possession or other common or part enjoyment of the property , and to enforce a partition of the same .xxxxxxxxxxxxxx"
မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုပူးတွဲပိုင်ရှင်တဦးထံမှ တရားဝင်လွှဲပြောင်းရရှိသူသည်လည်း လွှဲပြောင်းသူနည်းတူမိမိလွှဲပြောင်းရရှိသော အစုကိုခွဲစေနိုင်သည်။
သာဓကကို 1963 BLR 961 အမှုတွင်ကြည့်ပါ။
ခရစ်ယာန်လင်မယားအိမ်ထောင်တွင် ဗုဒ္ဓဘာသာဝင်များကဲ့သို့ လင်မယားဖြစ်သည်ကိုအကြောင်းပြုပြီး လင်ပိုင်ပစ္စည်းတွင်မယားကအကျိုးခံစားပိုင်ခွင့်မရှိသည့်နည်းတူ မယားပိုင်ပစ္စည်း၌လည်း လင်ကအကျိုးခံစားပိုင်ခွင့်ရှိသည်မဟုတ်၍ ထိုပစ္စည်းမျိုးသည်လင်နှင့်မယားတို့ပူးတွဲပိုင်ကြသည်မဟုတ်။
၎င်းတို့နှစ်ဦးလွှဲပြောင်းရရှိသောပစ္စည်း ( ဥပမာ - ပူးတွဲဝယ်သောပစ္စည်း ) ဖြစ်လျှင်မူ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၄၅ အရတမျိုးဖြစ်ပါလိမ့်မည်။
Comments
Post a Comment