ဟန်ဆောင်စာချုပ်ဖြစ်ကြောင်းဆုံးဖြတ်ထားသည့်သာဓကများ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဟန်ဆောင်စာချုပ်ဖြစ်ကြောင်းဆုံးဖြတ်ထားသည့်သာဓကများကို
ရှီယိုကရန်ဆင်းနှင့်ဆူရာနတ်သ်ဆင်းပါ၃1959BLR(H.C ) 207
ဦးမြတ်ထင်ပါ၃နှင့်ဒေါ်ကျင်ယုံပါ၂1964BLR250
ဒေါ်မြမေနှင့်ဒေါ်ကျင်ပါ၂1964BLR885
ဒေါ်သောင်းချစ်ပါ၅နှင့်ဦးထွန်းလှိုင်ပါ၂1965BLR19
ဒေါ်တင်အေးနှင့်ဒေါ်စိန်နု1972BLR24
AIR1923Ran94 စီရင်ထုံးများတွင်တွေ့မြင်နိုင်ပါသည်။
ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း အောင်အောင်မြင်မြင်ထုချေနိုင်ရန် ယင်းစီရင်ထုံးများကိုလေ့လာရန်လိုပါသည်။
ဒေါ်သောင်းချစ်ပါ၅နှင့်ဦးထွန်းလှိုင်ပါ၂1965BLR19 စီရင်ထုံးတွင်ပြဆိုထားသည့်အတိုင်း တကယ့်အမှုကိစ္စကိုဖုံးကွယ်ရန် ဟန်ဆောင်စာချုပ်ချုပ်ဆိုကြခြင်းဖြစ်ရာ ဟန်ဆောင်စာချုပ်ဟုဆိုသောစာချုပ်သည် မည်သည့်တကယ့်ဖြစ်ရပ်ကိုဖုံးကွယ်ရန်ချုပ်ဆိုကြောင်းဖော်ထုတ်နိုင်ပါမှ ဟန်ဆောင်စာချုပ်ဖြစ်ကြောင်းအဖြေထုတ်ရရှိနိုင်ပါသည်။
ဟန်ဆောင်စာချုပ်ဟုဆုံးဖြတ်ခဲ့သော
ဦးမြတ်ထင်ပါ၃နှင့်ဒေါ်ကျင်ယုံပါ၂1964BLR250
ဒေါ်မြမေနှင့်ဒေါ်ကျင်ပါ၂1964BLR885
ဒေါ်တင်အေးနှင့်ဒေါ်စိန်နု1972BLR24
အမှုများတွင်ဆိုင်ရာစာချုပ်များမှာမှတ်ပုံတင်စာချုပ်များဖြစ်ပါသည်။
မှတ်ပုံမတင်သောကတိစာချုပ်ကိုဟန်ဆောင်ချုပ်ဆိုကြောင်းပြဆိုသည့်ထုံးသာဓကမရှိသေးပါ။
ဦးမြတ်ထင်ပါ၃နှင့်ဒေါ်ကျင်ယုံပါ၂1964BLR250 စီရင်ထုံးအရ ဟန်ဆောင်စာချုပ်ဟူသည် အကျိုးသက်ရောက်စေရန်ရည်ရွယ်ချုပ်ဆိုသောစာချုပ်မျိုးမဟုတ်သဖြင့် ဟန်ဆောင်စာချုပ်ချုပ်ဆိုစဉ်အခါက တည်ဆဲအဖိုးစားနားမရှိနိုင်။ ထိုစာချုပ်အရငွေပေးချေရာတွင် ရောင်းသူဘက်မှပစ္စည်းရောင်းချရန် ရည်ရွယ်ချက်ရှိသည်မဟုတ်၍ ပေးချေသောငွေသည် တည်ဆဲအဖိုးစားနားအတွက်မဟုတ်ချေ။
ဒေါ်အေးအေးနှင့်ဒေါ်နန်းလီ၂၀၁၂မတစ၁၂၇ အမှုတွင်ပြဆိုထားသည့်အတိုင်း ဟန်ဆောင်စာချုပ်ကို ဥပဒေအရအတည်ပြုခွင့်မရှိသဖြင့် ပဋိညာဉ်မမြောက်ပေ။ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂ ( ဆ )တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတိုင်း ဟန်ဆောင်စာချုပ်သည်ပျက်ပြယ်သည်။
Comments
Post a Comment