အရေးယူလောက်သောဥပဒေပြဿနာနှင့်ငြင်းချက်အကြောင်း( ၁ )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အရေးယူလောက်သောဥပဒေပြဿနာနှင့်ငြင်းချက်အကြောင်း၁
အရေးယူလောက်သောဥပဒေပြဿနာဟူသည်အတော်အတန်အခြေအတင်ငြင်းခုံလျှောက်လဲနိုင်သောဥပဒေပြဿနာဖြစ်သည်ဟု 13 Ran 744 တွင်ပြဆိုထားသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀( ၁ )( က )ပါဥပဒေပြဿနာထက်ပို၍နက်နဲသောဥပဒေပြဿနာမျိုးဖြစ်သည်။
အရေးယူလောက်သောပြဿနာများမှာအမှုအနိုင်အရှုံးနှင့်သက်ဆိုင်ပြီးပို၍လေးလေးနက်နက်စိစစ်ဆုံးဖြတ်ရမည့်ပြဿနာမျိုးဖြစ်ရာငြင်းချက်များထက်ပို၍နက်ရှိိုင်းသည်။
အထူးအယူခံတွင်အဆုံးအဖြတ်ခံယူသည့်အရေးယူလောက်သောဥပဒေပြဿနာတို့သည်အဖြေရှာရာ၌လွယ်ကူစိမ့်သောငှာဝါးလုံးရှည်နှင့်ရမ်းသောပြဿနာမျိုးမဖြစ်သင့်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအယူခံကိုအကျဉ်းနည်းဖြင့်ပလပ်သောအမှုများအဖြစ်မှန်၊မမှန်မည်သည့်ပေတံဖြင့်တိုင်းတာပါမည်လဲ?
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်တင်သွင်းသောအယူခံလွှာတွင်ဖော်ပြထားသောအယူခံအကြောင်းပြချက်တို့သည်အရေးယူလောက်သောဥပဒေပြဿနာသက်ဝင်ခြင်းရှိ၊မရှိအထူးခုံရုံးကစိစစ်ပြီးထိုအကြောင်းပြချက်မျိုးမတွေ့ရလျှင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအယူခံကိုအကျဉ်းနည်းဖြင့်ပလပ်ခြင်းသည်မှန်ကန်သည်ဟုဆုံးဖြတ်ရန်ဖြစ်၍အထူးအယူခံဝင်ခွင့်ပေးရန်ပြဿနာမပေါ်ပေါက်နိုင်တော့။
အကယ်၍ အရေးယူလောက်သောပြဿနာအရင်ဆုံးတခုတွေ့ရလျှင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအယူခံကိုအကျဉ်းနည်းဖြင့်ပလပ်ခြင်းသည်မှန်ကန်မည်မဟုတ်။
တရားမကျင့်ထုံးဥပဒေ အမိန့် ၁၄ ၊ နည်း၁ ( ၁ )နှင့် ( ၂ )ပါ ပြဌာန်းချက်များကိုသတ္တုချကြည့်ပါက ငြင်းချက်သည်တရားလိုစွဲဆိုသောအမှုကိုအနိုင်အရှုံးပေးသင့်မသင့် ဆုံးဖြတ်ရန်ရှိသောပြဿနာများဖြစ်သည်ကို တွေ့မြင်နိုင်သည်။
တရားမကြီးမှုတမှုသည်တရားလိုအားအနိုင်ပေးသောသို့မဟုတ်အရှုံးပေးသောဒီကရီဖြင့်အဆုံးသတ်သည်ကိုနှစ်ဘက်သောအမှုသည်များနှင့်ရုံးထိုင်တရားသူကြီးတို့ သိကြစမြဲဖြစ်သည်။
ခရီးလမ်းဆုံးဖြစ်သည့်ထိုဒီကရီသို့ပို့ဆောင်သောယာဉ်ကိုမောင်းနှင်သည့်စွမ်းအင်မှာ တရားမကျင့်ထုံးဥပဒေနှင့်သက်သေခံအက်ဥပဒေတို့ဖြစ်သည်။
မည်သည့်ဥပဒေကပို၍အရေးပါသည်ဟူ၍မရှိ။
သူ့ကဏ္ဍနှင့်သူအရေးပါသည်ချည်းဖြစ်သည်။
Comments
Post a Comment