စီရင်ထုံးများနှင့်ကင်းကွာလို့မရနိုင်ပါ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စီရင်ထုံးများနှင့်ကင်းကွာလို့မရနိုင်ပါ
4 Ran 313 ( F . B . )အမှု၌ချမှတ်သောတရားလွှတ်တော်တရားဝန်ကြီးကိုးဦးပါသောစုံညီခုံရုံး၏ထုံးဖွဲ့ချက်အရ -
( က ) ပရီဗီကောင်စီ၊ယခင်တရားလွှတ်တော်ချုပ်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊တရားလွှတ်တော်(တရားရုံးချုပ်အပါအဝင်)၊စုံညီခုံရုံး(အထူးခုံရုံးအပါအဝင်)၏ဆုံးဖြတ်ချက်များ(ပြည်သူ့တရားသူကြီးအဖွဲ့ စောဒကမှုတွင်ချမှတ်သောဆုံးဖြတ်ချက်များပါဝင်နိုင်သည်)ကိုတရားရုံးအားလုံးကလိုက်နာရန်တာဝန်ရှိသည်။
( ခ ) တရားလွှတ်တော်(တရားရုံးချုပ်အပါအဝင်)ခုံရုံး၏ဆုံးဖြတ်ချက်များကိုတရားလွှတ်တော်(တရားရုံးချုပ်အပါအဝင်)တဦးထိုင်တရားလွှတ်တော်(တရားရုံးချုပ်အပါအဝင်)ကလိုက်နာရပြီးတဦးထိုင်တရားလွှတ်တော်(တရားရုံးချုပ်အပါအဝင်)၏ အဆုံးအဖြတ်များကိုအောက်တရားရုံးများကလိုက်နာရန် တာဝန်ရှိသည်။
( ဂ ) ဗဟိုတရားရုံး၊ယခင်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးနှင့်အောက်မြန်မာပြည်တရားရုံးချုပ်(SJ နှင့် PJ အပါအဝင်)တို့၏အဆုံးအဖြတ်များ(၎င်းတို့အကြောင်းကို(4 Ran 313 ( F. B. )တွင်ဆွေးနွေးထားသည်)အောက်ရုံးများကလိုက်နာရန်တာဝန်ရှိသည်။
၂၀၁၁ခုနှစ်စကားရပ်များအစားထိုးခြင်းဆိုင်ရာဥပဒေပုဒ်မ၂( ည )တွင်"တရားစီရင်ရေးကိစ္စအလို့ငှာ"ပြည်နယ်သို့မဟုတ်တိုင်းတရားရုံး"ဆိုသည့်စကားရပ်အစား"တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်"ဟုပြဌာန်းထားရာလက်ရှိတရားလွှတ်တော်များသည်အထက်ပါတရားလွှတ်တော်ဆိုသောစကားရပ်တွင်အကျုံးမဝင်နိုင်။
Comments
Post a Comment