စီရင်ထုံးများကဖန်တီးသောပြဿနာများ

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


စီရင်ထုံးများကဖန်တီးသောပြဿနာများ


ဥပဒေပညာရှင်များသတိချပ်ရန်ကိစ္စတရပ်မှာစီရင်ထုံးများကဖန်တီးရာရောက်သောပြဿနာများဖြစ်သည်။ဥပဒေများကိုအဓိပ္ပာယ်ကောက်ယူရာတွင်လည်းကောင်း၊ဖြစ်ရပ်မှန်နှင့်စပ်ဟပ်အဖြေထုတ်ရာတွင်လည်းကောင်းစီရင်ထုံးများဝိဝါဒကွဲပြားသည်များရှိနေပါသည်။


ပြဿနာတရပ်မှာတဦးထိုင်တရားသူကြီးစီရင်ထုံးများသဘောကွဲလွဲသည့်အခါအောက်ရုံးတရားသူကြီးသည်မည်သည့်စီရင်ထုံးကမှန်သည်၊မှားသည်စသည်ဖြင့်ဝေဖန်ခွင့်မရှိသော်လည်းမှန်သည်ထင်သည့်စီရင်ထုံးကိုကိုးကားဆုံးဖြတ်ခွင့်ရှိသည်။ 1957 BLR ( H . C . ) 259 စီရင်ထုံးကိုကြည့်ပါ။


ထိုသို့ကွဲလွဲသောစီရင်ထုံးနှစ်ရပ်ရှိနေလျှင်ဆိုင်ရာရှေ့နေသည်မည်သည့်စီရင်ထုံးကပို၍ကျိုးကြောင်းဆီလျော်ကြောင်းတင်ပြလျှောက်လဲနိုင်ရန်လိုသည်ကိုသတိချပ်ရန်ဖြစ်သည်။


မှားယွင်းသောစီရင်ထုံးများသည်ပြဿနာအဖြစ်ဆုံးဖြစ်သည်။ 


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၅၃ - ကတွင်"transfer for consideration "ဟုအတိအလင်းပြဌာန်းထားပါလျက်၊အဖိုးစားနားမပေးရဘဲအပိုင်ရသူသည်ထိုပုဒ်မ၏အကာအကွယ်ကိုရထိုက်သည်ဟု 1992 BLR 140တွင်ထုံးဖွဲ့ပါသည်။ 


1994 BLR 28 ( F . B .)အမှုတွင်၊ပယ်ဖျက်လိုက်သဖြင့်အမှားသံသရာမရှည်ခဲ့ပါ။


ယခင်ကစီရင်ထုံးများပြုစုရေးအဖွဲ့ကိုတရားလွှတ်တော်၊တရားရုံးချုပ်တရားသူကြီးချုပ်ကဦးဆောင်ပြီးတရားသူကြီးနှစ်ဦး၊ရှေ့နေချုပ်၊ဝါရင့်ရှေ့နေသုံးဦးပါသောအဖွဲ့ဖွဲ့ကာရွေးချယ်ခဲ့သည့်နည်းတူထုံးပြုသည့်စီရင်ချက်များကိုဂရုဓမ္မပြု၍ရွေးချယ်ရန်လိုပါသည်။


မရွှေ့ပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးရာ၌၊လက်ရောက်ပေးအပ်ရန်မလိုကြောင်းပြဆိုသည့် 14 Ran 439 ( F . B . ) , 1960 BLR ( H . C . )51 , 1960 BLR ( S . C. ) 4 အခိုင်အမာစီရင်ထုံးများရှိနေသည်ကိုသတိမမူဘဲ 2001 BLR 290 ( S . A . B . )အမှုတွင်အခြားနည်းဆုံးဖြတ်သည်။ 


2012 BLR 149တွင်ယခင်စီရင်ထုံးများအတိုင်းဆုံးဖြတ်သည်။


အမှားသံသရာဆယ်နှစ်ကျော်ခဲ့သည်။


တရားရုံးနှင့်စီရင်ထုံးများ


စီရင်ထုံးဟူသည်သက်ဆိုင်ရာအမှု၏ဖြစ်ရပ်အတွက်သာလျှင်ထုံးသာဓကဖြစ်သည်ဟု 2004 BLR 146 ( 151 )တွင်ပြဆိုသောတရားစီရင်ရေးမူကိုမြန်မာနိုင်ငံ၌နောက်အကျဆုံး10 LBR 246အမှုတွင်ဖော်ထုတ်ခဲ့ပါသည်။ 


1954 BLR ( H . C . ) 306တွင်လည်းပြဆိုခဲ့ပါသည်။


လက်တွေ့၌တရားစီရင်ရာတွင်သွေဖယ်မှုများရှိဆဲပင်ဖြစ်သည်။


1997 BLR 1 ( F . B . )အမှုတွင်ပြဆိုထားသောအခြားတရားစီရင်ရေးမူကို မြန်မာနိုင်ငံ၌နောက်အကျဆုံး ၁၉၀၉ ခုနှစ်ထုတ် 5 LBR 76အမှုတွင်ဖော်ထုတ်ခဲ့ပါသည်။


1991 BLR 46အမှုတွင်ကိုးကားသော 1949 BLR ( S . C . ) 46အမှု၌ပြဆိုသည့် တရားစီရင်ရေးမူမှာ၊သံတူမူကွဲမျှသာဖြစ်ပါသည်။ 


1949 BLR ( S . C . ) 56အမှုတွင်စီရင်ထုံးစာမျက်နှာ၆၃၌-


" We cannot depart from the salutary practice of confining the decision to such questions as are necessary for the determination of the matter before the Court."


ဟုဆိုထားချက်သည်၊အဓိကတရားစီရင်ရေးမူအပေါ်အခြေခံသည်။


တရားရုံးသည်မိမိရှေ့မှောက်ရှိအကြောင်းအရာကိုအဆုံးအဖြတ်ပေးရန်အလို့ငှာ၊လိုအပ်သမျှသောပြဿနာတို့ကိုသာဆုံးဖြတ်ရန်ဖြစ်သည်ဟူသောကျင့်ထုံးကိုလိုက်နာရန်ဖြစ်သည်။ 


အကျိုးပြုသောကျင့်ထုံးဟု၊တရားလွှတ်တော်ချုပ်ကအလေးအနက်ထား၍မြွက်ဆိုသည်။ 


စကားမကျွံရန်သတိပြုရစမြဲဖြစ်သည်။


14 Ran 16အမှု၌၊ချမှတ်သောဆုံးဖြတ်ချက်သည်စကားကျွံသည်ဟု 14 Ran 308 ( F . B . )အမှုစာမျက်နှာ ၃၀၉ ၌ပြဆိုသည်။ 


အမှုတွင်ဆုံးဖြတ်ရန်ရှိသည့်ဘောင်ကိုကျော်လွန်ဆုံးဖြတ်ခြင်းဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]