တရားဝန်ကြီးဦးဧမောင်သည်ဗိုလ်ရန်နိုင်အားရှေ့တော်သွင်းစာချွန်တော်ထုတ်ဆင့်ကာလွှတ်လိုက်ခြင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားဝန်ကြီးဦးဧမောင်သည်ဗိုလ်ရန်နိုင်အား၊ရှေ့တော်သွင်းစာချွန်တော်ထုတ်ဆင့်ကာလွှတ်လိုက်ခြင်းကြောင့်-
1950 BLR ( S . C . ) 17
Tinsa Maw Naing v. The Commissioner of Police , Rangoon and another
Present ; U E Maung , Chief Justice of the Union of Burma,
Mr . Justice Kyaw Myint and
U On Pe , J. စီရင်ထုံးကိုကြည့်ပါ။
ထိုစဉ်ကအာဏာရပါတီ၏အမျက်တော်ရှခဲ့သဖြင့်
(1951 BLR ( H . C . ) 226
( U On Khin v. The Union of Burma )o
(Before U Tun Byu , Chief Justice , U Aung Tha Gyaw and U Bo Gyi, JJ.)
အမှုတွင်စီရင်ထုံးစာမျက်နှာ၂၂၉ ၏အောက်ဆုံးစာပိုဒ်ကိုဖတ်ကြည့်ပါ။)
နိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်ရန်အခွင့်အရေးလက်လွတ်ခဲ့ပါသည်။
တရားလွှတ်တော်ချုပ်ကစာချွန်တော်များနှင့်စပ်လျဉ်းသောစီရင်ချက်အများအပြားကိုရေးခဲ့ပါသည်။
စာချွန်တော်ဆိုင်ရာဥပဒေသည်အင်္ဂလန်နိုင်ငံဥပဒေတွင်မြစ်ဖျားခံပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးစတင်ရစဉ်ကနိုင်ငံတော်မငြိမ်မသက်သဖြင့်ဖမ်းဆီးမှုများရှိခဲ့ရာ၊ရှေ့တော်သွင်းစာချွန်တော်ထုတ်ဆင့်ပေးရန်၊တရားလွှတ်တော်ချုပ်တွင်လျှောက်ထားမှုအများအပြားရှိခဲ့ပါသည်။
၁၀ - ၅ - ၁၉၄၈ နေ့၌ချမှတ်သောစီရင်ချက်၌-
1948 BLR 199
G . N . Banerji v. The Superintendent , Insein Jail Annexe , Insein
Present : Sir Ba U , Chief Justice of the Union of Burma , E Maung , J., and Kyaw Myint , J., of the Supreme Court.
အမှုတွင်ရှေ့တော်သွင်းစာချွန်တော်အကြောင်းကိုစုဆောင်းရှာဖွေကာရှင်းပြရာ၌တရားဝန်ကြီးဦးဧမောင်ကရှေးခေတ်အသုံးအနှုန်းများနှင့်ပညာရပ်ဆန်မှုများ(အင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ-၁၄၃၂)( ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ၂၁၃( ၃ )၏ရှင်းလင်းချက်အရဆိုပါက technicalities ကို လုပ်ငန်းဆောင်တာနည်းနာများ ဟုဘာသာပြန်ရန်ဖြစ်သည်။ )
ကင်းသော ( shorn of antiquities and technicalities )ဟူသောစကားအသုံးအနှုန်းဖြင့်ရှေ့တော်သွင်းစာချွန်တော်ထုတ်ဆင့်ခြင်းဆိုင်ရာဥပဒေကိုရှင်းရှင်းလင်းလင်းရေးပြပါသည်။
မြန်မာနှင့်အင်္ဂလိပ်နှစ်ဘာသာအရေးအသားထူးထူးခြားခြားရေးတတ်သောဒေါက်တာမောင်မောင်၏စီရင်ချက်များကို၁၉၆၂ မှ ၁၉၇၁စီရင်ထုံးစာအုပ်များ၌ဖတ်ရှုသည့်အခါမြန်မာနိုင်ငံတရားစီရင်မှုတိုးတက်ဖြစ်ထွန်းမှုတွင်၎င်းပါဝင်ဆောင်ရွက်ခဲ့သည့်ကဏ္ဍကိုတွေ့မြင်နိုင်ပါသည်။
အမှန်စင်စစ်အခြားအခြားသောတရားဝန်ကြီး၊တရားသူကြီးများ၏ဆောင်ရွက်ချက်များမှာလည်းမှတ်တမ်းတင်ရလောက်အောင်ကြီးမားလှပါသည်။
အမှုခေါ်စာချွန်တော်လျှောက်ထားသည့်-
Comments
Post a Comment