စွန့်ပစ်ခံရသူကလင်မယားပြန်လည်ပေါင်းသင်းခွင့်ရရန်ကြိုးပမ်းအားထုတ်ရန်လိုကြောင်းပြဆိုသောထုံးသာဓကမရှိ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြန်မာဓလေ့ထုံးတမ်းဥပဒေအရမယားဖြစ်သူဖောက်ပြားခြင်း၊မယား၏သဘောတူချက်မရဘဲ နောက်မယားယူခြင်း၊ရက်စက်ခြင်းကဲ့သို့စွန့်ပစ်ခြင်းသည် လင်မယားကွာရှင်းပေးစေလိုမှုတရားစွဲဆိုခွင့်ရရှိစေခဲ့လျှင်၊ထိုအမှုမျိုး၌တရားမကျင့်ထုံးဥပဒေ အမိန့် ၇၊နည်း၁( င )အရအဆိုပြုရန်လိုအပ်သည့်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများသည်အောက်ပါအတိုင်းဖြစ်မည်-
( ၁ )တရားလိုနှင့်တရားပြိုင်တို့သည်မြန်မာဗုဒ္ဓဘာသာလင်မယားဖြစ်ခြင်း
( ၂ )လင်ကမယားကို၃နှစ်ကြာစွန့်ပစ်ခြင်း၊သို့မဟုတ်မယားကလင်ကို၁နှစ်ကြာစွန့်ခြင်း(စွန့်ပစ်သူသည်လင်ဖြစ်ခဲ့လျှင်ထိုကာလအတွင်းမယားနှင့်အဆက်အသွယ်ပြုရန်သို့မဟုတ်ပြန်လည်ပေါင်းသင်းရန်သဘောရီုးဖြင့်အားထုတ်မှုမရှိခြင်းသည်စွန့်ပစ်မှုဖြစ်သည်။ပေါင်းသင်းခြင်းမပြုဘဲခွဲခွာနေသူသည်မယားဖြစ်လျှင်ထိုမယားကစွန့်ပစ်ခြင်းဖြစ်နိုင်သည်။
မောင်စန်းမြင့်ပါအများနှင့်မသိန်းနွဲ့ အေအိုင်အာ၁၉၃၃ရန်ကုန်၃၇၄
( ၃ )ထိုကာလအတွင်းလင်ဖြစ်သူကမယားအားထောက်ပံ့ပေးကမ်းမှုမပြုခြင်း
( ၄ )သတ်မှတ်ကာလကြာသောအခါ၊#စွန့်ပစ်ခံရသူကစွန့်ပစ်သူနှင့်လင်ခန်းမယားခန်းပြတ်သောမိမိဆန္ဒကို၊ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ၊၁၉၄၉မတစ(တရားလွှတ်တော် ၂၈၃( စုံညီ )၊ဒေါက်တာသာမြ နှင့် ဒေါ်ခင်ပု၊၁၉၅၁မတစ၁၀၈အမှုများတွင်ဖော်ပြထားသည့်၊နည်းတရပ်ရပ်ဖြင့်ဖော်ထုတ်ပြီးဖြစ်ခြင်း။
လင်မယားပေါင်းသင်းလျက်ရှိခြင်းကိုရပ်စဲလိုသူ၏အပြုအမူကထိုသို့ရပ်စဲခြင်းကို အမှန်တကယ်ဖြစ်ပေါ်စေလျှင်၊စွန့်ပစ်ခြင်းကိုကျူးလွန်သည်ဟု၊မောင်စန်းမြင့်အမှုတွင်ပြဆိုထားသည်။
မယားသည်လင်နှင့်အတူနေထိုင်ရာမှအိမ်မှဆင်းသွားခြင်းသည်၊စွန့်ပစ်ခြင်းမြောက်စေသောအကြောင်းခြင်းရာဟုတ်မဟုတ်၊မောင်စန်းမြင့်စီရင်ထုံးအရစီစစ်ရန်ဖြစ်သည်။
မယားအိမ်မှဆင်းသွားခြင်းသည်မြင်ရသောအကြောင်းခြင်းရာဖြစ်သည်။
စွန့်ပစ်ခံရသူကလင်မယားပြန်လည်ပေါင်းသင်းခွင့်ရရန်ကြိုးပမ်းအားထုတ်ရန်လိုကြောင်းပြဆိုသောထုံးသာဓကမရှိ။
ပြန်ပေါင်းသင်းကြရန်ဆွေးနွေးပြောဆိုမှုရှိရန်လိုသည်ဟုပြဆိုသောထုံးသာဓကမရှိ။
ဓမ္မသတ်များတွင်လည်းအဆိုအမိန့်မရှိချေ။
ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ၊၁၉၄၉မတစတရားလွှတ်တော်၂၈၃စုံညီ စီရင်ထုံးပေါ်ထွက်ပြီးနောက်၊#လင်မယားကွာရှင်းပေးရန်စွဲဆိုသောစီရင်ထုံးတခုသာရှိသေးသည်။
မခင်မြ နှင့် ကုလား( ခ )မောင်လှရွှေ၊၁၉၅၆မတစ( တရားလွှတ်တော်)၂၆၄အမှုတွင်မယားကလင်ကိုစွန့်ပစ်ပြီးတနှစ်အကြာတွင်စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားကွာရှင်းပေးစေရန်နှင့်ပစ္စည်းခွဲဝေပေးရန်တရားစွဲဆိုသည်။
စီရင်ထုံးစာမျက်နှာ၂၇၁နှင့်၂၇၂တွင်"စွန့်ပစ်ခံရသူ( တရားပြိုင် )ကတရားလိုနှင့်လင်ခန်းမယားခန်းပြတ်စဲလိုသောဆန္ဒကိုထုတ်ဖော်သောလုပ်ရပ်ဖြစ်စေ၊ကွာရှင်းလိုသောဆန္ဒကိုဖွင့်ဟသည့်အပြုအမူဖြစ်စေလုံးဝမရှိသည်ကိုကျွန်ုပ်တို့တွေ့ရှိရသည်။ ဤအခြေအနေတွင်တရားလိုနှင့်တရားပြိုင်တို့၏ထိမ်းမြားမှုသည်ပြတ်စဲသွားပြီးပြီဟုမည်သို့ဆိုနိုင်ပါမည်နည်း"စသည်ဖြင့်သုံးသပ်ကာမခင်မြကိုအရှုံးပေးသည့်ထုံးသာဓကကိုသတိချပ်ရန်လိုသည်။
Comments
Post a Comment