မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေပုဒ်မ၃၉ပါပစ္စည်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေပုဒ်မ၃၉ပါပစ္စည်းpropertyသည်ပုဒ်မ ၃ ( ၁၀ )တွင်အောက်၌ဖော်ပြထားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ကျယ်ပြန့်လှပါသည် -
" 3 ( 10 ) . property includes , in the case of a wife , any property to which she is entitled for an estate in remainder or reversion , or as a trustee , executrix or administratrix . "
( မှတ်ချက်။ ။ ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယားအမှတ်စဉ် ၁၄၀ ပြဌာန်းချက်ပါ remainderman ( #remainderwoman? ) သို့မဟုတ် reversioner ဟူသောဝေါဟာရတွင် မယားသည်အကျုံးဝင်သောသူဖြစ်သည်။ ၎င်းတို့သည် အင်္ဂလိပ်ဥပဒေသုံးဝေါဟာရများဖြစ်သဖြင့် မြန်မာနိုင်ငံတွင်အသုံးဝင်ရန်အကြောင်းမမြင်၊ Executor သို့မဟုတ် administrator သည် ယောကျာ်းဖြစ်ပြီး executrix သို့မဟုတ် adminstratrix သည် မိန်းမဖြစ်သည်။ )
ပုဒ်မ၃၉ပါ " the wife is entitled to any property " ဟူသောစကားရပ် ပုဒ်မ ၂ ( ၁၀ )ပါ " any property to which she is entitled " ဟူသော သုံးနှုန်းနေကျမဟုတ်သည့် ( unusual ) အသုံးအနှုန်းများကိုသတိချပ်ပါက ပစ္စည်းအမျိုးအစားအချို့မှာ ခွဲpartitionနိုင်သည့်ပစ္စည်းမျိုးမဟုတ်ကြောင်း တွေ့မြင်နိုင်သည်။
ထိုပြဌာန်းချက်များကိုမြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၂ ( ၂၄ ) ( ခ )ပါ " distributing property of the settler " ဟူသောစကားရပ်လာ settlerသည် ပုဒ်မ၃၉တွင်ရည်ညွှန်းထားသော မယားဖြစ်ပါသည်။
Distributingသည်partitionမဟုတ်ပါ။
မြန်မာစာအဖွဲ့ကပြုစုသော အင်္ဂလိပ် - မြန်မာအဘိဓာန် စာမျက်နှာ -၉၈၈တွင် partition ကို နှစ်ပိုင်း ( သို့ ) ထိုထက်မကပိုင်းခြားခြင်းဟု ဘာသာပြန်ပါသည်။
partitionသည်ခွဲခြင်းဖြစ်ပါသည်။ ဝေခြင်းအကျုံးမဝင်ပါ။
ထိုအဘိဓာန် စာမျက်နှာ-၃၉၄တွင် distributeကိုဝေငှသည်။ distributionကိုဝေငှခြင်းပေးဝေခြင်းဟုဘာသာပြန်ပါသည်။
သို့ဖြစ်၍ distributing property of the settler သည် မယားဖြစ်သူကပစ္စည်းကို ပေးဝေခြင်းဖြစ်သဖြင့်partitionမဟုတ်ကြောင်း တနည်းပေါ်လွင်ပါသည်။
မြန်မာစာအဖွဲ့ပြုစုသော အင်္ဂလိပ် - မြန်မာအဘိဓာန် စာမျက်နှာ -၁၂၆၀တွင် settlement ကို ( law ) ( တရားဝင်ပေးအပ်သည့် ၊ ပေးအပ်ရသည့် ) ဥစ္စာကြေးငွေ ၊ ဟုဘာသာပြန်ပြီး a divorce settlement ဟု ဥပမာပေးထားခြင်းအရလည်း partitionမဟုတ်ကြောင်းမြင်သာသည်။
ပေးအပ်သည့် ၊ ပေးအပ်ရသည့်ဥစ္စာကြေးငွေသည် ပေးဝေသည့်ဥစ္စာကြေးငွေမဟုတ်ပါ။
ရှေ့နေများနှင့်တရားရုံးများအားထုတ်မှုနည်းခြင်းကြောင့် settlementကိုpartitionအထင်လွဲမှားအဓိပ္ပါယ်ကောက်ယူပုံပေါ်သည်။
ဤအခြေအနေတွင် မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေပုဒ်မ ၃၉ အရ မယား၏ပစ္စည်းကို ခွဲခြင်းpartitionမပြုနိုင်ကြောင်း မည်သည့်ရှုထောင့်မှကြည့်ကြည့်ထင်ရှားပါသည်။
ပုဒ်မ ၃၉၌ မယားရထိုက်သောပစ္စည်းကို settlement ပြုရန်ပြဌာန်းထားပါသည်။
လင်ပိုင်ပစ္စည်းကို အလားတူစီမံခန့်ခွဲမှု settlement ပြုနိုင်သည်ဟုဆိုပါလျှင် 1949 BLR ( S C ) 160 စီရင်ထုံး၌ ပြဌာန်းချက်တွင်မပါရှိသည့် စကားလုံးများကိုတရားရုံးကထည့်သွင်းဖတ်ရှုခြင်းမပြုရ ( The Court should not read into an Act of Parliment words which are not there , in the absence of clear necessity . ) ဟူသောထုံးဖွဲ့ချက်နှင့် ဆန့်ကျင်ပါမည်။
( တရားရုံးများလက်စွဲအပိုဒ် ၁၆ ပါ shouldကိုရမည်ဟုဘာသာပြန်သည်ကိုသတိပြုပါ )
Comments
Post a Comment