မနုကျယ်ဓမ္မသတ်ဒသမတွဲပုဒ်မ၂၈ပါအဆိုအမိန့်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မနုကျယ်ဓမ္မသတ်ဒသမတွဲပုဒ်မ၂၈ပါအဆိုအမိန့်(စာရေးသူ၏အမွေမှုများစာအုပ်ပုဒ်မ၂၄အောက်ခြေမှတ်စု၌အပြည့်အစုံဖော်ပြထားသည်)ကိုလိုက်နာရန်မသင့်ကြောင်း ဦးဧမောင်ကတရားဝန်ကြီးဦးမြဘူးနှင့်မစ္စတာဒန်ကလေ(မြန်မာနိုင်ငံတရားစီရင်ထုံးများပေါင်းချုပ်ကိုပထမဆုံးပြုစုသူ)ပါဝင်သောခုံရုံးတွင်အကျယ်တဝင့်တင်ပြသည်။
ယခုအခါတရားလွှတ်တော်နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့သည်တရားသူကြီးတဦးတည်းရုံးထိုင်ကာအယူခံမှုများကိုကြားနာဆုံးဖြတ်ခြင်းသည်။
ယခင်တရားလွှတ်တော်၊ယခင်တရားလွှတ်တော်ချုပ်နှင့်ယခင်တရားရုံးချုပ်(၁၉၆၂ မှ၁၉၇၃ခုနှစ်အတွင်းတည်ထောင်ခဲ့သည်)တို့တွင်ကျင့်သုံးခဲ့သောကျင့်ထုံး( practice )မှသွေဖီဆောင်ရွက်ရန်သင့်မသင့်အလေးအနက်ဆင်ခြင်သင့်ကြောင်းစာရေးသူကလေးစားစွာတင်ပြဆွေးနွေးလိုပါသည်။
ခုံရုံးကဒေါက်တာဦးဧမောင်တင်ပြချက်ကိုနားဝင်ပုံပေါ်သည်။
1940 RLR 831 ( 832 )စီရင်ထုံးတွင်ဖော်ပြထားသည့်အတိုင်း 10 Ran 124 စီရင်ထုံးမှန်ကန်ခြင်းရှိမရှိသံသယရှိပုံကို1940 RLR 572( F B )စီရင်ထုံးစာမျက်နှာ၅၇၂မှ ၅၇၈ တွင်အကျိုးအကြောင်းအကျယ်တဝင့်ဖော်ပြပြီးအောက်ပါပြဿနာကိုစုံညီခုံရုံးဖြင့်အဆုံးအဖြတ်ပေးရန်တင်ပြသည် -
" As between the parent and the surviving spouse of a child who dies leaving no issue but who lived with his or her parent and whose property is in the possession or keeping of the parent , who is entitled to inherit such property under the Myanmar ( Burmese ) Buddhist Law ? "
1940RLR572 ( F B )အမှုကိုတရားဝန်ကြီးချုပ်ပါဝင်သောစုံညီခုံရုံးကကြားနာရာတွင်ဦးဧမောင်၏လျှောက်လဲချက်ကိုစီရင်ထုံးစာမျက်နှာ၅၇၈မှ ၅၈၁တွင်သီးခြားဖော်ပြသည်။(စီရင်ချက်တွင်ဖော်ပြခြင်းမဟုတ်)
တရားဝန်ကြီးချုပ်၏ဆွေးနွေးချက်ကိုဦးဧမောင်ကအချက်ကျကျပြန်လည်လျှောက်လဲတင်ပြပုံကိုစီရင်ထုံးစာမျက်နှာ၅၈၀နောက်ဆုံးအပိုဒ်၌တွေ့မြင်နိုင်သည်။
ဦးဘဟန်၏လျှောက်လဲချက်ကိုစီရင်ထုံးစာမျက်နှာ၅၈၁တွင်ဖော်ပြထားသည်။
တရားဝန်ကြီးချုပ်စီရင်ချက်ကိုစီရင်ထုံးစာမျက်နှာ၅၈၄မှ၅၈၈တွင်လည်းကောင်း၊ ကျန်တရားဝန်ကြီးနှစ်ဦး၏စီရင်ချက်တို့ကိုစာမျက်နှာ၅၈၈မှ၅၉၁တို့တွင်လည်းကောင်း တွေ့မြင်နိုင်သည်။
Comments
Post a Comment