၂၀၁၈ မတစ ၄၃ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


Seasons Overseas Pte.,Ltd ပါ၉ နှင့် Great Light Co.,Ltd ပါ၇


၂၀၁၈ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများ(တရားမ)စာ၄၃


စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ


အမှုမှာတရားလိုများကအာရပ်စော်ဘွားများပြည်ထောင်စုဒူဘိုင်းလေယာဉ်ကွင်းအာဏာပိုင်ကသက်သေခံလက်မှတ်ရေးထိုးထားသောအမှတ်( ၇ )တရားလိုကုမ္ပဏီ၏အစည်းအဝေးမှတ်တမ်းကိုသက်သေခံအဖြစ်လက်မခံသောကြောင့် သက်သေခံအဖြစ်လက်ခံပေးရန်တက်ရောက်လာသောပြင်ဆင်မှုဖြစ်သည်။


ရမ်အောက် နှင့် မြန်မာနိုင်ငံအစိုးရ


၁၉၃၉ခုနှစ်ရန်ကုန်စီရင်ထုံးစာ၅၉၁ 


အမှုတွင်"သက်သေခံချက်ကိုပယ်ခြင်းသည်ကုစား၍မရနိုင်လောက်သောနစ်နာမှုမဟုတ်"ဟုလမ်းညွှန်ထားပြီး-


ဟာဂျီနူးအာမက် နှင့် ဒေါ်ဇိုမီလာခါတွန်


၁၉၆၀ပြည့်နှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး(တရားလွှတ်တော် )စာ -၇ 


အမှုတွင်သက်သေခံချက်ကိုမှားယွင်းလက်ခံခြင်းအပေါ် ပြင်ဆင်မှုတွင်စွက်ဖက်ခွင့်မရှိဟု-


" A mistake made by a trial Court regarding the admissibility of evidence in the course of trial cannot be made the ground for revision " 


လမ်းညွှန်ထားချက်များအရစာရွက်စာတမ်းသက်သေခံလက်မခံတဲ့ကိစ္စဟာပြင်ဆင်မှုမှာစွက်ဖက်ခွင့်ရှိတဲ့ကိစ္စမျိုးမဟုတ်ပါ။


ဒါအပြင်တရားမကျင့်ထုံးဥပဒေအမိန့်၄၁နည်း၂၇(၁)(က)တွင်မူလရုံးကလက်ခံသင့်သည့်သက်သေခံချက်ကိုငြင်းပယ်လျှင်အယူခံရုံးကလက်ခံနိုင်တယ်လို့ပြဌာန်းထားတာတွေ့မြင်နိုင်ပါတယ်။ 


ဒါအပြင်တဦးတယောက်ရဲ့နစ်နာမှုကိုဥပဒေအရကုစားရန်နည်းလမ်းပွင့်နေသည့်ကိစ္စမျိုး၌မူလရုံး၏ဆုံးဖြတ်ချက်အပေါ် ပြင်ဆင်မှုတရားရုံးကပြင်ဆင်မှုတွင်ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ကြောင်းထုံးဖွဲ့ထားသည့်စီရင်ထုံးများ(ဥပမာ-1987 BLR 5 ၊ 1990 BLR 15 )အမှုများတွင်လမ်းညွှန်ထားရှိပြီးဖြစ်ပါတယ်။


အခုလိုအခြေအနေမှာအထက်ပါစီရင်ထုံးနှင့်ဥပဒေပြဌာန်းချက်တို့အရသက်သေခံအဖြစ်လက်ခံသင့်မသင့်ဆုံးဖြတ်ရန်ဖြစ်ပါတယ်။ 


သို့သော်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကသက်သေခံအက်ဥပဒေပုဒ်မ ၈၅ နှင့် ပုဒ်မ ၇၈၊ပုဒ်မခွဲ၆တို့ကိုကိုးကားဆုံးဖြတ်ခဲ့ပါတယ်။


ပုဒ်မ၈၅ကိုလေ့လာကြည့်ပါလျှင် The Court shall presume လို့ပြဌာန်းထားချက်အရပင်သက်သေခံဝင်၊မဝင်ကိစ္စနဲ့ပတ်သက်ပြီးပြဌာန်းထားချက်မဟုတ်ဘဲမှတ်ယူနိုင်ကြောင်းသာပြဌာန်းထားခြင်းဖြစ်တာကိုတွေ့မြင်နိုင်ပါတယ်။ 


အလားတူပုဒ်မ ၇၈ ( ၆ )ကိုလေ့လာကြည့်မယ်ဆိုလျှင်လည်းပုဒ်မ၇၈ဟာ public documents ကိုရည်ညွှန်းထားတာတွေ့နိုင်ပါတယ်။


အခုသက်သေခံတင်ပြလိုတဲ့စာရွက်စာတမ်းဟာအာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းလေယာဉ်ကွင်းအာဏာပိုင်ကသက်သေခံလက်မှတ်ရေးထိုးထားသောအမှတ် ( ၇ )တရားလိုကုမ္ပဏီ၏အစည်းအဝေးမှတ်တမ်းဖြစ်တဲ့အတွက်ပုဒ်မ၇၈မှာအကျုံးဝင်တဲ့စာရွက်စာတမ်းမျိုးမဟုတ်ပါ။


ဒါကြောင့်တရားလွှတ်တော်ချုပ်ကအဲဒီအစည်းအဝေးမှတ်တမ်းကိုသက်သေခံအဖြစ်လက်ခံသင့်မသင့်ဆုံးဖြတ်ရာမှာကိုးကားခဲ့တဲ့ဥပဒေတွေဟာအချင်းဖြစ်အစည်းအဝေးမှတ်တမ်းကိုသက်သေခံအဖြစ်လက်ခံသင့်မသင့်ကိစ္စနှင့်သက်ဆိုင်ခြင်းမရှိဘဲ ကိုးကားထားတာဖြစ်တဲ့အတွက်အင်မတန်အံ့ဩဖို့ကောင်းတဲ့စီရင်ချက်ဖြစ်နေပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]