မြန်မာဗုဒ္ဓဘာသာလင်မယားကွာရှင်းခြင်းနှင့်ပစ္စည်းခွဲဝေခြင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မြန်မာဗုဒ္ဓဘာသာလင်မယားကွာရှင်းခြင်းနှင့်ပစ္စည်းခွဲဝေခြင်း


ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ 


၁၉၄၉ မတစ ( တရားလွှတ်တော် ) ၂၈၃ ( စုံညီ )

အမှုတွင်မြန်မာဗုဒ္ဓဘာသာဒေါက်တာသာမြကမယားဖြစ်သူဒေါ်ခင်ပုအား ( ၃ ) နှစ်ကျော်စွန့်ပစ်ပြီးဖြစ်၍ဒေါ်ခင်ပုသည်မိမိမယားမဟုတ်တော့ကြောင်းနှင့်အခြားသက်သာခွင့်များရလိုကြောင်းတရားစွဲဆိုသည်။


အမှုစွဲဆိုစဉ်အခါကလင်ကမယားကိုဖြစ်စေ၊မယားကလင်ကိုဖြစ်စေသတ်မှတ်ကာလကြာစွန့်ပစ်လျှင်လင်မယားအဖြစ်မှအလိုအလျောက်ရပ်စဲသွားသည်ဟုပြဆိုသော မညွန့်နှင့်မောင်စံသိန်း ၊ ရန်ကုန် အတွဲ ၅ စာ - ၅၃၇ ( စုံညီ )စီရင်ထုံးအပေါ်အခြေခံ၍ ဒေါက်တာသာမြကမိမိသည်ဒေါ်ခင်ပုအား ( ၃ ) နှစ်ကျော်စွန့်ပစ်ခဲ့ခြင်းကြောင့်သို့မဟုတ်မယားကမိမိအားတနှစ်ကြာစွန့်ပစ်ခြင်းကြောင့်ဒေါ်ခင်ပုသည်မိမိမယားမဟုတ်တော့ဟုအကြောင်းပြစွဲဆိုခြင်းဖြစ်သည်။


တရားလွှတ်တော်ကမညွန့်စီရင်ထုံးကိုပယ်ဖျက်ပြီးဒေါက်တာသာမြနှင့်ဒေါ်ခင်ပုတို့လင်မယားအဖြစ်မှအလိုအလျောက်ရပ်စဲခြင်းမရှိဟုဆုံးဖြတ်သဖြင့်တရားလိုဒေါက်တာသာမြအမှုရှုံးသည်။


တရားလွှတ်တော်အဆုံးအဖြတ်ကိုတရားလွှတ်တော်ချုပ်ကဒေါက်တာသာမြ နှင့် ဒေါ်ခင်ပု ၊ ၁၉၅၁ မတစ ၁၀၈အမှုတွင်အတည်ပြုရာ၌စွန့်ပစ်ခံရသူကလင်မယားပြတ်စဲလိုသောမိမိ၏ဆန္ဒကိုအတိအလင်းဖြစ်စေ၊ထိုဆန္ဒကိုညွှန်ပြသောအပြုအမူဖြင့်ဖြစ်စေတုန့်ပြန်မှသာလင်ခန်းမယားခန်းပြတ်စဲသည်ဟုပြဆိုပြီး၊စီရင်ထုံးစာမျက်နှာ ၁၃၂ ၌ဒေါ်ခင်ပုသည်ထိမ်းမြားခြင်းအနှောင်အဖွဲ့ကိုဖြတ်လိုသည့်မိမိဆန္ဒကိုနှုတ်ဖြင့်ဖြစ်စေအပြုအမူဖြင့်ဖြစ်စေပြခဲ့ကြောင်းတရားလိုကအဆိုမပြု။


တဖက်တွင်ဒေါ်ခင်ပုကထိုနှောင်ကြိုးတည်မြဲတည်ရှိကြောင်းအခွင့်အရေးရတိုင်းအခိုင်အမာထုတ်ဖော်ခဲ့သည် 


(  It has not been pleaded by him that the respondent either by word or conduct evinced any desire to have the marriage bond dissolved . On the contrary , the respondent has taken every opportunity to assert the subsistence of the bond . ) 


ဟုအကြောင်းပြသည်။


ဒေါ်ခင်ပုသည်တရားစွဲဆိုသည့်နေ့တွင်ဒေါက်တာသာမြ၏မယားဖြစ်မြဲဖြစ်နေသေးခြင်းကြောင့်ဒေါက်တာသာမြတောင်းဆိုချက်ကိုအရှုံးပေးဆုံးဖြတ်သည်။


ဒေါက်တာသာမြစွဲဆိုသောအမှုတွင်ဒေါ်ခင်ပုသည်လင်မယားပြတ်စဲလိုသောဆန္ဒကို ဒေါက်တာသာမြတရားမစွဲဆိုမီတုန့်ပြန်ခဲ့ခြင်းမရှိ၍လင်မယားဖြစ်မြဲဖြစ်နေသည့်အလျောက်ဒေါက်တာသာမြစွဲဆိုသောအမှုရှုံးနိမ့်ရခြင်းဖြစ်သည်။


အကယ်၍သာစွန့်ပစ်ခံရပြီးအနည်းဆုံးသုံးနှစ်အကြာ၌ဒေါ်ခင်ပုသည်လင်ခန်းမယားခန်းပြတ်စဲလိုသောမိမိဆန္ဒကိုထုတ်ဖော်ခဲ့သည့်အပြင်ဒေါက်တာသာမြကဒေါ်ခင်ပုအားထောက်ပံ့မှုလည်းမရှိခဲ့လျှင်ထိုသို့ထုတ်ဖော်သည်နှင့်တပြိုင်နက်လင်ခန်းမယားခန်းပြတ်စဲသွားမည်ဖြစ်၍ဒေါက်တာသာမြစွဲဆိုသောအမှုနိုင်ချေရှိသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ