အရေးယူလောက်သောဥပဒေပြဿနာနှင့်ငြင်းချက်အကြောင်း ( ၂ )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အရေးယူလောက်သောဥပဒေပြဿနာနှင့်ငြင်းချက်အကြောင်း၂


တရားမမှုတမှုတွင်တရားလိုအားအနိုင်သို့မဟုတ်အရှုံးပေးရန်ပြဿနာသည်၊ပင်မအငြင်းပွားမှုဖြစ်သည်။ 


အမိန့်၁၄၊နည်း၁( ၂ )တွင်ရည်ညွှန်းထားသောအရေးပါသည့်အကြောင်းခြင်းရာနှင့် ဥပဒေအချက်အလက်တို့နှင့်သက်ဆိုင်သောအငြင်းပွားမှုများသည်ထိုအငြင်းပွားမှု၏အစိတ်အပိုင်းများဖြစ်ကြရာထိုအငြင်းပွားမှုတို့၏အဖြေအသီးသီး၏ဘောင်သည်ပင်မအငြင်းပွားမှုထက်များစွာကျဉ်းမြောင်းသည်ဖြစ်၍ထိုအငြင်းပွားမှုများ၏အဖြေတို့ကိုရှာခြင်းသည်အထိုက်အလျောက်ပို၍လွယ်ကူသည်။


ထိုအငြင်းပွားမှုအသီးသီး၏အဖြေများကိုထုတ်ယူရရှိသောအခါ တရားလိုအားအရှုံးပေးသင့်သလား သို့မဟုတ် အနိုင်ပေးသင့်သလား။ 


အနိုင်ပေးသင့်လျှင်မည်သည့်သက်သာခွင့်ပေးသင့်သနည်းဟူသောအန္တိမအဆုံးအဖြတ်ကိုချမှတ်ရန်လမ်းပွင့်သွားမည်ဖြစ်သည်။ 


အမိန့်၁၄ ၊ နည်း ၁ ( ၂ )တွင်ရည်ညွှန်းထားသောအရေးပါသည့်အကြောင်းခြင်းရာနှင့် ဥပဒေအချက်အလက်တို့၏အဖြေများသည်တရားလိုအားအနိုင်အရှုံးဆုံးဖြတ်နိုင်ရန် လွယ်ကူချောမောစေသည်။


အင်္ဂလိပ်ဝေါဟာရမှာ facilitate ဖြစ်သည်။ 


ပင်မအငြင်းပွားမှုကိုပိုင်းဆစ်ပြီး၊တပိုင်းစီဆုံးဖြတ်ရသည့်သဘောဖြစ်သည်။ 


ဥပမာ ။  ။ ချေးငွေရလိုမှုတွင်တရားလိုသည်တရားပြိုင်အားငွေချေးသည်ဆိုခြင်းမှန် မမှန်၊တရားပြိုင်ကတရားလိုအားထိုငွေကိုအပြေအကျေပြန်ဆပ်ပြီးမပြီး၊တရားလိုသည်ငွေတိုးချေးစားခြင်းအက်ဥပဒေတွင်အကျုံးဝင်သောငွေတိုးချေးစားသူဟုတ်မဟုတ်၊မှန်လျှင်ငွေတိုးချေးစားသူအဖြစ်မှတ်ပုံတင်ထားသူဟုတ်မဟုတ်စသည့်အငြင်းပွားမှုအသီးသီး၏အဖြေများကိုသီးခြားစိစစ်ဆုံးဖြတ်လိုက်သည့်အခါတရားလိုအားသက်သာခွင့်တစုံတရာပေးသင့်မသင့်ဆုံးဖြတ်ရန်မခက်ခဲတော့။ 


( မှတ်ချက်။  ။ တရားလိုသည်မည်သည့်သက်သာခွင့်ရထိုက်သနည်းဟူသောငြင်းချက်ကိုဖြေဆိုရာ၌ခြွင်းချက်အမှုများဖြစ်သည့် 1971 BLR 62 ( S B )နှင့် 1964 BLR 627 စီရင်ထုံးများကိုဖတ်ပါ။ )


ဤအကြောင်းကြောင့်တရားမကြီးမှုတွင်ငြင်းချက်များကိုထုတ်နှုတ်စစ်ဆေးစီရင်ရခြင်းဖြစ်သည်။ 


တဖက်တွင်ယာယီတားဝရမ်းထုတ်ဆင့်ပေးရန်လျှောက်ထားခြင်း၊ပစ္စည်းထိန်းခန့်ထားပေးရန်လျှောက်ထားခြင်း၊စီရင်ချက်မချမီတရားပြိုင်၏ပစ္စည်းကိုဝရမ်းကပ်ပေးရန်လျှောက်ထားခြင်းစသည့်ကိစ္စများတွင်မူအငြင်းပွားမှုများမှာအထိုက်အလျောက်ကျဉ်းမြောင်းသည်ဖြစ်၍ငြင်းချက်ထုတ်နှုတ်စစ်ဆေးရန်မလို။


သို့ဖြစ်၍တရားမကျင့်ထုံးဥပဒေပုဒ်မ၁၄၁တွင်တရားမမှုခင်းအရပ်ရပ်၌တရားမကျင့်ထုံးဥပဒေတွင်ပြဌာန်းထားသောနည်းဥပဒေများပါလုပ်ထုံးလုပ်နည်းကိုသက်ဆိုင်ရာအမှုနှင့်သက်ဆိုင်သမျှသာလိုက်နာရန်ဖြစ်ကြောင်းပြဌာန်းထားခြင်းဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]