စွန့်ပစ်ခြင်းနှင့်စပ်လျဉ်းသည့်မနုကျယ်ဓမ္မသတ်လာအဆိုအမိန့်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


စွန့်ပစ်ခြင်းနှင့်စပ်လျဉ်းသည့်မနုကျယ်ဓမ္မသတ်လာကွာပိုင်နေပိုင်စေ၊ဟူသောအဆိုအမိန့်ပါ-


ကွာ သည် ကွာရှင်းသည်(မြန်မာစာအဖွဲ့ဦးစီးဌာနကထုတ်ဝေသောမြန်မာစာအဘိဓာန်(တတိယအကြိမ်ထုတ်)စာမျက်နှာ-၄၁)ဟူ၍လည်းကောင်း၊


ပိုင် မှာ အခွင့်ရှိသည်(မြန်မာအဘိဓာန်အကျဉ်းချုပ်(ပထမအကြိမ်ထုတ်)အတွဲ၃၊စာမျက်နှာ - ၃၀၄ )ဟူ၍လည်းကောင်း၊


နေ မှာ လင်ယူသည် မယားယူသည်(အထက်ပါအဘိဓာန်အတွဲ၂၊စာမျက်နှာ-၂၀၆ )ဟူ၍လည်းကောင်းအဓိပ္ပာယ်ဖွင့်ဆိုထားသည်။


5Ran537 ( F . B . )စီရင်ထုံးစာမျက်နှာ-၅၄၆၌ကွာပိုင်နေပိုင်စေ၊ဟူသောစကားရပ်ကို"Let them have the right to divorce and marry again."ဟုဘာသာပြန်ပါသည်။ 


စွန့်ပစ်ခံရသူသည်နောက်ထပ်အိမ်ထောင်ပြုခွင့်ရှိသည်ဆိုခြင်းသည်ပြဿနာမတက်ပါ။


ကွာပိုင်ဟူသောစကားရပ်နှင့်စပ်လျဉ်း၍စီရင်ထုံးများသဘောထားကွဲလွဲခဲ့ရာ1949 BLR( H . C . )283 နှင့် 1951BLR( S . C . )108စီရင်ထုံးများ၌အငြင်းပွားမှုကိုအဆုံးသတ်ခဲ့သည်ဟုယူဆစရာဖြစ်ခဲ့သည်။


သို့သော်1956BLR( H . C . ) 264 စီရင်ထုံး၌မယားဖြစ်သူမခင်မြကခင်ပွန်းအပေါ်စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားကွာရှင်းပေးစေလိုမှုစွဲဆိုသည်ကိုထောက်ချင့်ပါကရှေ့နေရှေ့ရပ်များသည်ထိုအမှုမျိုးစွဲဆိုနိုင်သည်ဟုယူဆကြပုံပေါ်သည်။ 


တရားလွှတ်တော်ခုံရုံးကထိုအယူအဆမှန်မမှန်ဟုအဖြေပေးခဲ့ခြင်းမရှိပါ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]