ယာယီမှတ်ပုံတင်တယ်ဆိုတဲ့ဝေါဟာရကိုကဥပဒေသုံးစကားရပ်မဟုတ်

ဆရာကြီးဦးမြရေးသားသောဥပဒေအဖြာဖြာ


စာမျက်နှာ၁၅၉


ယာယီမှတ်ပုံတင်ခြင်းရဲ့အကျိုးသက်ရောက်မှုနဲ့ပတ်သက်လို့ ၁၉၉၅ ခုနှစ် တရားမပထမအယူခံမှုအမှတ် ၂၇၃ ( ဦးသိန်းဌေး နှင့် ဒေါ်တင်တင်မြပါ ၆ ) အမှုမှာတရားရုံးချုပ်ကယာယီမှတ်ပုံတင်နံပါတ်ပေးထားရုံမျှနှင့်မှတ်ပုံတင်စာချုပ်အဖြစ်ရောက်ရှိခြင်းမရှိပေဟုဆုံးဖြတ်ရာမှာမှတ်ပုံတင်အက်ဥပဒေပုဒ်မ ၅၈မှ၆၀ပါပြဌာန်းချက်များကိုကိုးကားပါတယ်။


အထူးသဖြင့်မည်သည့်အခါမှတ်ပုံတင်ခြင်းပြီးမြောက်ကြောင်းပုဒ်မ၆၀ပါပြဌာန်းချက်ကို ညွှန်ပြပါတယ်။ 


ယာယီမှတ်ပုံတင်တယ်ဆိုတဲ့ဝေါဟာရကိုကဥပဒေသုံးစကားရပ်မဟုတ်ပါဘူး။ 


ယာယီမှတ်ပုံတင်နံပါတ်ပေးတာဟာ သက်ဆိုင်ရာရုံးရဲ့ရုံးတွင်းသုံးဆောင်ရွက်ချက်ထက်မပိုပါဘူး။


စာချုပ်မှတ်ပုံတင်တဲ့အထိမှတ်တမ်းရုံးကဆောင်ရွက်ရတာအဆင့်ဆင့်ရှိပါတယ်။ 


နောက်ဆုံးအဆင့်ကိုပုဒ်မ ၆၀ ( ၁ ) မှာသတ်မှတ်ပါတယ်။ 


မှတ်ပုံတင်တဲ့စာချုပ်အပေါ်မှာ"registered "မှတ်ပုံတင်ပြီးဆိုတဲ့စကားရပ်၊စာချုပ်ကိုမှတ်ပုံတင်ရေးကူးထားတဲ့မှတ်ပုံတင်ရုံးရှိစာအုပ်အမှတ်နဲ့စာမျက်နှာတွေဖော်ပြပြီးမှတ်ပုံတင်အရာရှိကလက်မှတ်ရေးထိုး၊တံဆိပ်နှိပ်၊ရက်စွဲတပ်ရမှာဖြစ်ပါတယ်။ 


အဲဒီအချက်တွေပါတဲ့သက်သေခံလက်မှတ်ဟာစာချုပ်ကိုမှတ်ပုံတင်ပြီးကြောင်း သက်သေခံဖြစ်တယ်လို့ပုဒ်မ၆၀( ၂ )မှာအတိအလင်းပြဌာန်းထားပါတယ်။


အမှန်မှာတော့ပြောခဲ့တဲ့ထပ်ဆင့်ရေးသွင်းချက်တွေနဲ့သက်သေခံလက်မှတ်ကိုဆိုင်ရာမှတ်ပုံတင်စာအုပ်မှာရေးသွင်းတော့မှမှတ်ပုံတင်ခြင်းပြီးဆုံးတယ်လို့ပုဒ်မ၆၁( ၂ )မှာ ဆိုထားပါတယ်။ 


ဒီလိုရေးသွင်းပြီးမှမှတ်ပုံတင်တဲ့စာချုပ်ကိုမှတ်ပုံတင်ဖို့တင်ပြတဲ့ပုဂ္ဂိုလ်အားပြန်ပေးရန်ဖြစ်တယ်လို့ပြဌာန်းထားပါတယ်။ 


ဒီတော့ပုဒ်မ၆၀ထက်စောတဲ့အဆင့်မှာမှတ်ပုံတင်ပြီးတယ်ဆိုတာဥပဒေအရမဖြစ်ပေါ်နိုင်တဲ့ကိစ္စပါ။


ဟာဘီဘာရာမန် နှင့် မအမာ


1950BLR( H . C ) 331   


အမှုမှာအရောင်းအဝယ်စာချုပ်ကိုမှတ်ပုံတင်ပေးဖို့တင်ပြရာမှာမှတ်ပုံတင်ရုံးမှ ၂၄-၂-၁၉၄၅ ရက်စွဲပါပြေစာရရှိပါတယ်။ဒါပေမဲ့စာချုပ်ကိုပြန်မပေးတော့ပါဘူး။ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၅၂( ၁ )( ဂ )အရစာချုပ်ကိုမှတ်ပုံတင်စာအုပ်အမှတ် ၁ မှာရေးသွင်းခဲ့ခြင်းလည်းမရှိခဲ့ပါဘူး။တရားလွှတ်တော်ကမှတ်ပုံတင်ခြင်းမပြီးမြောက်တဲ့အတွက်စာချုပ်ကိုနည်းလမ်းတကျမှတ်ပုံတင်ခဲ့ခြင်းမရှိဘူးလို့ ဆုံးဖြတ်ပါတယ်။ 


ယာယီမှတ်ပုံတင်တယ်ဆိုတဲ့ကိစ္စမှာလည်းဒီအဆင့်ရောက်သေးတာမှမဟုတ်ပဲမှတ်ပုံတင်ရာမရောက်နိုင်ပါဘူး။


မှတ်ပုံတင်ရုံးရဲ့ပျက်ကွက်မှုအတွက်ဆိုင်ရာပုဂ္ဂိုလ်အနေနဲ့တာဝန်မရှိတာတော့မှန်ပါတယ်။ 


ဒါပေမဲ့ 1950 BLR ( H . C ) 331 စီရင်ထုံးမှာစာချုပ်ကိုတရားဝင်မှတ်ပုံတင်ခြင်းရှိ မရှိဆုံးဖြတ်ရာမှာအဲဒီအချက်ဟာမစပ်ဆိုင်ဘူးလို့ထောက်ပြပါတယ်။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]