မြန်မာနိုင်ငံစီရင်ထုံးပါအဆိုအမိန့်

ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း


စာမျက်နှာ၅၅


မြန်မာနိုင်ငံစီရင်ထုံးပါအဆိုအမိန့်


1963  BLR 672 ( D B ) အမှုတွင်ခုံရုံးက 


" It therefore had Possessory Title which in course of time Ripened  into # Prescriptive Title "


ဟုထုံးဖွဲ့သည်။ 


အထက်၌ကောက်နုတ်ဖော်ပြထားသောအင်္ဂလန်နိုင်ငံစီရင်ထုံးလာ-


" possessory owner acquires an absolute title. "


ဟူသောမြွက်ဆိုချက်ကိုတနည်းပြဆိုခြင်းဖြစ်သည်။ 


( မှတ်ချက် ။  ။ 1963 BLR 672  ,  1961 BLR ( H C ) 119 ( 128-129)( DB )  , 1959 BLR ( H C ) 314 (316 )စီရင်ထုံးတို့ပါအမှုသုံးမှု၌အငြင်းပွားသောမြေအသီးသီးမှာ အိုးအိမ်ဦးစီးဌာနပိုင်မြေကွက်များဖြစ်သည်။ 


ထိုစီရင်ထုံးသုံးရပ်လုံးတွင်ထုံးပြုသောစီရင်ချက်များကိုတရားဝန်ကြီးဦးစံမောင်တဦးတည်းရေးသည်။ 


ပထမအမှုအယူခံကိုကြားနာစဉ်ကအယူခံတရားလိုဘက်မှတရားလွှတ်တော်ရှေ့နေသည်နောက်စီရင်ထုံးနှစ်ရပ်ကိုတင်ပြလျှောက်လဲဟန်မတူ။ 


အထက်ပါစီရင်ထုံးရှိ"ripened into"ဟူသောစကားရပ်ကိုမြန်မာစာအဖွဲ့ကပြုစုသော အင်္ဂလိပ်-မြန်မာအဘိဓာန်တွင်လည်းကောင်း၊ စာရေးသူလက်လှမ်းမှီသော Oxford Advanced Learner's Dictionary of Current English ( ၁၉၇၄ခုနှစ်ထုတ်) တွင်လည်းကောင်း၊ အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိပါ။ 


Black Law Dictionary , Page 689 တွင် " ripeness " ( n ) 


( 1 ) The state of a dispute that has reached , but has not passed , the point when the facts have developed sufficiently to permit an intelligent and useful decision to be made .


( 2 ) The requirement that this state must exist before a court will decide a controversy.


ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။


မြန်မာအဘိဓာန်အကျဉ်းချုပ်(၁၉၈၀ ပြည့်နှစ်ထုတ် )အတွဲ၄ စာမျက်နှာ၂၆တွင် "ရောက်"ဟူသောစကားလုံးကို"တစုံတခုသောအဖြစ်အနေသို့ဆိုက်ရောက်သည်"ဟူ၍လည်းကောင်း-


စာမျက်နှာ၂၃၂တွင်"သွား"ဟူသောစကားလုံးကို"တစုံတခုသောဖြစ်ပျက်မှုသည်လုံးဝပြည့်စုံပြီးပြတ်စွာဖြစ်ခြင်းသဘောကိုခိုင်မာထင်ရှားစေရန်"ကြိယာတွင်စပ်၍သုံးသောစကားလုံးဟူ၍လည်းကောင်း-


စာမျက်နှာ၅၀၌"ရှိ"ဟူသောစကားလုံးကို"တစုံတခုသောအခြေအနေသို့ဆိုက်ရောက်သည်"ဟူ၍လည်းကောင်းအဓိပ္ပာယ်ဖွင့်ဆိုချက်များအရ "ripened into"ဟူသောစကားရပ်ကို"အဖြစ်သို့ရောက်ရှိသွားသည်"ဟုဘာသာပြန်ပါသည်။ 


သို့ဖြစ်ရာ"လက်ရှိထားပိုင်ခွင့်သည်အချိန်တန်သော်အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်အဖြစ်သို့ရောက်ရှိသွားသည်"ဟုဘာသာပြန်ရန်ဖြစ်ပါသည်။


အလျဉ်းသင့်၍ဖော်ပြရလျှင်ရှေ့စာမျက်နှာ၅၄တွင်ကောက်နုတ်ဖော်ပြထားသော ( 1907 ) A . C . 73 စီရင်ထုံးပါ"Possessory Owner" နှင့် 1963 BLR 672 လာ "Possessory Title" "Absolute Title" နှင့် "Prescriptive Title "ဟူသောစကားရပ်အသီးသီးသည်ကွဲပြားကြသော်လည်းအနှစ်သာရအားဖြင့်ဆိုလိုရင်းချင်းတူသည်။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]