အရေးယူလောက်သောဥပဒေပြဿနာနှင့်ငြင်းချက်အကြောင်း ( ၃ )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အရေးယူလောက်သောဥပဒေပြဿနာနှင့်ငြင်းချက်အကြောင်း၃


တရားမကြီးမှု၌ငြင်းချက်များထုတ်နှုတ်စစ်ဆေးရခြင်းသည်လုပ်ရိုးလုပ်စဉ်အလုပ် "routine"ဟုသဘောပိုက်ပြီး ငြင်းချက်များကို"မင်းတိုင်းကျေ"ထုတ်ရန်မဟုတ်သည်ကိုရုံးထိုင်တရားသူကြီးတိုင်းသဘောပေါက်သင့်သည်။ 


ငြင်းချက်၏အရေးပါသောကဏ္ဍကိုနှလုံးသွင်းဆောင်ရွက်ရာ၏။


1966 BLR 51 အမှုတွင်ငြင်းချက်အရေးပါပုံကို-


" It cannot be gainsaid that the framing of issues is one of the most important aspects of a suit . It has a vital bearing on the trial and decision of the case inasmuch as the parties will thereafter be guided by the issue joined . " 


ဟုပြဆိုထားသည်။


အဆိုပါစီရင်ထုံးကိုငြင်းချက်ခေါင်းစီးအောက်၌တသီးတခြားဖော်ပြခြင်းမပြု၍စီရင်ထုံးပေါင်းချုပ်များကိုသာလေ့လာသောဥပဒေပညာရှင်များသတိထားမိမည်မဟုတ်တန်ရာ။


1966 BLR 975 အမှုတွင်-


" အမှုတခု၏မှန်ကန်သောအဆုံးအဖြတ်ပြုရာ၌ကောက်ချက်သည်အရေးပါအရာရောက်ကြောင်းယုံမှားဘွယ်မရှိနိုင်ပေ။ယင်းသို့အမှုအတွက်အရေးကြီးသည့်ကောက်ချက်ကိုထုတ်နှုတ်ရာ၌တရားလို၏အဆိုလွှာနှင့်တရားပြိုင်၏ချေလွှာတို့အပေါ် မှီငြမ်းပြု၍ဆောင်ရွက်ရမည်ဖြစ်သည်။တရားလိုကစွပ်စွဲလာသည်ကိုတရားပြိုင်ကငြင်းဆိုမှသာကောက်ချက်အဖြစ်ပေါ်ပေါက်လာမည်ဖြစ်သည်။တရားလို၏စွပ်စွဲချက်ကိုတရားပြိုင်ကငြင်းဆိုခြင်းမပြုကထိုစွပ်စွဲချက်နှင့်ပတ်သက်၍ကောက်ချက်မဖြစ်လာနိုင်တော့ပေ "ဟုထုံးဖွဲ့သည်။


အဆိုပြုရန်မလိုဘဲအဆိုလွှာ၌အဆိုပြုသောအကြောင်းခြင်းရာမျိုးကိုတရားပြိုင်ကငြင်းကာမျှဖြင့်ငြင်းချက်ထုတ်ရမည်ဟုအမိန့်၁၄၊နည်း၁( ၁ )တွင်ပြဌာန်းထားခြင်းမရှိ။ 


နည်း၁( ၂ )ပါပြဌာန်းချက်များတွင်အကျုံးဝင်သည့်အမှုအနိုင်အရှုံးနှင့်သက်ဆိုင်သောအကြောင်းခြင်းရာသို့မဟုတ်ဥပဒေနှင့်စပ်လျဉ်း၍အငြင်းပွားမှသာလျှင်ထိုအငြင်းပွားချက်တို့နှင့်ပတ်သက်၍ငြင်းချက်ထုတ်ရန်ဖြစ်ကြောင်းနည်း၁( ၁ )တွင်အတိအလင်းပြဌာန်းထားသည်။


တရားမကြီးမှုတမှုတွင်ထုတ်နှုတ်ဆုံးဖြတ်သောငြင်းချက်များ၌တရားလို၏တရားစွဲဆိုပိုင်ခွင့်နှင့်သက်ဆိုင်သောငြင်းချက်ပါဝင်နိုင်သည်။ 


အခြားငြင်းချက်များမှာတရားပြိုင်၏ထုချေချက်ပါအခြားအကြောင်းအရာနှင့်သက်ဆိုင်နိုင်သည်ဟုအကြမ်းဖျင်းအားဖြင့်ဆိုနိုင်သည်။ 


အမိန့် ၁၄ ၊ နည်း ၁ ( ၂ )ပါ-


" propositions of law or fact which a plaintiff must allege in order to show a right to sue or a defendant must allege in order to constitute his defence . " 


ပြဌာန်းချက်ရှိ"defence" "ချေပချက်"ဟူသောစကားရပ်သည်"right to sue" "တရားစွဲဆိုပိုင်ခွင့်"ဟူသောစကားရပ်လောက်နားလည်လွယ်သည်မဟုတ်။


ထိုစကားရပ်၏ဆိုလိုရင်းကိုသိရန်ချေလွှာနှင့်သက်ဆိုင်သည့်အမိန့်၈၊နည်း၂ကိုဖတ်ရပါမည်။ 


နည်း၂၌ပြဌာန်းထားသော"တရားလိုစွဲဆိုသည့်အမှုကိုရှုံးနိမ့်စေမည့်အကြောင်းအရာများ"ကိုဆိုလိုသည်။ 


အချုပ်ဆိုရသော်ငြင်းချက်များသည်တရားလိုစွဲဆိုသောအမှုအနိုင်အရှုံးနှင့်စပ်လျဉ်း၍အကြောင်းခြင်းရာဆိုင်ရာသို့မဟုတ်ဥပဒေဆိုင်ရာအငြင်းပွားချက်များဖြစ်ကြသည်။


တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ကြောင်းထုချေချက်သည်အမိန့် ၁၄၊နည်း၁ ( ၂ )ပါ "defence"တွင်အကျုံးဝင်သည်။  


တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဟူသောအကြောင်းပြချက်အရအမှုကိုပလပ်သည့် 1959 BLR ( H C ) 314 စီရင်ထုံးသာဓကရှိသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]