ဒေါ်ခင်မာချို နှင့် ဦးညွန့်အောင်၊ ၂၀၁၈ မတစ ၁၆ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဒေါ်ခင်မာချိုနှင့်ဦးညွန့်အောင်
၂၀၁၈ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများတရားမစာ၁၆မှ၂၉ထိ
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ
အဲဒီစီရင်ထုံးမှာဖခင်တဦးတည်းကိတ္တိမစာချုပ်ဖြင့်မွေးစားခံရသူဆိုသည့်အရေးအသားကစမှားတာဘဲ။ကျန်ရစ်သူခင်ပွန်းလို့ရေးမှမှန်မှာပေါ့။
ဒါအပြင်အခုလိုသက်သာခွင့်တောင်းရအောင်မည်သည့်စီရင်ထုံးရှိသလဲ။ဓမ္မသတ်ရှိသလဲ။မေးရုံဘဲ။စီရင်ထုံးမှာရေးသကဲ့သို့ဟိုရေးသည်ရေး၊ရေးရန်မသင့်ပါ။စီရင်ထုံး ဓမ္မသတ်တို့မပြောနိုင်လျှင်အယူခံမှုကိုမခိုင်လုံဘူးလို့ပြောရုံဘဲပေါ့။
ကင်းဝန်မင်းကြီးဦးကောင်းရဲ့၃၆စောင်တွဲအမွေမှုခန်းဓမ္မသတ်ကြီးပုဒ်မ၄၅ မနုကျယ်ဓမ္မသတ်တွင် " အမိသေ၍ အဘနှင့်သားဝေခြင်း တနည်းဆိုတုံအံ့။ အမိသေနောက်အဘမယားငယ်နေလျှင် အဘမှာ စီးဆင်၊ စီးမြင်း၊ ဝတ်စားတန်းဆာ။ ထား၊ ကျပ်၊ ဘလား။ ရေတိုင်၊ တွင်းတိုင်တို့ကို အဘနှိုက်ထား၍ အထက်ဆိုခဲ့ပြီးသောစကားအတိုင်း သားကြီးမရှိလျှင် မရှိထိုက်ပေးရမည်။ အမိဆင်သော ဝတ်စားတန်းဆာ။ မိန်းမအဝတ်နှင့်စပ်ဆိုင်သမျှကို သားကြီးအားလေးစုစု၍ တစုပေးစေ။ #ကျန်သောဥစ္စာရပ်များမှာ လေးစုစု၍ သုံးစုကိုအဘယူစေ။ အိမ်ကို အဘရစေ။ ၎င်းသား မကွဲမပြားလောက်၍ အဘ၊ မိထွေး၊ သား။ တချက်တည်းနေသော် ဥစ္စာကိုသူသိသူထင်ခြား၍ ထိန်းစေ။ " ဟူသောပြဌာန်းထားချက်လာ အမိသေ၍ အဘနှင့်သားဝေခြင်းတနည်းဆိုတုံအံ့။ အမိသေနောက်အဘမယားငယ်နေလျှင်xxxxxxxxကျန်သောဥစ္စာရပ်များ " ဟူသည့်ပြဌာန်းချက်က ယခုအမှုအတွက်တိုက်ရိုက်သက်ဆိုင်တဲ့ဓမ္မသတ်ဖြစ်ပါတယ်။
တနည်းအားဖြင့် အမေ၏သားသမီးသာ အမေသေချိန်တွင်ရှိသောပစ္စည်းပေါ်တွင် ဖခင်နောက်အိမ်ထောင်ပြုသည့်အခါ၌ ခွဲဝေခွင့်ရရှိမည်ဖြစ်ပါတယ်။
ယခုအမှုမှာကိတ္တိမသမီးဆိုသူဟာသေသူအမေ၏သမီးမဟုတ်၍အမေသေစဉ် ကျန်ရစ်သောပစ္စည်းအပေါ်အမွေဆက်ခံခွင့်မရှိဘူးလို့၊ပြတ်ပြတ်သားသားရေးရမှာဖြစ်ပါတယ်။
အခုလိုကိစ္စမျိုးနှင့်ပတ်သက်လို့စီရင်ထုံး၃ခုလောက်ရှိပါတယ်။
အဲဒီလိုစီရင်ထုံးတွေအနက် -
U Lwin vs. Maung Tin Aung
1955 BLR ( H C ) 227 ( 231 )
( Judge : U San Maung )
အမှုမှာ-
" It is only on the re - marriage of the surviving parent and not before , that the right of children of the first marriage to claim a partition of property arises . "
ဟူ၍လမ်းညွှန်ထားချက်က၊ယခုအမှုမှာလိုအပ်တဲ့စီရင်ထုံးမျိုးဖြစ်ပါတယ်။
အထက်ပါဓမ္မသတ်များ၊စီရင်ထုံးများရှိပါလျက်၊ကိုးကားဆုံးဖြတ်နိုင်ခြင်းမရှိတာဟာရုပ်ဆိုးအကျည်းတန်တာပဲ။အဲဒီလိုမဖြစ်ကောင်းပါဘူး။
စီရင်ထုံးစာမျက်နှာ၂၆တွင်၊ဦးမြတ်စိုးပါ ၄ နှင့် ဒေါ်တင်ကြည်၊၂၀၀၅ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၄၂ကိုကိုးကားထားတယ်။
ဦးမြတ်စိုးစီရင်ထုံးကမိထွေးသေစဉ်အခါကအမွေမတောင်းဘဲဖခင်သေမှအမွေတောင်းတာ။
ဒါ့ကြောင့်အဲ့ဒီစီရင်ထုံးကိုကိုးကားဆုံးဖြတ်တာ၊အထင်အရှားလွဲတာပဲ။
ဆုံးဖြတ်ရမည့်အမှုရဲ့အမှုအဖြစ်အပျက်နှင့်လုံးဝမတူဘဲကိုးကားတာဟာအံ့ဩစရာကောင်းနေပါတယ်။
1951 BLR ( S C )236( 240 )
Daw Yu and others vs. Maung Khin and others
( Mr.Justice E Maung:Present : Sir Ba U , Chief Justic of the Union of Burma , Mr.Justice E Maung and U Aung Tha Gyaw,J.)
အမှုမှာ-
" The law is now well settled that when on re - marriage of one parent , the alet child or children sought and obtained a share from the parent re - marrying that child or children have no further claim in the estate of the parent . See Ma On Thin v. Ma Ngwe Yin and another , 7 Ran . 398 , followed . "
ဟူ၍အမွေတခါတောင်းပြီးလျှင်နောက်အမွေရခွင့်မရှိတော့ဘူးလို့ဒေါက်တာဧမောင်ကပရီဗီကောင်စီစီရင်ထုံးကို၊ကိုးကားဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။
အဲဒီစီရင်ထုံးရဲ့နောက်မှာလည်းဒေါက်တာဧမောင်ဆုံးဖြတ်တဲ့စီရင်ထုံးလိုစီရင်ထုံးတွေရှိပြီးဖြစ်ပါတယ်။
Comments
Post a Comment