မကြုံစဖူးထူးကဲသည့်အမှု၊ A I R 1937 Ran 324
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1970 BLR 78အမှုတွင်စီရင်ထုံးစာမျက်နှာ ၇၉ - ၈၀ပါ”ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့်ပတ်သက်၍ကာလစည်းကမ်းသတ်အက်ဥပဒေအပိုဒ်၁၂၀ အရလျှောက်ထားသူတို့သည်မိခင်သေဆုံးသောအခါအမွေခွဲဝေပေးရန်တောင်းဆိုနိုင်ကြသဖြင့်သေဆုံးသည့်နေ့၁၉၅၄ ခုနှစ်၊ဧပြီလ ၁၂ ရက်နေ့မှစ၍၆နှစ်အတွင်းတောင်းဆိုကြရမည်ဖြစ်ရာ၁၉၆၀ ပြည့်နှစ်၊ဧပြီလ ၁၁ ရက်နေ့အထိအချိန်ရခဲ့သော်လည်း အမှုစွဲဆိုသည်မှာ ၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့သာဖြစ်သဖြင့်မူလတရားရုံးကကာလစည်းကမ်းသတ်ကျော်လွန်နေသည်ဟုယူဆခြင်းမှာမှန်ကန်သည်ဟုဆိုရပေမည်”ဟု ခုံရုံး၏ဆုံးဖြတ်ချက်ကိုတင်ပြရာတရားရုံးချုပ်ကအယူခံမှုတမှုတွင်ကွဲလွဲဆုံးဖြတ်သောဗဟိုတရားရုံးစီရင်ချက်ကိုကိုးကားပြီးထိုစီရင်ထုံးကိုပြည်သူ့တရားသူကြီးအဖွဲ့ဝင်သုံးဦးကဆုံးဖြတ်သဖြင့်တရားရုံးချုပ်ခုံရုံးကဆုံးဖြတ်ချက်ကိုလိုက်နာရန်မလိုဟုအကြောင်းပြသည်။
ယခင်ပြည်သူတရားသူကြီးအဖွဲ့ဥပဒေအရဗဟိုတရားရုံးတရားစီရင်ရေးအဖွဲ့တွင် ပြည်သူတရားသူကြီးအဖွဲ့ဝင်သုံးဦးပါဝင်သည်မှန်သော်လည်းအဖွဲ့တဖွဲ့သာဖြစ်၍ ဥပဒေအရတရားသူကြီးတဦးတည်းကဆုံးဖြတ်သည့်သဘောဖြစ်ပါသည်။
စောဒကမှုမှာတမျိုးဖြစ်သည်။
ဗဟိုတရားစီရင်ရေးအဖွဲ့ဝင်သုံးဦးသည်တဦးစီ၊စီရင်ချက်ရေးသည်မဟုတ်။
3️⃣ဦးညှိုနှိုင်းဆုံးဖြတ်ရာ၌စီရင်ချက်တစောင်သာရေးသားချမှတ်သည်။
တရားလွတ်တော်၊တရားရုံးချုပ်တို့လက်ထက်တွင်ခုံရုံးတွင်ပါဝင်သောတရားဝန်ကြီးတို့သဘောချင်းကွဲလွဲလျှင်သီးခြားစီရင်ချက်များရေးပြီးတတိယတရားသူကြီး၏ အဆုံးအဖြတ်ကိုခံယူသည့်ကျင့်ထုံးတရပ်ရှိခဲ့သည်။
———————————————————-
A. I. R. 1937 Rangoon 324 [ D B ]
Ma Pwa Shin — Appellant.
V.
U Po Sin and another-Respondents.
Letters Patent Appeal No. 2 of 1936,
Decided on 21st August 1936.
BRAUND, J.
on difference between
LEACH AND SPARGO, JJ.
and afterwards
DUNKLEY, J.
on difference between
LEACH AND SPARGO, JJ.
အမှုတွင်ခုံရုံးတရားဝန်ကြီးနှစ်ဦးသဘောကွဲလွဲရာနောက်တရားသူကြီးတဦး၏အဆုံးအဖြတ်ကိုခံယူသောအခါပြဿနာမှာမငြိမ်းသေးသဖြင့် စတုတ္တတရားဝန်ကြီး၏အဆုံးအဖြတ်ကိုထပ်မံရယူခဲ့ရသည်။
အယူခံကိုလေးကြိမ်တိုင်တိုင်ကြားနာဆုံးဖြတ်ရသည့်မကြုံစဖူးထူးကဲသောအမှုဖြစ်သည်။
မြန်မာနိုင်ငံစီရင်ထုံးသမိုင်းတွင်ခုံရုံးတရားသူကြီးနှစ်ဦးသဘောထားကွဲလွဲသဖြင့် တတိယတရားသူကြီး၏အဆုံးအဖြတ်ကိုရယူခဲ့ရသောနောက်ဆုံးအမှုကို1970 BLR 4တွင်ထုံးဖွဲ့ထားသည်။
(မှတ်ချက်။ ။တရားသူကြီးဦးထွန်းတင်ကတရားသူကြီးဦးကျော်ဇံဦးနှင့်တရားသူကြီးဦးသက်ဖေတို့ကွဲလွဲသုံးသပ်သည်ကိုဆုံးဖြတ်ခြင်း)
စာရေးသူသည်ဗဟိုတရားရုံးတွင်၉နှစ်ကျော်မျှတာဝန်ထမ်းဆောင်ခဲ့ရာယင်းကာလအတွင်းမည်သည့်အမှုတွင်မျှဗဟိုတရားစီရင်ရေးအဖွဲ့ကကွဲလွဲသောစီရင်ချက်များချမှတ်ခဲ့ခြင်းမရှိပါ။
ကွဲလွဲသောစီရင်ချက်များချမှတ်ခွင့်ရှိကြောင်းဗဟိုတရားစီရင်ရေးအဖွဲ့ကယူဆခဲ့ခြင်းလည်းမရှိပါ။
သို့ဖြစ်ရာဗဟိုတရားစီရင်ရေးအဖွဲ့ပါအဖွဲ့ဝင်ဦးရေကိုအလေးပေးဆင်ခြင်ရန်အကြောင်းရှိသည်ဟု စာရေးသူမယူဆပါ။
Comments
Post a Comment