Prescriptive ( တာရှည်ကျင့်သုံးမှုအရ )

ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း


စာမျက်နှာ၅၆


မြန်မာစာအဖွဲ့ကထုတ်ဝေသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၀၆၇၌ "Prescriptive"ကို"တာရှည်ကျင့်သုံးမှုအရ"တရားဝင်ဖြစ်ကာလက်ခံရသောပိုင်ခွင့် ဟုအဓိပ္ပါယ်ဖွင့်ဆိုပြီး"Prescriptive Rights"( 1961 BLR( H C ) 119 ( D B )စီရင်ထုံးစာမျက်နှာ၁၂၉ တွင်ထိုဝေါဟာရကိုသုံးသည် )ဟုဥပမာပေးသည်။ 


သို့သော်ထိုစကားရပ်ကိုမြန်မာဘာသာသို့ပြန်ဆိုခြင်းမပြု။ 


သို့ဖြစ်၍ "Prescriptive Title"ကိုဘာသာပြန်ရာ၌မှီငြမ်းစရာကျမ်းမရှိပါ။ 


1961 BLR ( H C ) 119 ( D B ) 


အမှုတွင်စီရင်ထုံးစာမျက်နှာ၁၂၆၌-


" In our opinion , there is no doubt whatsoever that the plaintiffs havs become owners of the house in suit in view of article 144 of the Limitation Act read with section 28 thereof ,  xxxxxx. " 


ဟုဆုံးဖြတ်သည်။


မရွှေ့မပြောင်းနိုင်သောအိမ်မြေစသည့်ပစ္စည်းကို၁၂နှစ်ကျော်ပိုင်ရှင်နှင့်ဆန့်ကျင်လက်ရှိထားသူသည်ပိုင်ရှင်ဖြစ်သွားသည်ဟုဆိုခြင်းသည်အထက်၌ဖော်ပြခဲ့သော 1907 A . C . 73 စီရင်ထုံးတွင်ရည်ညွှန်းသည့်"Absolute Title"ဟူသောစကားရပ်ကဲ့သို့ဥပဒေမဆန်။အများနားလည်နိုင်သည့်ရိုးစင်းသောအဆိုအမိန့်ဖြစ်သည်။ 


သို့ဖြစ်ရာစာရေးသူက"Prescriptive Title"ဟူသောစကားရပ်ကို"ကာလစည်းကမ်းသတ်အရ"( မှတ်ချက်။  ။ အထက်ပါအဘိဓာန်လာတာရှည်ကျင့်သုံးမှုအရဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုမှီးသည်။)


"ရရှိသောအကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်"ဟုဘာသာပြန်ခြင်းသည်အထက်ပါစီရင်ထုံးများအရ"ယင်းစကားရပ်"၏အဓိပ္ပာယ်ကိုခြုံငုံမိသည်ဟုသဘောရရှိပါသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁ပါတရားဥပဒေကို1964BLR917အမှုတွင် တရားရုံးချုပ်၊တရားသူကြီးချုပ်ဦးဘိုကြီးကမြန်မာဘာသာဖြင့်"မီးသေဆုံးဖြတ်ချက်"ဟူသောဝေါဟာရကိုထွင်ခဲ့သည်။ 


"Prescriptive Title"ဟူသောစကားရပ်ကိုကာလစည်းကမ်းသတ်အရရရှိသော"အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်"ဟုဆိုခြင်းသည်ထိုစီရင်ထုံးပါ"မီးသေ"ဟူသောဝေါဟာရကဲ့သို့ ဆိုင်ရာစကားရပ်၏အဓိပ္ပာယ်ကိုဖွင့်လှစ်ပြနိုင်မည်မဟုတ်သည်မှာမှန်ပါသည်။


သို့ရာတွင်ကွက်တိဝေါဟာရကိုတီထွင်နိုင်သူပညာရှင်မပေါ်မီသစ်မရမီဝါးသုံးရသကဲ့သို့အင်္ဂလိပ်ဘာသာဝေါဟာရ၏ဆိုလိုရင်းကိုလွှမ်းခြုံမိသောအထက်ပါမြန်မာဘာသာပြန်ဝေါဟာရကိုစမ်းသုံးကြည့်ပါကမီးသေခြင်းဝေါဟာရကဲ့သို့တနေ့နေ့တချိန်ချိန်တွင် တွင်တွင်ကျယ်ကျယ်အသုံးကျသောဝေါဟာရဖြစ်ကောင်းဖြစ်လာပါလိမ့်မည်။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]