လင်မယားပြတ်စဲသွားခြင်းကိုခိုင်လုံစေရန်တရားရုံးဒီကရီလိုသည်မဟုတ်၊ S. J. 73
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဥပဒေပြဿနာအဖြာဖြာစာအုပ်စာမျက်နှာ၄၂၌ဆွေးနွေးထားသော 6 Ran 79 ( P . C. )အမှုတွင် " such as remarriage or a suit for divorce " ပါ " a suit for divorce "သည် စွန့်ပစ်ခံရသူကလင်မယားကွာရှင်းပေးရန်တရားတထုံးစွဲခွင့်ရှိသည်ဟု၊ရှေ့နေရှေ့ရပ်များအားအထင်အမြင်လွဲမှားစေမှုဖြစ်တန်ရာသည်။
အမှန်မှာသတ်မှတ်ကာလကြာစွန့်ပစ်ခံရပြီးထိုကာလအတွင်းလင်ဖြစ်သူကမယားကိုမထောက်ပံ့သဖြင့်စွန့်ပစ်ခံရသူကစွန့်ပစ်သူအပေါ်လင်မယားကွာရှင်းပေးစေရန်တရားစွဲဆိုသည့်အခါ၊တရားမစွဲဆိုမီတရားလိုသည်လင်မယားပြတ်စဲလိုသောမိမိဆန္ဒကိုထုတ်ဖော်ခဲ့ခြင်းမရှိပါလျှင်အမှုနိုင်မည်မဟုတ်။
1949 BLR ( H . C . )283စီရင်ထုံးကိုကြည့်ပါ။
လင်မယားကွာရှင်းပေးရန်တရားစွဲဆိုခြင်းကပင်၊တရားလိုသည်မိမိအဆိုပါဆန္ဒကိုဖော်ထုတ်ခြင်းဖြစ်သည်ဟုကောက်ယူနိုင်စေဦး၊တရားမစွဲဆိုမီဖော်ထုတ်ခြင်းမပြုသဖြင့်တရားစွဲဆိုရန်အကြောင်းသည်တရားမစွဲဆိုမီပေါ်ပေါက်ရမည်ဟုပြဆိုသော1952 BLR( H . C . )410 စီရင်ထုံးအရ၊အဆိုလွှာပယ်ခြင်းခံရမည်။
တရားမစွဲဆိုမီစွန့်ပစ်ခံရသူကလင်မယားပြတ်စဲလိုသောဆန္ဒကိုဖော်ထုတ်လိုက်ပါလျှင်လည်း၊လင်ခန်းမယားခန်းပြတ်စဲသွားမည်ဖြစ်သည်။
ထိုသို့လင်မယားပြတ်စဲသွားခြင်းကိုခိုင်လုံစေရန်တရားရုံးဒီကရီလိုသည်မဟုတ်။
S . J . 73 အမှုကိုကြည့်ပါ။
ထိုသို့ဆိုလျှင်လင်မယားကွာရှင်းပေးစေရန်လင်သို့မဟုတ်မယားတွင်တရားစွဲဆိုခွင့်မရှိနိုင်။
ကွာပိုင်ဟူသောအဆိုအမိန့်သည်၊1949BLR( H . C . )283အမှု၌ထုံးဖွဲ့ထားသည့်အတိုင်း၊ထိမ်းမြားခြင်းကိုဖျက်သိမ်းသည့်အနေဖြင့်မှတ်ယူခွင့်( လင်မယားပြတ်စဲသည့်အနေဖြင့်သဘောထားခွင့်)( the right to treat marriage as dissolved )ဖြစ်သည်။
စွန့်ပစ်ခံရသူကလင်မယားပြတ်စဲလိုသောဆန္ဒကိုဖော်ထုတ်လိုက်သောအခါ၊လင်ခန်းမယားခန်းပြတ်စဲသွားခြင်းမှာ၊အနှစ်သာရအားဖြင့်စွန့်ပစ်သူနှင့်စွန့်ပစ်ခံရသူတို့ အပြန်အလှန်သဘောတူညီချက်ဖြင့်ကွာရှင်းရာရောက်သည်။
နောက်ပိုင်းတွင်တဦးဦးကလင်မယားဖြစ်ဆဲဖြစ်သည်ဟုဆိုလာလျှင်၊ကျန်တဦးက လင်မယားမဟုတ်တော့ကြောင်းမြက်ဟကြေညာပေးရန်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရတရားစွဲဆို ရန်ဖြစ်ပေလိမ့်မည်။
AIR 1933 Ran 374စီရင်ထုံးကိုကြည့်ပါ။
ဒေါက်တာဦးဧမောင်က၎င်း၏မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်း ( ၁၉၇၀ ပြည့်နှစ်ထုတ် ) စာမျက်နှာ - ၉၀ တွင် ဒေါ်ပုနှင့်ဒေါက်တာသာမြစီရင်ထုံးများကိုရည်ညွှန်းပြီးနောက် ၊စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားပြတ်စဲခြင်းသည်အနှစ်သာရအားဖြင့်နှစ်ဦးသဘောတူကွာရှင်းခြင်းဖြစ်ကြောင်း
" Dissolution of marriage in these circumstances , was , in essence , one by mutual consent , the wife reciprocating the husband's desire to have the marraige dissolved and vice versa . "
ဟုပြဆိုထားခြင်းသည်၊စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီး၊လင်မယားကွာရှင်းပေးရန်အတွက်တရားစွဲဆိုရန်မလိုကြောင်းမြင်သာစေသည်။
S J L B 73 စီရင်ထုံးကိုကြည့်ပါ။
Comments
Post a Comment