Settlement သည် Partition မဖြစ်နိုင်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား၁အမှတ်စဉ်၄၅တွင် PARTITION - Instrument of ( ပစ္စည်းခွဲစာချုပ်စာတမ်း ) နှင့် အမှတ်စဉ်၅၈တွင် SETTLEMENT - A . INSTRUMENT OF ( ပစ္စည်းလွှဲပြောင်းမှုစာချုပ်စာတမ်း ) တို့ကိုပြဌာန်းထားသည်။ 


( မှတ်ချက်။  ။ 1966 BLR 591 အမှုတွင် မိသားစုပြေငြိမ်းမှုFamilySettlement ဟုသုံးပါသည်။ စာရေးသူကမူ သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၃ပါ settlementကိုစီမံမှုစာချုပ်စာတမ်းဟုဘာသာပြန်ပါသည်။ ဇယား ၁ ၊ အမှတ်စဉ် ၅၈ ၊ စာတိုင် ၃ ပါ the prooerty settled ဟူသောစကားရပ်ကို စီမံခန့်ခွဲသည့်ပစ္စည်းဟုဘာသာပြန်သင့်ပါသည်။


မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၂ ( ၂၄ ) တွင် settlementကို ဆွေးနွေးလျက်ရှိသောအမှုနှင့်သက်ဆိုင်သမျှ အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ဆိုထားသည်။


" settlement means any non - testamentary disposition in writing of moveable or immoveable property made - 


( b ) for the purpose of distributing property of the settler among his family or those for whom he desires to provide , or for the purpose of providing for some person dependent on him . "


Settlementစီမံခန့်ခွဲသည့်စာချုပ်စာတမ်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ သေတမ်းစာမဟုတ်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုစီမံခန့်ခွဲခြင်း ( disposition in writing of moveable property ) ( ယခင် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၇ ( ၃ )တွင် အောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ ၁၆ပါ " may be disposed of " ဟူသောစကားရပ်ကို စီမံခန့်ခွဲနိုင်သည် ဟု မြန်မာဘာသာဖြင့်ပြဌာန်းခဲ့ဖူးသည်။ ) ဟူသောပြဌာန်းချက်တွင် သက်သေခံအက်ဥပဒေပုဒ်မ ၉၁ ပါ " any other dispisition of property " ဟူသောစကားရပ် အကျုံးဝင်သည်ကိုထောက်ချင့်ပါက စီမံခန့်ခွဲမှုစာချုပ်စာတမ်းသည်ပစ္စည်းခွဲခြင်းမဟုတ်ကြောင်းပေါ်လွင်သည်။


ပစ္စည်းခွဲစာချုပ်အတွက်ခွဲပေးသည့်ပစ္စည်းဝေစုများအရတံဆိပ်ခွန်ထမ်းဆောင်ရသော်လည်း စီမံခန့်ခွဲမှုစာချုပ်စာတမ်းအတွက်မူ လွှဲပြောင်းသည့် ( စီမံခန့်ခွဲသည့် ) ပစ္စည်း၏သင့်ငွေ သို့မဟုတ် တန်ဖိုးနှင့်ညီမျှသောငွေအရ တံဆိပ်ခွန်ထမ်းဆောင်ရန်သီးခြားပြဌာန်းထားသည်ကို ထောက်ချင့်ပါကလည်းအဖြေပေါ်သည်။


မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေတွင်settlementကိုအဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိပါ။ 


Settlement စာချုပ်စာတမ်းအတွက် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်လိုအပ်စေသော မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေပုဒ်မ ၂ ( ၂၄ )အရ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေပုဒ်မ ၃၉ပါ settlement ကို အဓိပ္ပါယ်ကောက်ယူရန်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိ။


မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေပုဒ်မ၃၉၏ ပထမအပိုဒ်၌ အောက်ပါအတိုင်းပြဌာန်းထားသည် -


" Whenever the Court pronounces a decree of dissolution of marriage or judicial separation for adultrey of the wife , if it is made to appear to the Court that the wife is entitled to any prooerty , the Court may , if it thinks fit , order such settlement as it thinks reasonable to be made of such property or any part thereof , for the benefit of the husband , or the children of the marriage , or of both . "


အထက်ပြဌာန်းချက်ပါ settlementကိုလင်သို့မဟုတ်သားသမီးသို့မဟုတ်လင်နှင့်သားသမီးများရှိလျှင်အကျိုးငှာ ( for the benefit of the husband , or of the children of the marriage , or of both ) ပြုလုပ်ရန်ဖြစ်ပါသည်။ 


ပစ္စည်းခွဲခြင်းမှာ ပူးတွဲပိုင်ပစ္စည်း၌ ပိုင်သူအသီးသီး၏အကျိုးခံစားပိုင်ခွင့်တို့ကိုဖလှယ်ပြီး အပြန်အလှန်စွန့်လွှတ်ခြင်းမျှသာဖြစ်သည်။ 


တဦးဦး၏အကျိုးအတွက် ( for the benefif ) ဟူသောပြဿနာအကျုံးမဝင်သဖြင့် settlementသည်partitionမဖြစ်နိုင်။ 


သားသမီးများသည် မိခင် ( ပုဒ်မပါ မယား )၏ ပစ္စည်းကိုပိုင်သူများမဟုတ်နိုင်၍ ပစ္စည်းခွဲရာ၌ ၎င်းတို့ပါဝင်ပတ်သက်ရန်အကြောင်းမရှိခြင်းကလည်း ပုဒ်မ ၃၉ ပါ settlementသည်partitionမဟုတ်ကြောင်းမြင်သာပြန်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ