The Married Women's Property Act
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဘီအယ်လ်သင်တန်းတွင်မြန်မာဓလေ့ထုံးတမ်းကိုဂဃနဏသင်ယူခဲ့သောစာရေးသူသည်၊ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ ၁၁ စာ - ၁၁၈ ရှိ " The Married Women's Property Act " ကိုဖတ်ကြည့်သောအခါအိမ်ထောင်သည်မိန်းမများသည် ဗုဒ္ဓဘာသာဝင်မယားကဲ့သို့အခွင့်အရေးမရှိ၍၎င်းတို့သည်လည်းပစ္စည်းပိုင်ဆိုင်ခွင့်ရရှိစေရန်၁၈၇၄ ခုနှစ်(ထိုစဉ်ကအောက်မြန်မာပြည်သည်အင်္ဂလိပ်အစိုးရပိုင်ဖြစ်သည်)တွင်ဥပဒေပြဌာန်းခဲ့ကြောင်းစာရေးသူတရားသူကြီးဖြစ်ခါစကတအံ့တဩဖတ်ခဲ့ရပါသည်။
ထိုဥပဒေ၏နိဒါန်းဒုတိယအပိုဒ်တွင်ယင်းဥပဒေပြဌာန်းရသည့်အကြောင်းခံကိုအောက်ပါအတိုင်းဖော်ပြထားပါသည်။
" And whereas by the Indian Succession Act , 1865 , section 4 , it is enacted that no person shall by marriage acquire any interest in the property of the person whom he or she marries , xxxxxxx. "
အထက်ပါ The Indian Succession Act , 1865 , ပြန်လည်ရုပ်သိမ်းပြီးလက်ရှိအမွေဆက်ခံရေးအက်ဥပဒေကို၁၉၂၅ခုနှစ်တွင်ပြဌာန်းခြင်းဖြစ်သည်။
အထက်ပါနိဒါန်း၌ဖော်ပြချက်တို့သည်အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၀( ၁ )ပြဌာန်းချက်များနှင့်တူသည်ကိုတွေ့မြင်နိုင်ပါသည်။
သို့ဖြစ်ရာ၊ပြဌာန်းဥပဒေများကိုနှံ့နှံ့စပ်စပ်ဖတ်ရှုမှတ်သားခဲ့ပါလျှင် အထက်၌ရည်ညွှန်းခဲ့သောအမှုတွင်မန္တလေးခရိုင်တရားရုံးသည်ဆိုင်ရာဥပဒေတို့ကိုကောင်းစွာကိုးကားဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်းသာဓကအဖြစ်အလေးထားရေးသားရခြင်းဖြစ်သည်။
partitionနှင့်settlementဟူသောစကားရပ်နှစ်ခုကိုမြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေတွင် အဓိပ္ပါယ်ဖွင့်ဆိုမည်ဟုယေဘုယျအားဖြင့်ဥပဒေပညာရှင်များမျှော်လင့်မည်မဟုတ်ပါ။
ပစ္စည်းခွဲစာချုပ်တရပ်အရ ရရန်ရှိသည့်ပစ္စည်းအစုကိုလက်ရောက်ရလိုကြောင်းစွဲဆိုသောအမှုတမှုတွင် စာချုပ်အတွက်ထိုက်သင့်သည့်တံဆိပ်ခေါင်းထမ်းဆောင်ထားခြင်းမရှိဟု တရားပြိုင်ဘက်မှအငြင်းပွားသဖြင့် စာရေးသူသည် မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေ ဇယား ၁ အမှတ်စဉ် ၄၅ ကိုဖတ်ပြီး အဆုံးအဖြတ်ပေးခဲ့စဉ်က ဇယားများပါစာချုပ်စာတမ်းများကို ဖတ်ခဲ့ဖူးပါသည်။
တရားလိုရုံးချိန်းပျက်ကွက်သဖြင့်အမှုပြန်ဖွင့်ပေးရန် တရားမကျင့်ထုံးဥပဒေအမိန့် ၉ ၊ နည်း ၉ အရလျှောက်ထားရာ၌ ရုံးချိန်းပျက်ကွက်ရခြင်းအတွက် လုံလောက်သောအကြောင်းရှိကြောင်း ကျမ်းကျိန်ဆိုချက်ကိုတံဆိပ်ခွန်ထမ်းဆောင်ရမည်ဟု တရားပြိုင်ဘက်မှအငြင်းပွားရာ လျှောက်ထားသူ ( တရားလို )၏ရှေ့နေကိုးကားသော အမှတ်စဉ် ၄ ၏ခြွင်းချက် ( ခ ) ပါ " For the immediate purpose of being filed or used in any Court or before the officer of any Court " ဟူသောပြဌာန်းချက်အရ တံဆိပ်ခေါင်းထမ်းဆောင်ရန်မလိုဟုဆုံးဖြတ်စဉ်ကလည်း ဇယားကိုအစမှအဆုံး တကြိမ်ဖတ်ဖူးပါသည်။
ပြဌာန်းချက်အရထင်ရှားပါလျက်ယခုအခါတရားရုံးအချို့သည်အလားတူကျမ်းကျိန်လွှာကို တံဆိပ်ခွန်ထမ်းဆောင်ထိုက်သည်ဟုဆုံးဖြတ်ကြသည်ကိုတွေ့ရသည်။
အမှတ်စဉ် ၄ တွင် " Affidavit , including an affirmation or declaration in the case of persons by law allowed to affirm or declare instead of swearing " ဟုပြဌာန်းထားပါလျက် ဟိန္ဒူဘာသာဝင်တဦး၏ ကတိသစ္စာပြုလွှာaffirmationသည်ကျမ်းကျိန်လွှာaffidavitမဟုတ်ဟု ခရိုင်တရားရုံးနှင့်တရားလွှတ်တော်တရုံးတို့ကဆုံးဖြတ်ခဲ့သည်ကို စာရေးသူတအံ့တဩဖတ်ခဲ့ရဖူးသည်။
စာရေးသူသည်တရားသူကြီးလုပ်သက်တနှစ်မပြည့်မီကပင် မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေတွင် partition နှင့် settlement တို့မတူကွဲပြားပုံကို ဖတ်ရှုသိခဲ့ပြီးဖြစ်သည်။
Comments
Post a Comment