Writs ( စာချွန်တော် )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
Writsလို့ခေါ်တဲ့စာချွန်တော်နဲ့ဖျက်နိုင်တဲ့ကိစ္စမှာသုံးမျိုးသုံးစားရှိပါတယ်။
စာချွန်တော်နဲ့ပတ်သက်တဲ့အမှုတွေက အင်္ဂလိပ်လိုရေးထားတာဖြစ်တယ်ဖတ်လို့နားမလည်နိုင်ဘူး၊ကြိုပြီးရှင်းပြမယ်။
ပထမတချက်ကစီရင်ပိုင်ခွင့်မရှိဘဲနဲ့ချမှတ်ထားတဲ့ဒီကရီ ၊ ( want to jurisdiction ) အဲဒီကိစ္စရပ်ကို တရားလွှတ်တော်ချုပ်ကို Writs နဲ့တင်လို့ရတယ်။
နောက်တခုက excess of jurisdiction စီရင်ပိုင်ခွင့်အာဏာကိုကျော်ပြီးဆုံးဖြတ်ထားတဲ့ကိစ္စ ၊ စီရင်ထုံးတွေရေးထားတဲ့စာသားအတိုင်းဆိုရင် want to jurisdiction ဆိုတာရယ် ၊ excess of jurisdiction ဆိုတာရယ်ပါပဲ။
နောက်တခုကအဲ့ဒါကိုအဓိကထားပြီးပြောချင်တယ်။
SpeakingOrderဆိုတာပါပဲ။
ခင်ဗျားတို့ဘာသာပြန်ရင်စကားပြောသောအမိန့်လို့ဘာသာပြန်လိမ့်မယ်။အဲ့ဒီလိုမဟုတ်ဘူး။
အမိန့်ကိုယ်တိုင်ကိုကမှားနေကြောင်းသိသာထင်ရှားစေတဲ့အမိန့်မျိုးကိုဆိုလိုတာ။
ခရိုင်တရားရုံးကချမှတ်တဲ့အမိန့်ဟာစီရင်ချက်ကိုဖတ်ကြည့်လိုက်ရုံနဲ့မှားတယ်လို့ သိသာထင်ရှားနေရင် Writs နဲ့တက်လို့ရပြီ ၊ သူကဘာနဲ့သွားပြီးဆင်တူသလဲဆိုရင် Order 47 Rule 1 မှာရေးထားတဲ့ Review နဲ့သွားပြီးဆင်တူတယ်။
အဲ့ဒီ Review က ဘယ်လိုရေးထားသလဲဆိုရင် " Error apprarent on the face of the record " အဲဒါကိုဘာသာပြန်ရင် စီရင်ချက်ကိုဖတ်ကြည့်လိုက်ရုံနဲ့သိသာထင်ရှားစေတဲ့အမှားမျိုးကိုဆိုလိုတယ်။
SpeakingOrder ဆိုတာလည်း စီရင်ချက်အမှုတွဲကြည့်လိုက်ရုံနဲ့သိသာထင်ရှားတဲ့အမှားမျိုးကိုဆိုလိုတယ်။
အသေးအဖွဲအမှားလေးနဲ့သွားပြီးမတက်ပါနဲ့ ၊အောင်မြင်မှာမဟုတ်ဘူး။
ပါစင်အောင်လွဲတဲ့အမှားမျိုးဖြစ်ရမယ်။
AIR1939Ran34 အမှုမှာ မြူနီစပယ်လုပ်သားက မိလ္လာကိုသူတဦးတည်းပိုင်မြေအပေါ် ဖြတ်သန်းသယ်ယူခွင့် ( ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၆ ပါသုံးစွဲမှု ( easement )တမျိုး )နှင့်စပ်လျဉ်း၍ကျိုက်ထိုမြို့နယ်တရားမရုံးတွင်စတင်စွဲဆိုသောအမှုဖြစ်သည်။
တရားလိုသည်မူလတရားရုံးနှင့်သထုံခရိုင်တရားမရုံးတွင်အနိုင်ရသော်လည်းတရားလွှတ်တော်တရားမဒုတိယအယူခံမှုတွင်ရှုံးနိမ့်သည်။
တရားလွှတ်တော်တရားဝန်ကြီးကအမှုကိုနောက်အယူခံတရားရုံးကဆုံးဖြတ်သင့်ကြောင်းထောက်ခံသဖြင့် Letters Patent အယူခံကိုခုံရုံးကကြားနာဆုံးဖြတ်သည်။
(တရားလွှတ်တော်တရားဝန်ကြီးတဦးနှင့်ခုံရုံး၏အဆုံးအဖြတ်များကိုစီရင်ထုံးစာအုပ်တွင်ဖတ်ရှုနိုင်သည်)
LettersPatentဆိုသည်မှာ ၁၉၂၂ခုနှစ်အတွင်းကအင်္ဂလန်နိုင်ငံဘုရင်ကရန်ကုန်မြို့တရားလွှတ်တော်ကိုတည်ထောင်သည့်စာချွန်တော် ဖြစ်သည်။
(တရားလွှတ်တော်၏အခွင့်အာဏာများကိုထိုစာချွန်တော်၌ထည့်သွင်းပြဌာန်းထားသည်)
တရားလွှတ်တော်တရားဝန်ကြီးတဦးကမိမိဆုံးဖြတ်သည့်အယူခံတွင်ပေါ်ပေါက်သောဥပဒေပြဿနာမှာ လေးနက်ပြီး တိုက်ရိုက်ထုံးသာဓကမရှိလျှင် နောက်ထပ်တဆင့်အယူခံဝင်နိုင်ရန် ထောက်ခံပေးတတ်သည်။
နောက်အယူခံကိုတရားဝန်ကြီးနှစ်ဦးသုံးဦးစသည်ဖြင့်ခုံရုံးဖွဲ့ကာဆုံးဖြတ်လေ့ရှိသည်။
အများအားဖြင့်တရားဝန်ကြီးနှစ်ဦးပါသောခုံရုံးဖွဲ့၍စီရင်လေ့ရှိသည်။
မောင်ထွန်းဖေအမှု14Ran242( S. B. )သည် Letters Patent အယူခံဖြစ်ပြီး တရားဝန်ကြီးငါးဦးပါသော အထူးခုံရုံးကအယူခံမှုကိုစီရင်သည်။
ယခင်ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၂၀( ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေ၊ အတွဲ၁ စာ -၁၈၇) တွင် အလားတူအယူခံဝင်နိုင်ရန် ပြဌာန်းခဲ့ဖူးသည်။
ထိုအယူခံကိုအထူးအယူခံဟုခေါ်သည်။အခွင့်ထူးအယူခံနှင့်ကွဲပြားသည်။
1960 BLR ( H. C. )15အမှုသည် အဆိုပါပုဒ်မ၂၀ အရတင်သွင်းသောအယူခံဖြစ်သည်။
ပုဒ်မ၂၀ကို ၁၉၆၂ ခုနှစ်တွင် ပယ်ဖျက်လိုက်သဖြင့် အဆိုပါအယူခံမျိုးမရှိတော့ပါ။
Comments
Post a Comment