1997 BLR 85 ( F B )သည်အခြေကျလျက်ရှိသောဥပဒေနှင့်ကွဲလွဲဆုံးဖြတ်ခြင်းဖြစ်သလော။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1997 BLR 85 ( FB )သည်အခြေကျလျက်ရှိသောဥပဒေနှင့်ကွဲလွဲဆုံးဖြတ်ခြင်းဖြစ်သလော ? ————————————— 1997 BLR 85 အမှုတွင် စုံညီခုံရုံးကအောက်ပါအတိုင်းသတ်မှတ်ထုံးဖွဲ့သည်- “ပိုင်ရှင်အသွင်ဖြင့်မြေလက်ရှိဖြစ်ပြီး ပိုင်ရှင်၏သာမာန်အခွင့်အရေးကို သုံးစွဲနေထိုင်သူတဦးသည် ပိုင်ရှင်အစစ်မှတပါး ခပ်သိမ်းကုန်သောသူတို့နှင့်စပ်လျဉ်း၍ ပိုင်ဆိုင်ခွင့်အခိုင်အမာရှိသည်။ ပိုင်ရှင်မဟုတ်သောအခြားသူက ထိုသ်ု့လက်ရှိထားခြင်းကိုအနှောင့်အယှက်ပြုလာလျှင် လက်ရှိထားသူသည် သီးခြားသက်သာခွင့်အက်ဥပဒေအရလက်ရောက်ရလိုကြောင်းတရားစွဲဆိုနိုင်သည်။ " စွဲဆိုသောအမှုမှာမြွက်ဟကြေညာပေးစေလိုမှုဖြစ်သည်။ လက်ရောက်ရလိုမှုမဟုတ်သဖြင့်ခရီးသွားဟန်လွဲဆုံးဖြတ်ချက်ဖြစ်သည်။ 1998 BLR ( FB ) 239 စီရင်ထုံးကိုဖတ်ပါ။ 1997 BLR 85အမှုတွင်စီရင်ထုံးစာမျက်နှာ ၈၈ အောက်ဆုံးစာပိုဒ်နှင့် စာမျက်နှာ ၈၉ ၏ ပထမစာပိုဒ်ပါမြွက်ဆိုချက်နှစ်ရပ်ကိုတဆက်တည်းဖတ်ရန်ဖြစ်သည်မှာယုံမှားဖွယ်မရှိ။ ပထမစာပိုဒ်တွင်မြန်မာနိုင်ငံ၌တညီတညွတ်တည်းလက်ခံကာအစဉ်တစိုက်လိုက်နာလျက်ရှိသည့်တရားဥပဒေကိုမြွက်ဆိုပြီးနောက်၊စီရင်ထုံးစာမျက်နှာ ၈၉၏ပထမစာပိုဒ်တွင်ရှေ့စာပိုဒ်၌ပြဆို...