A I R 1968 S C 1165 စီရင်ထုံးပါအမှုဖြစ်စဉ်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


AIR 1968 SC 1165 စီရင်ထုံးပါအမှုဖြစ်စဉ်မှာတရားလိုကမိမိလက်ရှိမြေများအတွင်းသို့တရားပြိုင်အသင်းသည်မိမိလူများ၏အကူအညီဖြင့်ကျူးကျော်ဝင်ရောက်ကာလက်ရောက်ရယူထားသည့်အတွက်လက်ရောက်ရလိုမှုစွဲဆိုသောအမှုဖြစ်သည်။ 


မြန်မာနိုင်ငံစီရင်ထုံးများပါဖြစ်ရပ်များနှင့်မယိုးမစွဲဖြစ်သည်။ 


တရားပြိုင်ဖက်မှအခြားအချက်များအပြင်အချင်းဖြစ်မြေများမှာနိုင်ငံတော်ပိုင်ဖြစ်သဖြင့် တရားလိုသည်မြေလက်ရောက်ရလိုမှုစွဲဆိုခွင့်မရှိဟုထုချေသည်။


အချင်းဖြစ်မြေမှာအခြားသူ(Third Party)ပိုင်ဖြစ်၍လက်ရောက်ရလိုမှုစွဲဆိုခွင့်မရှိဟူသောထုချေချက်မျိုးကို jus tertii ( လက်တင်ဘာသာစကား )ဟုခေါ်သည်။ 


ထိုပြဿနာနှင့်စပ်လျဉ်း၍ G . C . V . Subbarrao ပြုစုသော သီးခြားသက်သာခွင့်ဥပဒေ ( အက်ဥပဒေဟုအမည်မပေးပါ ) ကျမ်း ( ၁၉၉၄ ခုနှစ်ထုတ် ) စာမျက်နှာ ၂၅၆ နှင့် ၂၅၇ တို့တွင်အောက်ပါအတိုင်းပြဆိုသည်။


In Nair Service Society v. Alexander ( A I R 1968 S C 1165 ) , Hidayatullah , J . , held that jus tertii cannot be pleaded by a defendant who is himself a trespasser . He observes : " Since in every such case between trespassers the title must be outstanding in a third party a defendant will be placed in a position of dominance . He has only to evict the prior trespasser and set pretty pleading ( အတော်အတန်လျှောက်လဲသည် ) that the title is in someone else . " As Erle , J . , put it in Burling v. Read ( 1 ) parties might imagine that they acquired some right by merely intruding upon land in the night , running up ( တက်သုတ်ရိုက်ကာဆောက်သည် ) a hut and occupying it before morning . This will be subversive of the fundamental doctrine which was accepted always and was affirmed in Perry v. Clissold ( 1907 ) A . C . 73 ).

The attention of the Supreme Court was invited to the difference of opinion on the subject ( အကြောင်းအရာ ) between the decision in Doed Carter v. Barnard ( 1849 ) 13 Q . B . 945 ) and the decision in Asher v. Whitlock ( 1865 ) 1 Q . B . 1 ) but Hidayatullah , J . , pointed out that the conflict should be regarded as settled by the Privy Council decision in Perry v. Clissold ( 1907 ) A . C . 73 ) . It was contended that Perry v. Clissold ( 1907 ) A . C . 73 ) should not be followed . Hidayatullah , J . , " The cases of the Judicial Committee are not binding on us but we approved of the dictum in Perry v. Clissold ( 1907 ) A . C . 73 ) . The result is that jus tertii  cannot be pleaded by a trespasser . "


AIR 1968 SC 1165အမှုတွင် ( 1907 ) A . C . 73 စီရင်ထုံးကိုကိုးကားပြီးနောက် အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်က-


“Therefore , the plaintiff who was peaceably in possessiin was entitled to remain in possession and only the State could evict him.”


ဟုဆုံးဖြတ်သည်။ 


ယင်းအဆုံးအဖြတ်သည်မြန်မာနိုင်ငံကလက်ခံကျင့်သုံးလျက်ရှိသောလက်ရှိထားပိုင်ခွင့်ဆိုင်ရာတရားဥပဒေအတိုင်းဖြစ်သည်ကိုတွေ့မြင်နိုင်သည်။


တရားလိုသည်အချင်းဖြစ်မြေကိုအေးအေးချမ်းချမ်းလက်ရှိထားမြဲထားခွင့်ရှိသည်ဟု A I R 1968 S C 1165 အမှုတွင်ချမှတ်သောအမိန့်သည်အမှုအနိုင်အရှုံးကိုအဆုံးအဖြတ်ပြုသည့်ပဓာနကျသည့်ဆုံးဖြတ်ချက်ဖြစ်သည်။


 8 LBR 227 FB နှင့် 11 LBR 45 အမှုများကိုဆုံးဖြတ်သည့်အခါ၊၁၉၀၇ခုနှစ်တွင်ဆုံးဖြတ်ထားသော ( 1907 ) A . C . 73 စီရင်ထုံးကို ရန်ကုန်မြို့ရှိရှေ့နေရှေ့ရပ်များဖတ်ပြီးဖြစ်တန်ရာသည်။ 


သို့ဖြစ်၍အချင်းဖြစ်မြေကိုနိုင်ငံတော်ပိုင်သည်ဟုတရားပြိုင်ဖက်မှအောက်မြန်မာပြည်တရားရုံးချုပ်တွင်မတင်ပြခဲ့ခြင်းဖြစ်တန်ရာသည်။ 


( 1907 ) A . C . 73 စီရင်ထုံးကိုလက်လှမ်းမမှီ၍အမှုဖြစ်စဉ်ကိုမသိရပါ။


သို့သော်မြေလက်ရောက်ရလိုမှုတွင်တရားပြိုင်ဖက်မှအချင်းဖြစ်မြေကိုအခြားသူ ( Third Party ) ( နိုင်ငံတော်ပိုင် ) ဖြစ်သည်ဟုထုချေခွင့်ရှိမရှိဥပဒေပြဿနာကို အဆုံးအဖြတ်ပေးသောစီရင်ထုံးဖြစ်ပုံပေါ်ကြောင်း A I R 1968 S C 1165 စီရင်ထုံးအရသိနိုင်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ