ဇာရီမှုတွင်ချမှတ်သောအမိန့်များ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အယူခံဝင်ခွင့်နှင့်ပတ်သက်၍ပိုမိုပြဿနာတက်သောကိစ္စမှာ၊ဇာရီမှုတွင်ချမှတ်သောအမိန့်များဖြစ်သည်။
အဆိုပါကိစ္စတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)အားအဓိပ္ပာယ်ကောက်ယူရာတွင်လွဲမှားစရာအကြောင်းတရပ်ရှိနေသောကြောင့်ဖြစ်သည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်၊ပုဒ်မ၄၇၌အကျုံးဝင်သောပြဿနာတရပ်ရပ်၏အဆုံးအဖြတ်ကိုရည်ညွှန်းထားသည်။
အဆိုပါပြဿနာများမှာ၊ဒီကရီကိုအတည်ပြုခြင်း၊ဒီကရီအရပေးဆပ်ခြင်းနှင့်ဒီကရီကိုကျေအေးပြေငြိမ်းအောင်ပြုခြင်းတို့ဖြစ်သည်။
အဆိုပါပြဿနာတရပ်ရပ်နှင့်ပတ်သက်ပြီး၊တရားနိုင်နှင့်တရားရှုံး(ထိုသူတို့၏အခွင့်အရေးဆက်ခံသူများလည်းပါဝင်သည်)အချင်းချင်းအငြင်းပွားမှုဖြစ်ရမည်။
အမိန့်၄၃၊နည်း၁(ဈ)မှ(ည)အထိပါဝင်သောအမိန့်များသည်ဒီကရီမဟုတ်၊အယူခံဝင်ခွင့်ရှိသောအမိန့်များသာဖြစ်ကြောင်းရှင်းလင်းပါသည်။
ကျန်အမိန့်များတွင်၊အမှုသည်များ၏အခွင့်အရေးကိုအပြီးအပြတ်ဆုံးဖြတ်သောအမိန့်နှင့်အပြီးအပြတ်ဆုံးဖြတ်ပေးရာမရောက်သောအမိန့်ဟူ၍နှစ်မျိူးနှစ်စားခွဲခြားနိုင်သည်။
အမှုသည်များ၏အခွင့်အရေးကိုအပြီးအပြတ်ဆုံးဖြတ်သောအမိန့်သာလျှင်၊ပုဒ်မ၂(၂)တွင်အကျုံးဝင်သည်။
1953 BLR ( S C ) 55
Ma Hla Yi v. Ma Than Sein and two .
Present : U Thein Maung , Chief Justice of the Union of Burma , Mr. Justice Myint Thein and U Aung Khine , J .
အမှုတွင်အောက်ပါအတိုင်းဆုံးဖြတ်ထုံးပြုထားသည်-
"Held . A decision on a cardinal point in issue by itself does not make the order a 'final order' but the test is whether the rights of the parties in the suit are finally disposed of by the decision."
"Held . Only when an order convulsively determines the rights of the parties in a matter material to the due execution of a decree , s.47 and s. 2 ( 2 ) could be invoked so that an appeal would lie . The order of the High Court setting aside the order of the District Court is within the meaning of s. 2 ( 2 ) and is as such appealable."
ကျန်အမိန့်အမျိုးအစားကိုအယူခံဝင်ခွင့်မရှိ။
အဆိုပါခြားနားချက်ကိုသတိမချပ်ခြင်းကြောင့်မှားယွင်းကြခြင်းဖြစ်သည်။
ဇာရီမှုကိုဆိုင်းငံ့သောအမိန့်၊ဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်များကိုအယူခံဝင်ခွင့်မရှိကြောင်း၊စီရင်ထုံးအများအပြားတွင်ထောက်ပြခဲ့သော်လည်း၊ 1996 BLR 1 အမှုတွင်အမှားထပ်မံပေါ်ပေါက်သည်။
1996 BLR 1
ဒေါ်ခင်ခင်မေ နှင့် အာဆူးဘီဘီ(ခ)မလှလှဝင်း
တရားရုံးချုပ်တရားသူကြီးဦးတင်အုံးရှေ့တွင်
အမှုတွင်အောက်ပါအတိုင်းထုံးပြုသည်-
"ဆုံးဖြတ်ချက်။ ။ဒီကရီအတည်ပြုခြင်းကိုဆိုင်းငံ့သည့်အမိန့်ကိုဖြစ်စေ၊ဒီကရီအတည်ပြုခြင်းကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်ကိုဖြစ်စေ၊အယူခံဝင်ခွင့်မရှိပေ။ဦးစံဝနှင့်ဦးချစ်စံအမှု၊မထွန်းနှင့်မညိုအမှု၊ဦးကိုကိုလတ်နှင့်ဒေါ်တင်ညွန့်အမှုတို့ကိုကြည့်ပါ။"
Comments
Post a Comment