A I R 1968 S C 1165 စီရင်ထုံးပါအဆိုအမိန့်ကိုဖော်ပြခြင်းမှာ၊တရားစီရင်ရာ၌အထောက်အကူဖြစ်စေရန်ရည်စူးသည်။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စာရေးသူသည်သီးခြားသက်သာခွင့်အက်ဥပဒေစာအုပ်တွင်AIR 1968 SC 1165 စီရင်ထုံးပါအဆိုအမိန့်ကိုဖော်ပြခြင်းမှာတရားစီရင်ရာ၌အထောက်အကူဖြစ်စေရန် ရည်စူးသည်။
တဖက်တွင်တရားရုံးတရုံးကထိုစီရင်ထုံးကိုအမှီသဟဲပြု၍ဆုံးဖြတ်သည့်ကိစ္စမှာသီးခြားပြဿနာဖြစ်သည်။
တရားသူကြီးများညီလာခံတခု၌ထိုစဉ်ကတရားလွှတ်တော်တရားဝန်ကြီးချုပ်မှာကြားသည်တို့ကိုလိုက်နာအပ်သည်။
2004 BLR 146 ( 151 ) အမှုတွင်အထူးခုံရုံးကကိုးကားသောစီရင်ထုံးမှာထိုတရားဝန်ကြီးချုပ်ကစီရင်ထုံးအကိုးအကားဖြင့်စီရင်သောအမှုဖြစ်သည်။
1971 BLR 83စီရင်ထုံးတွင်ပြဆိုထားသည့်အတိုင်း ( 1907 ) A . C . 73 စီရင်ထုံးပါဖြစ်ရပ်ကိုမလေ့လာဘဲ A I R 1968 S C 1165 အမှုတွင်လက်ခံကိုးကားပြဆိုသောထုံးဖွဲ့ချက်ကိုသုံးစွဲရန်မဟုတ်။
စာရေးသူကAIR 1968 SC 1165စီရင်ထုံးအကြောင်းရေးသားခြင်းကတကိစ္စထိုစီရင်ထုံးပါပြဆိုချက်များကိုတရားရုံးကအမှုတွင်ကိုးကားဆုံးဖြတ်ခြင်းကတကိစ္စဖြစ်သည်။
ထိုအရေးအရာတွင် 1971 B L R 83 အမှု၌ထုံးဖွဲ့ချက်ကို တရားရုံးများကဂရုဓမ္မပြု၍လိုက်နာရန်ဖြစ်သည်။
စီရင်ထုံးခေါင်းစီးပထမအပိုဒ်ပါ၊တရားစီရင်ထုံးဟူသည်မှန်ကန်မျှတ၍တရားဥပဒေနှင့်ညီညွတ်မှသာလျှင်လမ်းညွှန်တရပ်ဖြစ်နိုင်သည်ဟူသောအဆိုအမိန့်ကိုနှလုံးသွင်းရာသည်။
1997 BLR 85 FB စီရင်ထုံးစာမျက်နှာ၈၈ ရှိအောက်ဆုံးစာပိုဒ်နှစ်ပိုဒ်ပါအဆိုအမိန့်တို့သည် မြန်မာနိုင်ငံတွင်တစိုက်မတ်မတ်လိုက်နာလျက်ရှိသော လက်ရှိထားပိုင်ခွင့်ဆိုင်ရာတရားဥပဒေဖြစ်သည်။
စာရေးသူကသီးခြားသက်သာခွင့်အက်ဥပဒေစာအုပ်၌ဖော်ပြသော A I R 1968 S C 1165 စီရင်ထုံးသည်မြန်မာနိုင်ငံ၌လိုက်နာလျက်ရှိသော လက်ရှိထားပိုင်ခွင့်ဆိုင်ရာဥပဒေနှင့်ကွဲလွဲဆုံးဖြတ်ရာရောက်သည်ဟု 1997 BL R 85 ( F B ) အမှု၌စုံညီခုံရုံးကသဘောရရှိခဲ့ပါလျှင်လိုက်နာရန်တာဝန်မရှိ။
AIR 1968 SC 1165 စီရင်ထုံးတစိတ်တဒေသသည်မြန်မာနိုင်ငံ၌အခြေကျလျက်ရှိသောတရားဥပဒေနှင့်အမြင်ချင်းကွဲလွဲသည်ဟုစာရေးသူကမယူဆခဲ့သဖြင့်မိမိစာအုပ်၌ဖော်ပြခဲ့ခြင်းဖြစ်သည်။
AIR 1968 SC 1165 အမှုတွင်အိန္ဒိယတရားလွှတ်တော်ချုပ်က-
"The cases of the Judicial Committee are not binding on us but we approve of the dictum in ( 1907 ) A . C . 73 . "
ဟုပြဆိုသည်။
တရားရုံးချုပ်စုံညီခုံရုံးသည်AIR 1968 SC 1165 စီရင်ထုံးကိုလိုက်နာရန်တာဝန်မရှိ။
စီရင်ထုံးပါမြွက်ဆိုချက်မှန်ကန်သည်ဟုလက်ခံအတည်ပြု(approve)ပါမှထိုစီရင်ထုံးပါထုံးဖွဲ့ချက်ကိုလက်ခံဆုံးဖြတ်ရန်ဖြစ်သည်။
6 Ran 261 DB အမှုပါပြဆိုချက်အရမိမိနိုင်ငံစီရင်ထုံးကိုမလိုက်နာဘဲမြန်မာနိုင်ငံစီရင်ထုံး၏ဆန့်ကျင်ဘက်နိုင်ငံခြားစီရင်ထုံးကိုလိုက်နာခြင်းသည်သင့်မြတ်မည်မဟုတ်၍ A I R 1968 S C 1165 စီရင်ထုံးသည် မြန်မာနိုင်ငံ၌တစိုက်မတ်မတ်လိုက်နာလျက်ရှိသည့် 1997 BLR 85 ( FB ) စီရင်ထုံးစာမျက်နှာ ၈၈ ၌ အတိအလင်းကိုးကားသောတရားဥပဒေနှင့်ဆန့်ကျင်ခြင်းမရှိဟု စုံညီခုံရုံးကလက်ခံအတည်ပြုသည်ဟုမှတ်ယူရမည်ဖြစ်ရာပိုင်ရှင်အသွင်ဖြင့်မြေလက်ရှိဖြစ်ပြီး ပိုင်ရှင်၏သာမာန်အခွင့်အရေးများကိုသုံးစွဲနေထိုင်သူဟု ရည်ညွှန်းပြဆိုမှုသည်မြန်မာနိုင်ငံစီရင်ထုံးများလာ မြေ ၊ အိမ် အစရှိသည်တို့ကိုတရားဥပဒေနှင့်အညီလက်ရှိထားသူ၏အနေအထားကို တနည်းမြွက်ဆိုပြခြင်းထက်မပို။
စီရင်ထုံးများပါထုံးဖွဲ့ချက်တို့နှင့်ကွဲလွဲကာအခြားနည်းအကျယ်ချဲ့ခြင်းမဟုတ်ဟု မှတ်ယူရာ၏။
သို့မှသာလက်ရှိထားပိုင်ခွင့်သမိုင်းတွင်သမိုင်းဝင်လျက်ရှိသော၊PJLB 431 စီရင်ထုံးမှသည် 1964 BLR 269 စီရင်ထုံးအထိနှစ်တရာခန့်တည်ခဲ့သောလက်ရှိထားပိုင်ခွင့်ဆိုင်ရာမြန်မာတရားဥပဒေသည် အာနိသင်မပျက်ဆက်လက်တည်နေပေလိမ့်မည်။
စီရင်ထုံးများမတည်ငြိမ်ခြင်းသည်ဖြစ်ကောင်းသည်မဟုတ်။
အမှုသည်များကိုမြေစာပင်အဖြစ်သို့ရောက်စေတတ်သည်။
1948 BLR 1 FB စီရင်ထုံး စာမျက်နှာ ၁၇ ရှိ ပထမအပိုဒ်မှ စာမျက်နှာ ၁၈ ဒုတိယအပိုဒ်အဆုံးထိတရားဝန်ကြီးဦးဧမောင်၏ပြဆိုချက်များကိုဆက်ဖတ်ပါ။
မှတ်သားသင့်သောဥပဒေပညာတရပ်ဖြစ်သည်။
Comments
Post a Comment