1949 BLR ( H C ) 338 ( D B ) စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၃ကိုလူသိနည်းနေ၍အဖြေရှာရာ၌လမ်းလွဲနေခြင်းကိုစာရေးသူအပြစ်မတင်လိုပါ။


စာရေးသူသည်လည်းယခင်ကပုဒ်မ၄၃နှင့်မရင်းနှီးခဲ့ပါ။


ထိုပုဒ်မ၄၃နှင့်ဆိုင်သောမြန်မာနိုင်ငံစီရင်ထုံးများအနည်းအကျဉ်းသာရှိခြင်းကြောင့်ဖြစ်သည်။


သို့သော်စာရေးသူသည်မြန်မာနိုင်ငံတရားဌာနဝန်ထမ်း(အကြီးတန်း)စာမေးပွဲကိုတရားသူကြီးဖြစ်ပြီးသုံးလသာသာတွင်ဖြေဆိုရာ၌စီရင်ထုံးများကိုအလေးထားမေးတတ်သည်ဆို၍ထိုစဉ်ကနောက်ဆုံးစီရင်ထုံးပေါင်းချုပ်ရှိစီရင်ထုံးများကိုအလွတ်နီးပါးရအောင်ကျက်မှတ်ရာ၌ဦးဘိုးသာ၏စီရင်ထုံးပေါင်းချုပ်ကော်လံ၅၃၈၌ဖော်ပြထားသော1949BLR(HC)338(DB)ကိုဖတ်ရသောအခါသက်သေခံအက်ဥပဒေပုဒ်မ၁၁၅နှင့်ဆက်စပ်နေသည့်ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ၄၃ပါပြဌာန်းချက်များအကြောင်းစိတ်ဝင်တစားဖတ်ခဲ့ရသဖြင့်ယနေ့တိုင်မမေ့ပါ။


ထိုစီရင်ထုံးကိုတရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်ကရေးပါသည်။


ခုံရုံးအဆုံးအဖြတ်ဖြစ်ပါသည်။


စာရေးသူသည်စီရင်ထုံးပေါင်းချုပ်တွင်မိမိမသိသောဥပဒေများကိုဖတ်ရသဖြင့်1949BLR(HC)338(DB)စီရင်ထုံးကိုအစမှအဆုံးဖတ်ခဲ့ရပါသည်။


1949 BLR ( H C ) 338 ( D B )စီရင်ထုံး


ဦးဆိုင်ဆိုသူသည်ဇနီးဒေါ်သာနုနှင့်ပေါင်းသင်းစဉ်လင်မယားပိုင်လယ်များကိုအယူခံတရားပြိုင်မဖွားတင်အားမှတ်ပုံတင်စာချုပ်ချုပ်ဆိုအပိုင်ပေးလိုက်ရာမယား၏ဝေစုကိုပေးခြင်းမှာသာမာန်အားဖြင့်အထမမြောက်နိုင်။


သို့ရာတွင်နောက်ပိုင်း၌ဇနီးဖြစ်သူသေဆုံးသွားသဖြင့်မယား၏အစုကိုဦးဆိုင်အမွေဆက်ခံရရှိသည်ဖြစ်၍အပေးတရပ်လုံးခိုင်လုံသွားသည်ဟုဆိုနိုင်သော်လည်းပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၃သည်အပိုင်ပေးခြင်းနှင့်မဆိုင်(အဖိုးစားနားမရှိခြင်းကြောင့်ဖြစ်သည်)ဟုဆိုစရာဖြစ်လာရာစီရင်ထုံးစာမျက်နှာ၃၄၁၌အောက်ပါအတိုင်းဆုံးဖြတ်သည်-


" Section 43 of the Transfer of Property Act does not apply to a gift ; but the Act is not exhaustive and in any case not civered by the Act the Court is entitled to apply the rule of justice , equity and good conscience . ( See Mulla's Transfer of Property Act , 2nd Edition , page 2 . ) "


ထို့နောက်အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


" So U Saing himself would not have been allowed to derogate from his own grant ( အပိုင်ပေးခြင်း ); and his subsequent acquisition of title to his wife Daw Tha Nu's share by survivorship must ensure ( ensue ကိုမှားယွင်းပုံနှိပ်ပုံပေါ်သည် ) for the benefit of the respondent and perfect her title to Daw Tha Nu's share in the said pieces of land also. "


မြန်မာဗုဒ္ဓဘာသာအမွေစားအမွေခံတို့သည်ဟိန္ဒူများကဲ့သို့ by survivorship အမွေဆက်ခံခြင်းမဟုတ်ပါ။


အထက်တွင်ဦးဆိုင်ကဇနီး၏အမွေကို by survivorship ရသည်ဆိုခြင်းသည် အမွေဆက်ခံသည် ဟူသောအဓိပ္ပာယ်ဖြင့်သာရေးသားခြင်းဖြစ်သည်ကိုသတိချပ်သင့်ပါသည်။


" his subsequent acquisition of title to his wife Daw Tha Nu's share by survivorship must ensure for the benefit of the respondent . " 


ဟူသောစာကြောင်းတွင် "ensue "ကို "ensure "ဟုလက်နှိပ်စက်ရိုက်ရာတွင်ဖြစ်စေ၊ပုံနှိပ်ရာတွင်ဖြစ်စေမှားယွင်းဖော်ပြခြင်းဖြစ်သည်ဟုစာရေးသူယူဆပါသည်။


"Ensue "၏အဓိပ္ပာယ်မှာအကျိုးဆက်ဖြစ်ပေါ်သည်၊ရလဒ်ထွက်ပေါ်သည်ဟုမြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၄၅၀တွင်ဘာသာပြန်ပြီး chaos / panic ensued ဟုဥပမာပေးထားပါသည်။


သို့ဖြစ်ရာအချင်းဖြစ်စာပိုဒ်ကို"၎င်း၏ဇနီးဒေါ်သာနုအစုကိုအမွေဆက်ခံခြင်းဖြင့်နောက်ပိုင်း၌ဆိုင်ရေးဆိုင်ခွင့်ရရှိခြင်းသည်အယူခံတရားပြိုင်(အပိုင်ရသူမဖွားတင်ကိုဆိုလိုသည်)၏အကျိုးငှာဖြစ်ထွန်းစေပြီးအဆိုပါလယ်များတွင်ဒေါ်သာနုအစုနှင့်စပ်လျဉ်း၍လည်း၎င်း၏(မဖွားတင်၏)ဆိုင်ရေးဆိုင်ခွင့်ကိုပြီးပြည့်စုံစေသည်"ဟုဘာသာပြန်ပါမှချောမွေ့ပါမည်။ 


ensrue of the benefit of the respondent ဟုဆိုလျှင်အယူခံတရားပြိုင်၏အကျိုးအတွက်သေချာစေပြီးဟုဘာသာပြန်ရန်ဖြစ်ရာအဓိပ္ပာယ်ပေါ်လွင်ခြင်းမရှိပါ။


စီရင်ထုံးစာမျက်နှာ၃၄၁တွင်ကျမ်းတရပ်ပါဥပဒေသတရပ်ကိုကိုးကားဖော်ပြသည်-


" it is a well- known rule that a lessor or grantor cannot dispute , with his lessee or grantee , his own title to the land which has assumed to demise or convey ( 1 ) ( ထိုသူ ( ၎င်း ) ငှားရမ်း ( သို့မဟုတ် )လွှဲပြောင်းသည်ဟုယူဆရသောလယ်မြေ) Nor can a grantor derogate from his own grant ."


[ ( 1 ) Judgement in Leod Levy v. Home , 3 ( Q. B.) 757 at p. 766 , cited per Alderson , 3.in People Corporation v. Whitt , 15 M. and W.571 at P. 576(2) Shepp. Touchst , by Preston at P. 286 ]


ပေးကမ်းသူသည်မိမိပေးအပ်သောအရာကိုပြန်လည်ရုပ်သိမ်း၍မရ။


လက်တဖက်နှင့်ပေး၍ကျန်လက်တဖက်နှင့်ပြန်ယူခြင်းမပြုအပ်ဟူသောသဘောတရားနှင့်ဆက်စပ်ပြီးဦးဆိုင်ကပစ္စည်းကိုအပိုင်ပေးရာ၌မယား၏ဝေစုအထမမြောက်ဟုမဆိုသင့်။


မယားသေသောအခါထိုအစုကိုအမွေရခဲ့ခြင်းနှင့်ဆက်စပ်ဝေဖန်ခြင်းဖြစ်သည်။


ဤဥပဒေသဘောတရားအရဆိုပါက 1992 BLR ( F B ) 77အမှုတွင်သားများသည်ပစ္စည်းတရပ်လုံးကိုလက်ထိလက်ရောက်ရောင်းချပြီးကာမှ(မိခင်၏အစုကိုအမွေရပြီးနောက်)ရောင်းစဉ်ကထိုအစုကိုမပိုင်သေးဟုမဆိုနိုင်တော့။


ပုဒ်မ၄၃နှင့် 1949 BLR ( H C ) 338 ( D B )စီရင်ထုံးသည်အဖြေများဖြစ်သည်။


1949 BLR (HC)338(DB)စီရင်ချက်တွင်ထုံးပြုထားသောစီရင်ချက်မှာတရားမပထမအယူခံမှုတွင်ချမှတ်သောစီရင်ချက်ဖြစ်သည်။


အတ္တနောမတိမဟုတ်ဘဲအကိုးအကားဖြင့်ရေးသည်။


အရေးအသားတမူထူးခြားသည်ကိုတွေ့မြင်နိုင်ပါသည်။


စီရင်ချက်များကိုပုံသေတမျိုးတစားတည်းပုံသေကားကျပုံစံ ( stereotype )တမျိုးတည်းရေးခြင်းသည်စီရင်ချက်ရေးသူ၏ကျွမ်းကျင်မှုအားနည်းခြင်းကိုညွှန်ပြပါသည်။


( BBC အင်္ဂလိပ်သတင်းများ၌ကြားညှပ်၍ " Looking beyond the stereotype " ဟူသောဆော်ဩချက်ကိုသတိမူသင့်ပါသည်။)


ယခင်တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်စီရင်ချက်များတွင်စီရင်ချက်များကိုအမျိုးမျိုးအဖုံဖုံရေးကြသည်ကိုအတုခိုးသင့်ပါသည်။









Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ